Friday, March 22, 2013

တိုက်တွန်းနိုးဆော်ခြင်း

 



Don't Quit!  လက်မလျှော့နဲ
အောင်မြင်သူနဲ့ ရှုံးနိမ့်သူရဲ့ ကွာခြားချက်ကတော့ အစွမ်းအစ (talent) ကွာလို့မဟုတ်ပါဘူး၊ စိတ်ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ရတာပါ။
အာဗြဟံ လင်ကင်း Abraham Lincoln က ပြောဖူးတယ်။ " အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်တယ်။ အဲဒီ အကောင်းဆုံးကို အမြဲ လုပ်တယ်။ " သူ့စကားအတွက် အကောင်းဆုံး လက်တွေ့ ဥပမာကတော့ သူ့အသက်တာပါပဲ။ သူ့ဘဝ၊ သူ့အလုပ်အကြောင်း မှတ်တမ်းတင်ထားတာကို ဆင်ခြင်ကြည့်ပါ။
1831 – စီးပွါးပျက်၊
1832 – ဥပဒေပြုအမတ်နေရာ ဝင်အရွေးခံရာ - ရှုံး။
1833 – စီးပွါးထပ်ပျက်။
1834 – ဥပဒေပြုအမတ်အဖြစ် အရွေးခံရ။
1835 – ချစ်သူ သေဆုံး။
1836 –  စိတ်ဖေါက်ပြန်။
1838 – ပြောရေးဆိုခွင့်ရှိသူ ရာထူးနေရာ ဆုံးရှုံး။
1840 –  မဲပေးခွင့်ရှိသူနေရာ ရှုံးနိမ့်။
1843 –  ကွန်ဂရက်အမတ်နေရာ ရှုံးနိမ့်။
1846ကွန်ဂရက်၌ အရွေးခံရ။
1848ကွန်ဂရက်၌ ရှုံးနိမ့်။
1855 –  ဆီးနိတ်အမတ်အရာ ရှုံးနိမ့်။
1856ဒုသမ္မတ  နေရာ ရှုံးနိမ့်။
1858  –  ဆီးနိတ်အမတ်အရာ ရှုံးနိမ့် ။
1860 - သမ္မတ အဖြစ်  အရွေးခံရ။


မနီလာမှာ ကျင်းပတဲ့ မိုဟာမက် အလီနဲ့ ဂျိုးဖရေဇိယာ လက်ဝှေ့ပွဲဟာ "မနီလာက ကြောက်စရာပွဲကြီး" "the thrilla in Manila" လို့ လူသိများပါတယ်။ အလီ ခက်ခက်ခဲခဲ နိုင်တဲ့ပွဲပါ။ ပွဲအပြီးမှာ အလီက ဂျိုးဖရေဇိယာ ဟာ သူ့ကို ပြင်းပြင်းထန်ထန် ထိုးလွန်းလို့ လုံးလုံး ရှုံးပြီလို့ ခံစားခဲ့ရတယ်။ အားတောင်မရှိတော့ဘူး။
ပွဲရဲ့ အဆုံးပိုင်းမှာ သူ အရှုံးပေးလုနီးပါးဖြစ်နေပြီ။ အချီနဲနဲပဲ ကျန်ချိန်မှာ အလီက "တခါ ရေကုန်နွှဲဦးမှ " လို့ ပြောပါတယ်။ တနည်းပြောရရင် လက်လျှော့ဖို့ ငြင်းဆန်လိုက်တာပါ။ နောက်ဆုံးအချီတွေမှာ သူ အနိုင်ရတယ်။  
Dr. Bob Jones, Sr; ပြောဖူးတာက "လူတယောက်ရဲ့ ကိုယ်ကျင့်တရားကို စစ်တဲ့အရာကတော့ သူကို ရပ်ပစ်စေတဲ့ အရာပါပဲ။ " အားမလျှော့နဲ့။ လက်မလျှော့နဲ့။
တိုက်ခိုက်ရာမှာ ခွေးရဲ့ အရွယ်က အဓိက မကျဘူး။ ခွေးထဲမှာရှိတဲ့ ကိုက်ချင်တဲ့ စိတ်ကသာ အရေးကြီးတာပါ။        
 
 
 

 ရှုံးလို့ စိတ်မပျက်နဲ့


အရှုံးမကြုံပဲ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ နှစ်ခုက တခြားစီလို့ ထင်ရပေမယ့် အကြီးအကျယ် အောင်မြင်သူတွေဟာ အကြီးအကျယ် ရှုံးဖူးသူတွေပါ။ တခါမှ မရှုံးဖူးသူဟာ ဘာတခုမှ မကြိုးစားဖူးတဲ့သူပါ။ ကြိုးစားကြည့်လေလေ အရှုံးတွေ့လေလေပါ။ ရှုံးပါများတော့ ပညာပိုရလာတယ်။ သိတာလေးကို အသုံးချလိုက်တော့ ပိုအောင်မြင်လာတယ်။

Dr. Bob Jones, Sr; က " အရှုံးထဲက ရထားဘီးဆင်၊ အောင်မြင်မှုဆီ ခရီးနှင်။ "တဲ့။  " Make Chariot wheels out of your failure, and ride them to success."

