Tuesday, March 19, 2013

အကျင့်တရား

အပြစ်တရား၏ အကျိုးဆက်များ 

က. ဘုရားနှင့်လူအဆက်ပြတ်ခြင်း
ကမ္ဘာဦးလူသားအာဒံ၏ ဘုရားစကားနားမထောင်မှုကြောင့် အာဒံမှဆင်းသက်လာသော လူသားတိုင်းဘုရား နှင့်အဆက်ပြတ်ခဲ့ရပါသည်။ လူသည်ဘုရားနှင့်အဆက်ပြတ်ကာ မွေးဖွါးလာကြခြင်းကြောင့် ဘုရားကိုမသိပါ။ သို့သော် လူသည် ဘုရားထံမှ ဆင်းသက် လာပြီး လူ့အတွင်းမှ ဝိညာဉ်ရှိခြင်းကြောင့် ဘုရားကို ကိုးကွယ်လိုစိတ်ရှိကြခြင်း ဖြစ်ပါသည်။ ဝိညာဉ်ဆိုသည်မှာ ဝိ= အထူး နှင့် ညာဉ်= သိခြင်းတို့ပေါင်းစပ် ထားပြီး ထိုအထူးသိခြင်းဆိုသည်က ဘုရားကိုကိုးကွယ်လိုခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့်ယနေ့ ကမ္ဘာပေါ်တွင် လူတို့က ဘုရားဟုသတ်မှတ် ကိုးကွယ်ကြသောအရှင်ပေါင်း မြောက်များ စွာရှိနေပါသည်။ သို့သော် စစ်မှန်သောဘုရားကတော့ တစ်ဆူတည်းရှိပါသည်။

ခ. ခန္ဓာနှင့်ဝိညာဉ်အဆက်ပြတ်ခြင်း
လူသားတိုင်းတစ်နေ့သေကြရမည်ဖြစ်ပါသည်း။ ဘုရားကလူကို သူ၏သဏ္ဍာန်တော် နှင့်အညီ ဖန်ဆင်းထားသည်ဟု ဆိုခြင်းကြောင့် ဘုရားသည်နာမ်ဝိညာဉ်ဖြစ်သလို လူသည်လည်း နာမ်ဝိညာဉ်ဖြစ်ပါသည်။ ခန္ဓာသည် ဝိညာဉ်ခေတ္တကျိန်းဝပ်ရာ အခွံသာဖြစ်ပြီး ကျမ်းစာကဆိုထားသည့်အတိုင်း မြေကြီးမှလာသော ထိုခန္ဓာသည် မြေကြီးသို့သာ ပြန်သွားရမည်ဖြစ်ပါသည်။ သို့သော် ဝိညာဉ်ကတော့ ထာဝရဘုရားထံမှ လာ၍ ထာဝရတည်မြဲပါသည်။ လူအစစ်အမှန်ဆိုသည်မှာ လူ့ခန္ဓာအတွင်းမှ ဝိညာဉ်ဖြစ် ပါသည်။ လမ်းသွားရင်းဖိနပ် ပြတ်သွားပါက နီးရာအိမ်တွင်အကူအညီ တောင်းခံကာ ခေတ္တထားခဲ့ပြီး အပြန်မှ ဝင်ယူမည်ဆိုလျှင် အိမ်တိုင်း လက်ခံနိုင်သော်လည်း လမ်းသွား ရင်းမတော်တဆသေသွားသောလူသေကို နီးရာအိမ်တွင်ခေတ္တထားခွင့်ပြုပါ ဆိုလျှင် မည်သည့်အိမ်မှ လက်ခံမည်မဟုတ်ပါ။ ဝိညာဉ်ထွက်ခွါသွားသောလူ့ခန္ဓာသည် ဖိနပ်လောက်မျှပင် တန်ဘိုးမရှိတော့ပါ။  လူသည်မနက်ဖန်ကိုအမှီပြု၍မဝါကြွားရ၊ တစ်နေ့ ခြင်းပင်အဘယ်ကဲ့သို့ဖြစ်မည်ကို မသိနိုင်။ သေခြင်း တရားသည်အရွယ် မရွေးပါ။ ထို့ပြင် လူ့ဘဝသည် သင်္ချိုင်းတွင်သာ ပြီးဆုံးသွားလိမ့် မည်မဟုတ်ပါ။

