Friday, March 22, 2013

ခရစ်ယာန်တိုင်း သိရှိရန်လိုအပ်တဲ့ သမိုင်းကြောင်


ဣသရေလပြည်ကြီး (12 Tribes) သည် ရှောလမုန်မင်း ကြီးအပြီး ၂ ခြမ်းကွဲကွာခဲ့သည်။ တောင်အပိုင်း ယုဒ (2 Tribes) အဖြစ်၊ နှင့် မြောက်ပိုင်း ဣသရေ /Ephraim (10 Tribes) အဖြစ် .ဟူ၍.တယောက် တလမ်း ကိုယ်စီ ခွဲခွါခဲ့ကြသည်။ ကွဲကွာသွားသော ၂ ပိုင်းစလုံး..ထာဝရဘုရားသခင်၏ စကားတော် (Torah) ကို နားမထောင်သောကြောင့် တိုင်းတပါးနိုင်ငံတို့၏ တိုက်ခိုက်မူ့ဖြင့် ...722BC တွင် ဣသရေ အပိုင်းပြက်စီးပြိုကွဲခဲ့သည်။ ထိုနည်း၎င်း...586BC တွင် ယုဒ အပိုင်းလဲပြက်စီးပြိုကွဲခဲ့သည်။ အနှစ် ၇၀ အကြာ ...ယုဒပြည်သည် ကျန်ရစ်လွတ်မြောက်လာသောသူ အချို့ဖြင့့် ပြန်လည်တည်ထောင်နိုင်ခဲ့သော်လည်း နောက်ထတ် အနှစ် ၅၀၀ ကျော်အကြာတွင် ပြန်လည်ပျက်စီးပြိုကွဲခဲ့သည်။

အနှစ် ၂၀၀၀ ခန့်အကြာ၊ ၁၉၄၈ ခုနှစ်တွင် တဖန် ..ထိုယုဒပြည် (2 Tribes) မှ ကျန်ရစ်သောသူ အချို့ဖြင့်  ယကနေ့ ကျတော်တို့ တွေ့မြင်ရသော ဣသရေနိုင်ငံ (The Jews = Judah Tribe) ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ သို့သော်များလည်း...722BC တွင်ပျောက်ဆုံးသွားသော မြောက်ပိုင်း ဣသရေ/Ephraim (10 Tribes) ဒီကနေ့ ဒီအချိန်..အထိ အစအန ရှာလို့မရတော့ခြေ။...သူတို့ဘယ်တွေရောက်သွားကြသလဲ????

အဖြေ များစွာသောကျမ်းချက်ထဲက ဒီတခုမှာတွေ့နိုင်ပါတယ် - ဟောရှေအနာဂတ္တိကျမ်း ၉း၁၇
"ငါ့ဘုရားသခင်၏ စကားတော်ကို နားမထောင်သောကြောင့် စွန့်ပစ်တော်မူ၍၊ သူတို့သည် တပါးအမျိုးသားတို့တွင် အရပ်ရပ်သို့လှည့်လည်ရကြသည်။"

သူတို့တကမ္ဘာလုံးသို့ကွဲပြားခဲ့ကြတယ်။ .....မြန်မာပြည်သို့ အပါအဝင်ပေါ့....
ကို့၏အမြစ် ဘိုးဘေးတို့ ကိုမမှတ်မိ မသိတော့ဘဲ ..ရောက်လေယာအရပ်မှာ ဘဝမေ့ ဇတ်မြုတ်ခဲ့ကြတယ်။

သင်ဟာ ပျောက်ဆုံးသွားတဲ့ ဣသရေ အမျိုးများ ဖြစ်ကောင်းဖြစ်နေမလား။
နောက်ဆုံးသောကာလတွင်...ဒီအကြောင်းနဲ့ပတ်သက်လို့....ကျမ်းစာက ဘာတွေဟောထားသလဲ။

ယေဇကျေလအနဂတ္တိကျမ်း ၃၇း၂၁
"အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊  ဣသရေ လအမျိုးသားတို့ရောက်သော တပါးအမျိုး သားတို့နေရအရပ်ရပ်တို့မှ သူတို့ကို ငါခေါ်ခဲ့၍၊ စုဝေးစေပြီးလျှင် သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။"

ဟေဗြဲသြဝါဒစာ ၈း၉-၁၀
"...... ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။......ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်။"

ဣသရေလအမျိုးသား နှင့် ယုဒအမျိုးသားတို့ ပြန်လည်ပူးပေါင်းစေခြင်း သည် ဘုရားသခင်၏ အကြံအစီ တော်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုအား အဓိက စေလွတ်ခြင်းသည် ဤအကြောင်းအရာ အတွက်ဖြစ်သည်။




သခင်ယေရှု၏စကား....

