Tuesday, March 19, 2013

ယေရှူ ၏ ၁၈ နှစ်ကြားကာလ



သမ္မာကျမ်းစာတွင် ယေရှုသည် အသက် (၁၂) နှစ်မှ (၃၀) နှစ်ကြားကာလ ပျောက်ဆုံးနေပြီး ထိုနှစ်အတောအတွင်း အိန္ဒိယနိုင်ငံဖက်သို့ သွားရောက် ကာပညာသင်ကြားခဲ့သည်ဟုသိရပါသည်။ ဟုတ်ပါသလား?
ယေရှု၏ ပျောက်ဆုံးသောနှစ်ကာလများဟု ခေါင်းစဉ်တပ်ထားသော စာအုပ် တစ်အုပ်တွင် ]ယေရှုသည် အစဉ်အတိုင်းကြီးပြင်း၍ ပညာတိုးပွါးသည်} ဟုဆိုခြင်းကြောင့် ယေရှုသည် ပညာသင်ရန် အိန္ဒိယဖက်သို့ထွက်ခဲ့ကြောင်း ဖေါ်ပြထားပေသည်။ ထိုခေတ် ထိုအချိန်အခါမှသည်ယနေ့တိုင် အစ္စရေးနိုင်ငံသည် ကမ္ဘာ့အလယ်တွင် စာပေယဉ်ကျေးမှု နှင့် ဘာသာတရားတို့ တိုးတက်ထွန်းကားရာ ဒေသဖြစ်လို့ ယေရှုပညာသင်ထွက် ပါကလည်း ၄င်း၏ဒေသတွင်သာ သင်ကြားခံယူရပေလိမ့်မည်။ ထိုခေတ်ထိုအချိန်အခါ ဂျူးတို့၏ ထုံးတမ်းစဉ်လာမှာ မိမိအိမ်သည် မိမိသားသမီးတို့အား စာပေ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာနှင့် ဘာသာတရားတို့ကို မိဘတို့က လက်ဆင့်ကမ်း သင်ကြားပေးရ သောကျောင်းပင်ဖြစ်ပါသည်။
ကျမ်းစာက ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက် တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏။ (ရှင်မဿဲခရစ်ဝင် ၂း၂၃) ရောမဥပဒေအရ အသက်သုံးဆယ်ပြည့်မှသာလျှင် ဘာသာတရားလုပ်ခွင့်ရသောကြောင့် ယေရှုသည် ဖခင်၏လက်သမားအလုပ်ကို လုပ်ကိုင်ရင်း စောင့်စားနေခဲ့ပါသည်။ ဂျူးတို့၏ ထုံးတမ်းစဉ်လာအရ သားကြီးသည် မိမိနှစ်သက်ရာ အခြားအလုပ်တို့ကို လုပ်ခွင့်မရှိပါဘဲ ဖခင်လုပ်သော လုပ်ငန်းကိုသာ ဆက်လက် လုပ်ကိုင်ရပါသည်။
ထိုစာအုပ်မှပင် ယေရှုသည် ဖွားမြင်ပြီး အီဂျစ်ပြည်သို့ထွက်ပြေးခဲ့ရကြောင်းနှင့် ၄င်း၏အကြောင်းမှန်ကို မရေးသားပါဘဲ ယေရှုဘုရား၏ ဂုဏ်ကိုငယ်စေခဲ့ပါသည်။ အကြောင်းမှန်မှာ ယေရှုသည် ဖွါးမြင်စဉ် ကောင်းကင်ယံ၌ ထူးဆန်းသော ကြယ်ကြီး တစ်လုံး ပေါ်ထွန်းခဲ့ပါသည်။ ထိုကြယ်ကြီးကို အရှေ့ပြည်မှပညာရှိများက တွေ့မြင်ကြပြီး တွက်ချက်ကြည့်ကြသောအခါ အရှင်တကာတို့၏အရှင် ဘုရင်တကာတို့၏ ဘုရင်ပေါ်ထွန်းပြီဆိုပြီး ထိုအရှင်အားကိုးကွယ်ရန် အတွက် ယုဒပြည်ဗက်လင်မြို့ သို့ရောက်လာကြပါသည်။ ဘုရင့် နန်းတော်တွင် ရှိလိမ့်မည်ဟုအထင်နှင့် ပညာရှိများ နန်းတော်တွင်းသို့ဖူးမျှော်ရန် ဝင်ရှာဖွေခဲ့ကြပါသည်။ ထိုအခါ ဘုရင်ကြီးကလည်း ကျမ်းတတ်များကိုခေါ်ကာ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ကျမ်းစာတွင် အဘယ်ကဲ့သို့ ဖေါ်ပြထားကြောင်းကို မေးပါသည်။  ကျမ်းတတ်တို့ကလည်း ကျမ်းစာ တွင် ထိုအရှင်သည်ဤအရပ်ဤဒေသတွင် ပေါ်ထွန်းမည် ဟုပရောဖက် ပြုထားကြောင်း ပြန်ပြောပါသည်။ ထိုအခါ ဟေရုဒ်မင်းကြီးကလည်း တစ်နေ့သူ့နေရာကို လုယူမည် စိုးရိမ်ပြီး ပညာရှိတို့အား ထိုအရှင်ကို တွေ့ရှိပါက ပြန်လာပြီးပြောပြကြဖို့ စေခိုင်းလိုက် ပါသည်။
သို့သော် ပညာရှိများ ယေရှုကို ဖူးတွေ့ပူဇော်ကိုးကွယ်ကြပြီးသောအခါ အခြားလမ်းဖြင့် ပြန်သွားခဲ့ကြပါသည်။ ထိုအခါ ဟေရုဒ်မင်းကြီးသည်ကြီးစွာ အမျက်ထွက်ကာ နှစ်နှစ်နှင့်အောက် ကလေးများအားလုံးအား မြို့ရွာမကျန် သတ်စေခဲ့ ပါသည်။ ထို့အကြောင်းကြောင့် ကောင်းကင်တမန်တို့၏ စေခိုင်းတော်မူချက်အတိုင်း ယေရှုနှင့် မိဘနှစ်ပါးသည် ဟေရုဒ်မင်း၏ လက်ချက်မှလွတ်ရန် အီဂျစ်သို့ခေတ္တရှောင်ပုန်း နေခဲ့ရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အကျည်းတန်ရက်စက်သော ဟေရုဒ်မင်းကြီး၏ လုပ်ရပ်သည် ယနေ့တိုင် ကမ္ဘာ့သမိုင်းနှင့် ရောမသမိုင်းတွင် အထင်အရှားရှိနေပါသည်။ ထိုအချက်သည်ပင် ယေရှုသည် ဘုရားမှ လူ့ဇာတိခံယူခဲ့သော ဘုရားဖြစ်ကြောင်း သမိုင်းသက်သေ တစ်ရပ်ပင်ဖြစ်ပါသည်။
ယေရှုသည်ဖွါးမြင်ချိန်မှစ၍ သက်တော်စဉ်တစ်လျှောက်လုံး ထူးဆန်းအံ့ဩ ဖွယ်ဖြစ်ရပ်များနှင့်ပြည့်နေပါသည်။ ထို့ကြောင့် အံ့ဩဖွယ်တိုင်ပင်ဖက် တန်ခိုးကြီးသော ဘုရားဟု ပရောဖက်ဟေရှာယ ဘီစီ ၆၀ဝ ခန့်က ပရောဖက်ပြုခဲ့ပါသည်။