ဂ. ဘုရားနှင့် လူ ထာဝရအဆက်ပြတ်ခြင်း
လူသည်တစ်ခါတည်းသေ၍ထို့နောက်မှတရားစီရင် ခြင်းခံရပါလိမ့်မည်။ တစ်နေ့ လူသားတိုင်း ယေရှုခရစ်တော်ဘုရား၏ တရားပလ္လင်ရှေ့သို့ရောက်ရကြမည်ဖြစ်ကြောင်း သမ္မာကျမ်းစာကဆိုထားပါသည်။ ယေရှုဘုရားကိုယ်တော်တိုင်ကလည်း သေခြင်းမှ ရှင်ပြန် ထမြောက်ပြီး မြေကြီးပေါ်၌၄င်း ကောင်းကင်ပေါ်၌၄င်း စီရင်ပိုင်သော အခွင့် တန်ခိုးရှိသမျှကို ငါခံရပြီဟု မိန့်ဆိုခဲ့ပါသည်။ထို့ကြောင့် ယေရှုကို ယုံကြည်လက်ခံ ခြင်းမရှိပါက ငရဲသို့သွားရမည်ဖြစ်ပြီး ဘုရားနှင့် ထာဝရ ခွဲခွါရပါလိမ့်မည်။
( က ၁း၂၇၊ က ၂း၁၇၊ က ၃း၆၊ က ၆း၅-၆၊ ၁ယော ၃း၎၊ ရော ၅း၁၂၊ ရော ၆း၂၃၊ ရော ၃း၂၃၊ ရော ၉း၂၀၊ ရော ၁၃း၁၃၊ ရော ၂း၁၂၊ ယာကုပ် ၄း၁၇၊ ၁ယော ၃း၈၊ မ ၅း၂၈၊)
၂. ပညတ်တရား
ပညတ်တရားသည်မောရှေအားဖြင့် ဤကမ္ဘာလောကသို့ ဝင်ရောက် လာပြီး ထိုပညတ်တရားအားဖြင့် လူတိုင်းမှာ အပြစ်ရှိကြောင်းကိုသိရ ပါသည်။
သမ္မာကျမ်းစာတွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ပညတ်၊ အုပ်ချုပ်စီမံရေး ဆိုင်ရာပညတ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ် ဟူ၍ ဆောင်ရန် ရှောင်ရန်အချက် (၆၁၃) ချက်ရှိပါသည်။ ပညတ်တို့သည်အကုန်အစင်အချိန်တိုင်း ကျင့်ရမည်ဖြစ်ပြီး တစ်ချက်ကျူးလွန် မိပါက အလုံးစုံတို့ကို လွန်ကျူးရာသို့ရောက်ပါသည်။ ဥပမာ၊ စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးထွက်သော်လည်း တစ်ဘာသာကျက စာမေးပွဲကျ ပါသည်။
မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်ဟု ကျမ်းစာက ဆိုထားသကဲ့သို့ အပြစ်သားဖြစ်သော လူသားတိုင်းတို့သည် မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ သွန်သင်မှုအတိုင်း ကောင်းမှုကုသိုလ်နှင့် အကျင့်သီလတို့ကို ကြိုးစားကျင့်ကြံ အားထုတ်ကြပါသော်လည်း စံချိန်မှီအောင် ကျင့်နိုင်သော လူသား တစ်ဦးယောက်မျှ လောကတွင်မပေါ်မရှိသေးပါ။ ထို့ကြောင့် ကောင်းမှုကုသိုလ်နှင့် အကျင့်သီလတို့ကို ကြိုးစားကျင့်ကြံ အားထုတ်သူဖြစ်စေ၊ ကြိုးစား အားထုတ်မှု မရှိသောသူဖြစ်စေ ထိုကောင်းမှုတို့ဖြင့် အပြစ်မှလွတ်နိုင်ခြင်းငှါမတတ်စွမ်းနိုင်ကြပါ။ အပြစ်သားများသာ ဖြစ်ကြပါသည်။ ဥပမာ ကောင်းရာဘုံသို့ ရောက်ရှိဖို့ မိမိကိုယ်ပိုင်အရည်အချင်းတို့ဖြင့် ကြိုးစားအားထုတ်သူသည် သမုဒ္ဒရာ၏တစ်ဖက် ကမ်းသို့ လက်ပြစ်ကူးပြီးသွားဖို့ကြိုးစားသူနှင့် တူပါသည်။ လူအချို့က မီတာတစ်ရာ ကူးနိုင်မည်ဖြစ်ပြီး လူအချို့က မီတာငါးရာထိကူးနိုင်သည့်တိုင် မည်သူတစ်ဦး တစ်ယောက်မျှ တစ်ဖက်ကမ်းသို့ ရောက်နိုင်ကြမည်မဟုတ်ပါ။ ကောင်းမှုကုသိုလ်မလုပ်ရ ဟု မဆိုလိုပါ၊ ထိုအပိုင်းက ‘ဒုတိယပိုင်းဖြစ်ပါသည်။
သမ္မာကျမ်းစာက ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ် ရာသို့မရောက်နိုင်၊ ပြုဘူးသမျှသော ကောင်းမှုကုသိုလ် တို့သည်လည်း ဘုရားရှေ့တွင် ညစ်သောအဝတ်နှင့်သာတူပါ၏ဟု ဆိုထားပါသည်။ ကောင်းမှုကုသိုလ်အကျင့် သီလတို့ဖြင့် ဖြောင့်မတ်ရာသို့ရောက်ဖို့ သန့်ရှင်းသောဘုရားရှေ့တွင် ကြိုးစားအားထုတ် နေသူသည် ဥပမာ- အနူအစိုလက်နှင့်သုပ်သော လ္ဘက်သုပ်နှင့်တူပါသည်။ လ္ဘက်သုပ်မှာ အလွန်ကောင်းပါသော်လည်း သုပ်သောလက်က နူနေခြင်းကြောင့် သန့်ရှင်းခြင်းမရှိပါ။
 