အောင်မြင်မှုတွေထဲက ကျွန်တော် ပညာမရဖူးဘူး။ အရှုံးတွေထဲကပဲ ပညာရနေတာပါ။  အရှုံးဆိုတာ တိုးတက်ဖို့ လမ်းစ အခွင့်အရေးပဲ။ တခုမဖြစ်ရင် တခြားတခုကိုပြောင်းပြီး ကြိုးစားကြည့်။ ဒါလည်း အဆင်မပြေသေးရင် နောက်တခု ကြိုးစားကြည့်။ မကြာခင် အဖြေတွေ့လာမယ်။

Thomas Edison မီးသီးထွင်တုန်းက အကြိမ် ၇၀၀ ကြိုးစားတာတောင် မအောင်မြင်ဘူးတဲ့။ မိတ်ဆွေတယောက်က "Mr. Edison အကြိမ် ၇၀၀ မအောင်မြင်တာတောင် ဘာကြောင့် လက်မလျှော့တာလဲ" လို့ မေးလာတယ်။

"အကြိမ် ၇၀၀ မအောင်မြင်တာမဟုတ်ဘူး။ မီးသီးမဖြစ်နိုင်တဲ့နည်း ၇၀၀ ရှာတွေ့တာပါ။" လို့ Edison က ပြန်ဖြေတယ်။ သူဟာ မီးသီးအပါအဝင် ဒီနေ့ခေတ် ကျွန်တော်တို့ ကောင်းစားဖို့ တီထွင်မှုပေါင်း တထောင့်တရာကျော်ကို လုပ်ဆောင်ခဲ့သူပါ။

စက်ဘီးစီးသင်တာကို မှတ်မိသလား။ အစမှာ ကောင်းကောင်းစီးတတ်သလား။ ဘယ်ရမလဲ။ တခြားသူတွေလိုပဲ လဲကျမှာပေါ့။ ကျွန်တော်လိုသာဆို မသက်သာလှဘူး။ ဒါပေမယ့် စီးတတ်ချင်တာကိုး။ ထပ်ကြိုးစားရတာပေါ့။ ခဏခဏ လဲတယ်။ နောက်ဆုံးမှ ကိုယ်ကိုထိန်းတတ်လာတဲ့အခါ မလဲတော့ပဲ အဝေးကြီးအထိ စီးတတ်သွားပြီ။

နောက်ကျတော့ လက်ကိုင်တောင် မကိုင်ပဲ၊ စီးချင်ရာ စီးနိုင်ပြီ။ အရှုံးတိုင်းဟာ အတွေ့အကြုံတခုကိုသင်ယူရတာပါ။  မရှုံးဖူးရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။

ဒါကြောင့် ရှုံးလို့ စိတ်မပျက်နဲ့။ အရှုံးဆိုတာ အောင်မြင်မှုကို ဖြစ်စေမယ့် အထောက်အကူ instrument တခုပါ။
 

No comments:

Post a Comment

ငါအချိန်တိုင်းစဉ်စားနေတာ....
မင်းရဲ့အကြောင်းတွေ......
အိပ်မရတဲ့ငါရဲ့အမှောင်ညတွေမှာ
မင်းပုံရိပ်တွေနဲ့ပဲငါအဖေါ်ပြုနေခဲ့တာ...
ခံစားဖို့သက်သက်ကြီးပဲလား...
နင်ပျော်မြူးနေတဲ့အချိန်လေးတွေကိုငါမြင်တိုင်း.....
ငါရင်ထဲမှာအရာရာကိုမေ့ပျောက်သွားတယ်..
နင်စိတ်ညစ်နေတဲ့အခိုက်မှာ
ငါအရာအားလုံးနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားတယ်
ဒါမဖြစ်သင့်ဘူလို့ထင်ပေမဲ့
ငါစိတ်ကမင်းရဲ့ဆီမှာအမြဲရောက်နေခဲ့တာ....
ဘာတတ်နိုင်မလဲ..အရာအားလုံးနဲ့ငါ.......
ဆန့်ကျင့်ပြီးနေနိုင်တယ်......
ဒါပေမဲ့မင်း၇ဲ့အပြုံးတွေဝေးမှာကိုတော့
ငါအရမ်းကြောက်တယ် ချစ်သူရယ----
အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်
ဆိုပေမဲ့ ငါ့ရင်ထဲမှာ
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ
ချစ်သူရယ်....

မင်းရဲ့ ရယ်မော လှောင်ရီသံတွေ
ကြားမှာ ငါဟာ ကျိန်စာသင့်နေတဲ့
သူတစ်ယောက်လို ဆွံအခဲ့ရတယ်
ချစ်သူ................

တခြားရင်ခွင်မှာ ပျော်နေတဲ့မင်းကို
ငါက မင်းပျော်နေလားလို့
မေးတော့ ဒီလိုပါပဲလို့ မင်းပြောခဲ့တယ်နော်
အခု သစ္စာမရှိတဲ့မင်းကို
စောင့်မျှော်နေတဲ့ငါ့အတွက် ဘယ်သူ့ကို မေးမေး
ငါ့ ကို အရူးလို့ပဲ ပြောကြမှာပါပဲ
ချစ်သူရယ်..........

နောက်ဆုံး ငါ့အပေါ်အနစ်နာခံတဲ့
ချစ်သူတစ်ယောက်ကို ငါရခဲ့ပါတယ်
ငါ့ရဲ့ တန်ပြန်တဲ့ သက်ရောက်မှုကို
ငါ ခံစားရတယ်လို့ပဲ ငါသတ်မှတ်ပါတယ်
ချစ်သူ......

အဲဒီအချိန်မှာပဲ မင်းငါ့ကို
ပြန်ဆက်သွယ်လာတယ်....
ငါမေးခဲ့သလိုပဲ မင်းငါ့ကိုမေးလာတယ်
မင်းပျော်နေလားတဲ့
ငါမင်းကို ပြန်ဖြေခဲ့တယ်
" ဒီလိုပါပဲ" လို့.............................

အရာအားလုံးဟာ တစ်ကယ်ပဲ
ပြီးဆုံးသွားခဲ့ပါပြီ......ချစ်သူရယ်....
မင်းနဲ့ ငါ ဟာ အဝေးဆုံးကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီပဲ ချစ်သူ...............................................