No comments:

Post a Comment

ငါအချိန်တိုင်းစဉ်စားနေတာ....
မင်းရဲ့အကြောင်းတွေ......
အိပ်မရတဲ့ငါရဲ့အမှောင်ညတွေမှာ
မင်းပုံရိပ်တွေနဲ့ပဲငါအဖေါ်ပြုနေခဲ့တာ...
ခံစားဖို့သက်သက်ကြီးပဲလား...
နင်ပျော်မြူးနေတဲ့အချိန်လေးတွေကိုငါမြင်တိုင်း.....
ငါရင်ထဲမှာအရာရာကိုမေ့ပျောက်သွားတယ်..
နင်စိတ်ညစ်နေတဲ့အခိုက်မှာ
ငါအရာအားလုံးနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားတယ်
ဒါမဖြစ်သင့်ဘူလို့ထင်ပေမဲ့
ငါစိတ်ကမင်းရဲ့ဆီမှာအမြဲရောက်နေခဲ့တာ....
ဘာတတ်နိုင်မလဲ..အရာအားလုံးနဲ့ငါ.......
ဆန့်ကျင့်ပြီးနေနိုင်တယ်......
ဒါပေမဲ့မင်းရဲ့အပြုံးတွေဝေးမှာကိုတော့
ငါအရမ်းကြောက်တယ် ချစ်သူရယ----
အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်
ဆိုပေမဲ့ ငါ့ရင်ထဲမှာ
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ
ချစ်သူရယ်....

မင်းရဲ့ ရယ်မော လှောင်ရီသံတွေ
ကြားမှာ ငါဟာ ကျိန်စာသင့်နေတဲ့
သူတစ်ယောက်လို ဆွံအခဲ့ရတယ်
ချစ်သူ................

တခြားရင်ခွင်မှာ ပျော်နေတဲ့မင်းကို
ငါက မင်းပျော်နေလားလို့
မေးတော့ ဒီလိုပါပဲလို့ မင်းပြောခဲ့တယ်နော်
အခု သစ္စာမရှိတဲ့မင်းကို
စောင့်မျှော်နေတဲ့ငါ့အတွက် ဘယ်သူ့ကို မေးမေး
ငါ့ ကို အရူးလို့ပဲ ပြောကြမှာပါပဲ
ချစ်သူရယ်..........

နောက်ဆုံး ငါ့အပေါ်အနစ်နာခံတဲ့
ချစ်သူတစ်ယောက်ကို ငါရခဲ့ပါတယ်
ငါ့ရဲ့ တန်ပြန်တဲ့ သက်ရောက်မှုကို
ငါ ခံစားရတယ်လို့ပဲ ငါသတ်မှတ်ပါတယ်
ချစ်သူ......

အဲဒီအချိန်မှာပဲ မင်းငါ့ကို
ပြန်ဆက်သွယ်လာတယ်....
ငါမေးခဲ့သလိုပဲ မင်းငါ့ကိုမေးလာတယ်
မင်းပျော်နေလားတဲ့
ငါမင်းကို ပြန်ဖြေခဲ့တယ်
" ဒီလိုပါပဲ" လို့.............................

အရာအားလုံးဟာ တစ်ကယ်ပဲ
ပြီးဆုံးသွားခဲ့ပါပြီ......ချစ်သူရယ်....
မင်းနဲ့ ငါ ဟာ အဝေးဆုံးကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီပဲ ချစ်သူ...............................................