ကွဲပြားသော ကျေးဇူးတရား

ကျေးဇူးတရား
ကျေးဇူးတရားသည် ယေရှုအားဖြင့် ဤကမ္ဘာလောက သို့ဝင်ရောက် လာပြီး ယေရှုကိုလက်ခံယုံကြည်သောသူအပေါင်း အပြစ်မှ လွှတ်ခြင်းအခွင့် နှင့် အပယ်ငရဲမှလွတ်မြောက်ခွင့်ကိုရကြပါသည်။
သမ္မာကျမ်းစာတော်မြတ်တွင် လူသားတိုင်းတို့သည် အပြစ်နည်းသည်နှင့် များသည်သာကွာကြပြီး ဘုရားရှေ့တွင် အပြစ်သားများသာ ဖြစ်ကြပါသည်။ ထိုအပြစ် အတွက်လူသားတိုင်း ငရဲသို့ရောက်ရမည်ဖြစ်သော်လည်း လူအချို့ကတော့ အပယ်ငရဲမှ လွတ်ခွင့်ကို ရကြပါသည်။ ထိုလူနှစ်မျိုးတို့ကတော့ မိမိရဲ့ ကုသိုလ်ကောင်းမှုကို အမှီပြုသူနှင့် ဘုရားက လူတို့အတွက် ပြုပေးသော ကုသိုလ် ကောင်းမှုကို  လက်ခံခြင်း လက်မခံခြင်းအပေါ်တွင်သာမူတည်ပါသည်။
လူသားနှင့် သန့်ရှင်းသောဘုရားအကြားတွင် အပြစ်ဆိုသောတန်တိုင်းကြီးက ခြားထားပြီး ပညတ်တရား၏အကျင့်အားဖြင့်လည်း ထိုအပြစ်ကြွေးတို့ကို မဆပ်နိုင် ကြပါ။ လူ၏ဝိညာဉ်သည်လည်း စကြာဝဠာထက်မက တန်ဘိုးရှိပြီး ထိုဝိညာဉ်၏ တန်ဘိုးကို ဘုရားသခင်အား ပေးနိုင်ခြင်းငှါလည်း မတတ်စွမ်းနိုင်ကြပါ။
လူသားတိုင်းကောင်းရာသို့ရောက်ဖို့လူ့အပိုင်းမှဘာမျှမတတ် နိုင်ပါ၊ ဘာမျှလည်းမလုပ်နိုင်ကြပါ။ ဘုရားကသာ လျှင်တတ်နိုင်ပြီး၊ ဘုရား ကသာလျှင် ပြုလုပ်ပေးနိုင်သောအပိုင်းဖြစ်ပါသည်။
ဘုရား ကပြုပေးသောအမှုကို လူ့ဖက်မှ လက်ခံယုံကြည်ရန်သာ ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း လူမတတ်နိုင်သောအမှုကို ဘုရားတတ်နိုင်သည်ဟု မိန့်ဆိုခဲ့ပါသည်။ တပည့်များမဖြေနိုင်သောစာမေးပွဲ မေးခွန်းကို ထုတ်သောဆရာသမား ကောင်းဟူသည် လောကတွင်ရှိပါမည်လား။ ထိုနည်းတူ လူသားတိုင်းကောင်းရာဘုံသို့ ရောက်ဖို့ လူသားတိုင်းကျင့်ကြံအားထုတ်နိုင်ခြင်းငှါ မတတ်စွမ်းနိုင်သော ပညတ်ချက်တို့ဖြင့် ကြိုးစားအားထုတ်ကာ ငါ့ထံသို့လာကြပါဟု ဘုရားကဆိုလျှင် ထိုဘုရားသည် တရားပါမည်လား။
လူသားတိုင်းပညတ်တရား၏ အကျင့်အားဖြင့် သန့်ရှင်းသောဘုရားထံသို့ ရောက်နိုင်ပါက မောရှေအားဖြင့် ဘုရားက ပေးထားသော ပညတ်တို့ကို ကြိုးစားကျင့်ကြံအားထုတ်ကာ ငါ့ထံသို့လာကြပါဟု ဘုရားက ဆိုပေလိမ့်မည်။ ဘုရားက လူသားအားလုံး၏ အပြစ်အတွက် လောကသို့ ကြွလာပြီး အသေခံပေးရန် မလိုတော့ပါ။ ပညတ်တရား၏ အကျင့်အားဖြင့် လူသားတိုင်းကောင်းရာဘုံသို့ ရောက်နိုင်ပါက ယေရှုဘုရား ကားတိုင်ထက်တွင်အသေခံခြင်းသည် အချည်းနှီးပင် ဖြစ်ပါသည်။
တရားရုံးတွင် စီရင်ချက်ချရာ၌လွတ်စေနှင့် ပြစ်ဒဏ်ကျခံစေနှစ်မျိုးသာ ရှိပါသည်။ လူတို့သည်အပြစ်ရှိသည့်အတွက် အပြစ်ဒဏ်ကို ခံရမည်ဖြစ်ပြီး၊ အပြစ်ဒဏ်ခံပြီးပါမှ အပြစ်မှ လွှတ်ခြင်း အခွင့်ကို ရကြမည်ဖြစ်ပေသည်။ အပြစ်တရား ၏အခကား သေခြင်းပေတည်း။ အပြစ်သားသုံးဦးရှိပါသည်။ ပထမတစ်ဦးမှာ အာဒံ ဖြစ်ပြီး ဒ‘ုတိယတစ်ဦးမှာ အာဒံမှဆင်းသက်လာသော ကျွန်ုပ်ဖြစ်ပါသည်။ တတိယ အပြစ်သားတစ်ဦးမှာ ယေရှုဖြစ်ပြီး ယေရှုသည် ကျွန်ုပ်အတွက်အပြစ်သားဖြစ်ရကာ ကားတိုင်ထက်တွင်စီရင်ခြင်းခံခဲ့ရပါသည်။
ယေရှုဘုရားသည် ငါတို့အပြစ် အတွက်ကြောင့် အသေခံတော်မူ၏။ သဂြိုလ်ပြီးမှ ကျမ်းစာလာသည့် အတိုင်း သုံးရက်မြောက်သောနေ့တွင် ရှင်ပြန် ထမြောက်တော်မူ၏။ ဘုရားကလူသားတိုင်းအတွက်ပြုပေးခဲ့သော ထိုကောင်းမှုကို လက်ခံယုံကြည်ပါက သင်သည် ယေရှုအားဖြင့် အပြစ်မှလွတ်လျက် အပြစ်သားမှ ဘုရားသား ဖြစ်ခွင့်ကိုပြန်ရမည်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်ပေး ဆောင်ခြင်းငှါ မတတ်စွမ်းနိုင်သောအပြစ်ကြွေးအားလုံးတို့ကို ယေရှုဘုရားက ဆောင်ယူလျက် ပေးဆပ်ခဲ့ပြီးဖြစ်၍ ကားတိုင်ထက်တွင် ယေရှုက အမှုပြီးပြီ ဟူသောစကားကြီးကို မိန့်ဆိုခဲ့ပါသည်။ သင်သည်ယေရှုကို လက်ခံယုံကြည်လိုက် သောအခါ သင်၏ပြစ်မှုအားလုံး ယေရှုအားဖြင့် ပေးဆပ်ပြီးသွားပြီဖြစ်သကဲ့သို့ သင်လားရမည့်အပယ်တံခါးလည်း ပိတ်သွားပြီဖြစ်ပါသည်။
ထာဝရအသက်သည် အလွန်တန်ဘိုးကြီးပါသော်လည်း ဘုရားက လူသားတိုင်းအား အခမဲ့ လက်ဆောင်အဖြစ်ပေးနေပါသည်။ လူသားတိုင်းကောင်းရာ သို့ရောက်ဖို့ရန် ဘုရားကလူသားများ ပေးခြင်းငှါမတတ်စွမ်းနိုင်သော ကောင်းမှုကုသိုလ် နှင့် အကျင့်သီလတို့ကို မတောင်းခံပါ။  လူတိုင်းက ဘုရားကို ပေးခြင်းငှါ တတ်စွမ်းနိုင် သော ယုံကြည်ခြင်းတစ်ခုတည်းကိုသာ တောင်းခံပါသည်။
လူအချို့က ယေရှုသည် လူသားတိုင်း၏ အပြစ်ြွေကးအတွက် ကားတိုင် ထက်တွင် ပေးဆပ်ခဲ့ပြီးဖြစ်၍ ယေရှုကို လက်ခံယုံကြည် သူဖြစ်စေ လက်မခံသောသူ ဖြစ်စေ အားလုံး အပယ်ငရဲမှ လွတ်ခွင့်ကိုရကြပြီဟု ဆိုကြပါသည်။ တရားရုံးတွင် သင်မပေးနိုင်သည့် ဒဏ်ကြေးအတွက် သင့်လုပ်ငန်းရှင်ကကိုယ်စား ပေးဆောင်ပေးပါ သော်လည်း သင့်အပိုင်းမှ လုပ်ငန်းရှင်က လုပ်ဆောင်ပေးသောထိုအမှုကို လက်ခံယုံကြည် ပါကြောင်း ဝန်ခံဖို့တော့ လိုအပ်ပါသည်။ သင့်ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဘုရားက ဘာတစ်ခုမျှ လုပ်မည်မဟုတ်ပါ။  သင်သည် ဤလောကကြီး သို့ သင့်ရဲ့ ရွေးချယ်ခွင့်မရှိပါဘဲ အပြစ်သား အဖြစ်ရောက်ရှိလာခဲ့ရသလို သင်၏ကြိုးစား လုပ်ဆောင်မှု ဘာတစ်ခုမျှ မပါ ပါဘဲ ဘုရားက ကယ်တင် ပေးခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသည် တရားပါသည်။
လက်ဝါးကပ်တိုင်တော်သည် ထာဝရဘုရား၏ လူသားတို့အပေါ်ထားသော အနက်ရှိုင်းဆုံးသော ချစ်မေတ္တာကို ဖေါ်ပြလိုက်ခြင်း ပင်ဖြစ်ပါသည်။ ကားတိုင်ထက်တွင် လက်နှစ်ဖက်ကိုဘေးသို့ဆန့်ထားသော ယေရှု၏ပုံတော်မှာ လူသားများကို အလွန်ချစ်သည်ဟူသော သင်္ကေတ နှင့် သင်ခံရမည့်ပြစ်ဒဏ် ဤ်မျှကြီးမားသည်ဟူ၍ ဖြစ်ပါသည်။ ထပ်ပြောပါရစေ၊ ဘုရားသည်တရားပါသည်။ ထိုအပင်၏ အသီးကို စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု ပညတ်ခဲ့သည်မှာ ဘုရားဖြစ်ပြီး ထိုစီရင်ချက် ကိုကျခံခဲ့သူမှာလည်းဘုရားပဲဖြစ် ပါသည်။ လူတို့က မစားရဟူသောပညတ်ကို ချိုးဖောက်သောအခါ သေရမည်ဟူသော စီရင်ချက်ကို ဘုရားဖက်မှ ပြင်၍မရပါ။ အကြောင်း မှာ ဘုရားသည် မနေ့ယနေ့နောင်ကာလ ပြောင်းလဲခြင်းမရှိသောကြောင့် ဖြစ်ပါသည်။ လူတို့ကို ကမ္ဘာမြေမှရုတ်သိမ်းလိုက် ပြန်ကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရဟုကောင်းချီးပေးထားသည့်အတွက် ရုတ်သိမ်း၍လည်း မရပါ။ ထို့ကြောင့်လူကို ဖန်ဆင်းမိသည့် အတွက် ဘုရားသခင်သည် နောင်တရ၍နှလုံး တော်ပူပန်ခဲ့ကြောင်း ဖေါ်ပြထားပါသည်။ ဘုရားသခင်၏နောင်တဆိုသည်မှာ အမှားလုပ်မိ၍ နောင်တရခြင်းမျိုးမဟုတ်ပါ။ ချစ်ခြင်းမေတ္တာဟု အမည်ရသော ဘုရားသခင်သည် လူသားတို့ကိုယ်စား ပူဆွေးဝမ်းနည်းခြင်းသာဖြစ်ပါသည်။
လူတို့တွင်ဖြစ်တတ်သော ကိုယ်ခန္ဓာရှိရောဂါတို့သည် နောက်ဆုံးလူကို သေစေ၍ သချိုင်းသို့သာ ပို့နိုင်သော်လည်း လူ့အတွင်းရှိ အပြစ်ရောဂါ မူကား သေပြီးနောက် ငရဲသို့ရောက်စေနိုင်ပါသည်။ထိုတရားသုံးပါးကို နောက်ဥပမာ တစ်ခုအနေနှင့်ဖေါ်ပြရလျှင် အပြစ်တရား သည် လူတို့၏ရောဂါနှင့်တူပြီး၊ ပညတ်တရားသည် လူတို့၏ ရောဂါကိုဖေါ်ပြပေးသော “ဓါတ်မှန် နှင့်တူပါသည်။ ထိုရောဂါကို ဓါတ်မှန်က မဖယ်ရှားပေးနိုင်ပါ။ သက်ဆိုင်ရာ ရောဂါ၏ အထူးကု ဆရာဝန် ကသာ ဖယ်ရှားပေးနိုင်လို့ ရောဂါကိုဖယ်ရှားပေးသော ဆရာဝန်က ကျေးဇူး တရားနှင့်တူပါသည်။ လောကတွင် ဘုရားများ အရှင်များ များစွာပေါ်ထွန်းခဲ့သော်လည်း အပြစ်တရား၏အခ သေခြင်းတည်း ဟူသော ရောဂါကို ကုစားပေးခဲ့သောအရှင်က ယေရှုဘုရား တစ်ပါးတည်းသာလျှင်ဖြစ်ပါသည်။
ဘာသာတရားက လူကို ကြိုးစားကျင့်ကြံအားထုတ်ခိုင်းသော တရားဖြစ်ပြီး ထိုသူကိုပင်ပန်းစေကာ တမလွန်အတွက်လည်း တိကျ သောအဖြေကိုမပေးနိုင်သည့် စိတ်မောလူပန်းစေသောတရားဖြစ်ပါသည်။ ကျေးဇူးတရားက တိကျသော အဖြေရှိကာ ယခုဘဝနှင့် နောင်ဘဝအတွက် ချမ်းသာရာကို အမှန်ရစေသော တရားဖြစ်ပါသည်။ မိဘကျေးဇူးကို မသိသောသူသည် သားသမီးမိုက်ဖြစ်ပြီး ဆရာ့ကျေးဇူးကို မသိသော သူသည် တပည့်မိုက်ဖြစ်ပါသည်။ ထိုအထဲမှ ဘုရား၏ ကျေးဇူးတော်ကို မသိသောသူ၊ ငြင်းဆန်သောသူ မည်သည်ကား လူမိုက်ဖြစ်ပါသည်။
လူကို ရှာဖွေစိစစ်ကြည့်ပါက အပြစ် ကို တွေ့ရမည်ဖြစ်ပြီး ဘာသာတရားကို ရှာဖွေစိစစ်ကြည့်ပါက အကျင့်တရားကို တွေ့ရပေလိမ့်မည်။ ဘုရားကို ရှာဖွေစိစစ် ကြည့်ပါက ချစ်ခြင်းမေတ္တာကို တွေ့ရပါလိမ့်မည်။ ချစ်ခြင်းမေတ္တာ၏ အရှင်ကို သင်မရရှိသေးပါက ဘာသာတရား၏အောက်တွင် စံချိန်မမှီသောအကျင့်တရားများနှင့် အပြစ်တရား၌သာ ဆုံရှုံးခြင်းသို့ရောက်ရပါလိမ့်မည်။ ဆင်သေကို ဆိတ်သားရေးနှင့် ဖုံးအုပ်လို့မရသကဲ့သို့ အပြစ်တရားကို ဘာသာတရား၏ အကျင့်တရားများအားဖြင့် ဖုံးအုပ်၍မရနိုင်ပါ။
ယေရှုဘုရားသည် လူများ အကျွတ်တရားရရန် တရားကို ပေးခဲ့သည့် အရှင်သာမက ကားတိုင်ထက်တွင် အသက်ပေးခဲ့သော အရှင်ဖြစ်ပါသည်။ အဘယ် ကဲ့သို့ကျင့်ရမည်ဟု တရားကိုပြခြင်းထက် လူတို့ကို အဘယ်မျှလောက် ချစ်ကြောင်းကိုပြ ခဲ့သောအရှင်လည်း ဖြစ်ပါသည်။ ယေရှုသည်ဘာသာတရားထက် ကျေးဇူးတရားကို တည်ထောင်ခဲ့သောအရှင်ဖြစ်၏။ ဘာသာတရားက အပါယ်တံခါးကို မပိတ် နိုင်သော်လည်း ယေရှုဘုရားက ယုံကြည်သူတိုင်းအတွက် အပါယ်တံခါးကိုပိတ် စေခဲ့ပြီးဖြစ်ပါသည်။
ပညတ်တရားခေါ် ဘာသာသာတရားသည် အမှုဖွင့်သော တရားနှင့်တူပြီး ကျေးဇူးတရားခေါ်ယေရှုဘုရားသည် လူတို့အတွက် တစ်ခု တည်းသော အမှုပိတ်သော တရား ဖြစ်ပါသည်။ ထို့ကြောင့် ယေရှုကားတိုင်ထက်တွင် နောက်ဆုံးပြောခဲ့သော စကားကြီးတစ်ခွန်းမှာ အမှုပြီးပြီ (သင့်အတွက် အပါယ်တံခါးပိတ်ပြီ) ဟူ၍ ဖြစ်ပါသည်။ ထိုအမှုပြီးပြီဟူသောစကားကို ပေးချေပြီးသွားပြီ ဟုလည်း အဓိပ္ပါယ်ဖွင့် ဆိုနိုင်ပါသည်။ ပေးချေပြီး သောအရာအတွက် သင်အဖိုးအခထပ်ပေးစရာမလိုတော့ပါ၊ သင့်အပိုင်းမှရယူရန်သာ ဖြစ်ပါသည်။ ထိုက်တန်လို့ ရခြင်းမဟုတ်ပါ၊ ဘုရားပြုပေးသော ကျေးဇူးတော်ကြောင့်ရခြင်းဖြစ်၍ ကျေးဇူးတရားဟု ခေါ်ခြင်းဖြစ်ပါသည်။ သင်အသက် ရှင်စဉ် ဘယ်တရားလမ်းကို ရွေးချယ် မည်နည်း?
ကယ်တင်ခြင်းဆုကျေးဇူးကို ရရှိခြင်းသည် ကျွန်ုပ်တို့ကောင်း၍မဟုတ်ပါဘဲ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကြိုးစားကျင့်ကြံ အားထုတ်မှုကြောင့်ရရှိသော ဆု မဟုတ်ပါဘဲ ဘုရားသခင်၏ လုပ်ဆောင်ပေးမှု ကြောင့်ရသော လက်ဆောင် ဖြစ်ပါသည်။ ဘုရားက ကျွန်ုပ်တို့၏ ကျင့်ကြံကြိုးစား အားထုတ်မှုကို ကြိုက်နှစ်သက်၍အပါယ်ငရဲမှ ရွေးနုတ်ကယ်တင်ခဲ့ခြင်း မဟုတ်ပါဘဲ ဘုရားက ချစ်၍ အသက်ပေးကယ်တင်ခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသည် အပြစ်ကို ရွံမုန်းသော်လည်း အပြစ်သားများဖြစ်သည့် ကျွန်ုပ်တို့ကို ချစ်၍ အပြစ်တရား၏အခ သေခြင်းအတွက် ကိုယ်စားခံပေးဆပ်ခဲ့ခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့နှင့် မထိုက်တန်သော ကောင်းကင်ဘုံတွင် နေရာတစ်နေရာရဖို့ ကျွန်ုပ်တို့နှင့်ထိုက်တန်သော လက်ဝါးကားတိုင်ပေါ်သို့ ယေရှုဘုရားသည် အစားထိုး နေရာယူပေး ခဲ့ပြီးဖြစ်ပါသည်။ မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်ဟု ကျမ်းစာက ဆိုထားပါသည်။ ထို့ကြောင့် ယေရှုသည် ကျွန်ုပ်တို့အား အပြစ်မှကယ်ချွတ်လျက် ကယ်တင်သည့်သူ ဖြစ်ပြီး ကျွန်ုပ်တို့သည် ယေရှုအားဖြင့် အပြစ်မှ(ငရဲ) ကယ်တင်ခြင်း ခံရသူကောင်းကင် နိုင်ငံသားများ ဖြစ်ကြပါသည်။ ဟာလေလုယာ။
(မ ၁း၂၁၊ ရော ၅း၁၅၊ ရော ၅း၈၊ ၁ယော ၁း၇၊ ဧ ၂း၈၊ ယော ၅း၂၄)

ဒီလိုဆို ယေရှုကိုလက်ခံယုံကြည်ပြီးလျှင် ကိုယ်ကြိုက် တာလုပ်လို့ ရပါသလား?
ဖာရိရှဲနှင့် ကျမ်းပြုဆရာ တို့သည် ဆောင်ရန်ရှောင်ရန်ပညတ် (၆၁၃) ချက်ကိုကျင့်နိုင် သောသူများဖြစ်ကြပါသည်။ ယေရှုက သင်တို့ အကျင့်သည်ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့ ကျင့်သော အကျင့်ထက်မသာလွန်လျှင်ကောင်းကင်နိုင်ငံတော်သို့ မဝင်ရဟုမိန့်ဆို ခဲ့ပါသည်။
 

ကောင်းမှုကုသိလု

ကောင်းတာလုပ်ရင် ကောင်းရာသို့ရောက်လိမ့်မည် မဟုတ်ပါလား?
ကောင်းမှုတစ်ခုနေ့စဉ်ပြုဟု လူတို့ဆိုရိုးစကားရှိသော်လည်း ၊ လက်တွေ့မှာမူ မလုပ်နိုင်သည့်အပြင် မကောင်းမှုများတို့ကိုတော့ နေ့စဉ်မှန်မှန်ကျူးလွန်မိတတ်ကြ ပါသည်။ ထို့ကြောင့်လူတို့သည်မွေးဖွါးချိန်မှစ၍ ယခုအချိန်အထိ လွန်ကျူးခဲ့သော အပြစ်ကြွေးများအတွက် အပါယ်လားရမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါသည်။ လူသားတိုင်း မှာ ဘာသာသာတရားအသီးသီးရှိကြပါသည်။ ထိုဘာသာတရားတို့သည် ဥပဒေနှင့် တူပြီး အပြစ်ထင်ရှားကြောင်းကိုသာ ဖေါ်ပြပါသည်။ ဘာသာတရားသည် ကျွန်ုပ်တို့ကို အပြစ်နှင့် သေခြင်းတရား၏ လက်မှ မကယ်တင်နိုင်ပါ။ ထို့ကြောင့် ဘာသာတရားက လူကိုကယ်တင်နိုင်မည်လား၊ ဘုရားကသာလျှင်လူကို ကယ်တင်နိုင်မည်လားဆိုသည်ကို ခွဲခြားသိမြင်တတ်ပြီး တရားပေးသောဘုရားနှင့် အသက်ပေးသောဘုရား မည်သည့် ဘုရားကို မိမိ၏ ထာဝရကာလအတွက် ကိုးကွယ်ရမည်ကို ပြတ်ပြတ် သားသား ရွေးချယ်တတ်ကြဖို့ အလွန်အရေးကြီးပါသည်။
( ယော ၇း၁၉၊ ရော ၃း၂၀၊ ရော ၇း၇၊ ဂလာတိ ၃း၁၀-၁၃၊ ဂလာတိ ၃း၂၄၊ ဂလာတိ ၂း၁၅၊ ဂလာတိ ၅း၎၊ တရား ၂၇း၂၆၊ဟေရှာ ၆၄း၆)

No comments:

Post a Comment

ငါအချိန်တိုင်းစဉ်စားနေတာ....
မင်းရဲ့အကြောင်းတွေ......
အိပ်မရတဲ့ငါရဲ့အမှောင်ညတွေမှာ
မင်းပုံရိပ်တွေနဲ့ပဲငါအဖေါ်ပြုနေခဲ့တာ...
ခံစားဖို့သက်သက်ကြီးပဲလား...
နင်ပျော်မြူးနေတဲ့အချိန်လေးတွေကိုငါမြင်တိုင်း.....
ငါရင်ထဲမှာအရာရာကိုမေ့ပျောက်သွားတယ်..
နင်စိတ်ညစ်နေတဲ့အခိုက်မှာ
ငါအရာအားလုံးနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားတယ်
ဒါမဖြစ်သင့်ဘူလို့ထင်ပေမဲ့
ငါစိတ်ကမင်းရဲ့ဆီမှာအမြဲရောက်နေခဲ့တာ....
ဘာတတ်နိုင်မလဲ..အရာအားလုံးနဲ့ငါ.......
ဆန့်ကျင့်ပြီးနေနိုင်တယ်......
ဒါပေမဲ့မင်းရဲ့အပြုံးတွေဝေးမှာကိုတော့
ငါအရမ်းကြောက်တယ် ချစ်သူရယ----
အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်
ဆိုပေမဲ့ ငါ့ရင်ထဲမှာ
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ
ချစ်သူရယ်....

မင်းရဲ့ ရယ်မော လှောင်ရီသံတွေ
ကြားမှာ ငါဟာ ကျိန်စာသင့်နေတဲ့
သူတစ်ယောက်လို ဆွံအခဲ့ရတယ်
ချစ်သူ................

တခြားရင်ခွင်မှာ ပျော်နေတဲ့မင်းကို
ငါက မင်းပျော်နေလားလို့
မေးတော့ ဒီလိုပါပဲလို့ မင်းပြောခဲ့တယ်နော်
အခု သစ္စာမရှိတဲ့မင်းကို
စောင့်မျှော်နေတဲ့ငါ့အတွက် ဘယ်သူ့ကို မေးမေး
ငါ့ ကို အရူးလို့ပဲ ပြောကြမှာပါပဲ
ချစ်သူရယ်..........

နောက်ဆုံး ငါ့အပေါ်အနစ်နာခံတဲ့
ချစ်သူတစ်ယောက်ကို ငါရခဲ့ပါတယ်
ငါ့ရဲ့ တန်ပြန်တဲ့ သက်ရောက်မှုကို
ငါ ခံစားရတယ်လို့ပဲ ငါသတ်မှတ်ပါတယ်
ချစ်သူ......

အဲဒီအချိန်မှာပဲ မင်းငါ့ကို
ပြန်ဆက်သွယ်လာတယ်....
ငါမေးခဲ့သလိုပဲ မင်းငါ့ကိုမေးလာတယ်
မင်းပျော်နေလားတဲ့
ငါမင်းကို ပြန်ဖြေခဲ့တယ်
" ဒီလိုပါပဲ" လို့.............................

အရာအားလုံးဟာ တစ်ကယ်ပဲ
ပြီးဆုံးသွားခဲ့ပါပြီ......ချစ်သူရယ်....
မင်းနဲ့ ငါ ဟာ အဝေးဆုံးကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီပဲ ချစ်သူ...............................................