ရှင်မဿဲခရစ်ဝင် ၁၅း၂၄
ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင်ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ်ဟုမိန့်တော်မူ၏။ 

ဘုရားသခင်၊ ၁၉၄၈ ခုနှစ်တွင်ထူးချားစွာ ယုဒ ကိုပြန်လည်တည်ထောင်ပြီ....ထိုနည်း၎င်း...အခုလက်ရှိ သူ ဣသရေ အပိုင်းကိုလည်း ပြန်လည်တည်ထောင်နေပြီ....ဒါဝိတ်မင်း လက်ထက်က လို တစုတည်းသော ဣသရေလနိုင်ငံတော်ကြီး  ပြန်လည်တည်ထောင်ရေး သည် ဘုရားသခင်၏ ဟောပြောချက်..အလိုတော်ဖြစ်သည်။

ဘုရားသခင်သည် ဣသရေလအမျိုး မှတပါး ဘယ်လူမျိုးကိုမှ သူ၏ရတနာ အဖြစ်မရွေးချယ်ပေ။ ထို့ကြောင့် သင်သည်  ဣသရေလဟေဗြဲ အမျိုးမဟုတ်လျင် ...သင့်ဠ် ဘုရားသခင်၏ ကတိ ဘာမှမရှိ။...သင်သည် ကို့ဟာကို...Gentile လို့သာယူဆလျင် သင်နှင့် ခရစ်တော် (မေရှိယ) ၊ ဣသရေလဟေဗြဲ တို့၏ကတိ နှင့်ဘာမှမသက်ဆိုင်။ 

သို့တွင်မက....ဘုရားသခင်၏ မြို့သစ်တွင်..Gentile ခရစ်ယာန် ဝင်ပေါက်ဟူ၍ မတွေ့...ဣသရေလအမျိုးများ၏ ဝင်ပေါက်များသာတွေ့သည် (လေ့လာရန်...ဗျာဒိတ်ကျမ်း ၂၁း၁၂-၁၃)။

ဆာလံကျမ်း  ၁၄၇း ၁၉-၂၀
နှုတ်ကပတ်အမိန့်ကတိတော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို  သူတို့မသိရကြ၊၊

ထို့ကြောင့် ရှင်ပေါလုက  ဣသရေလဟေဗြဲ အမျိုးအဖြစ်ခံယူရန် အခြားတိုင်းရင်းသားတို့ကို တိုက်တွန်း နိုးဆော်ခဲ့သည်....

ဧဖက်သြဝါဒစာ ၂း၁၂-၁၃
ထိုအခါ သင်တို့သည် မေရှိယ ကိုမသိ၊ ဣသရေလအပေါင်း အသင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြ သည်ကိုင်း၊ အောက်မေ့ကြလော့။
သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ မေရှိယ၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။

ဒါဖြင့်..ဘယ်လို ဣသရေလလူမျိုး အဖြစ်ခံယူရမှာလဲ?

ညီအကိုမောင်နှမတို့....သင်သည် ဣသရေလလူမျိုးတို့၏ဘုရင် ယေရှု မေရှိယ အား သင်၏တပါးတည်းသော ကယ်တင်ရှင် အဖြစ် လက်ခံယုံကြည်လျင် သင်သည်  ဣသရေလ လူမျိုး အဖြစ်ခံယူခြင်းဖြစ်သည် (ဂလာတိသြဝါဒစာ ၃း၇)။ သို့သော်လည်း ပေါ့ပြက်ပြက်..စိတ်နှလုံးမပါဘဲ..နူတ်ဖြင့်သာယုံ၍မရ။ .ဣသရေလလူမျိုးအဖြစ်ခံယူ ပြီးသောသူတိုင်း သည် ..ဘုရားသခင်ချမတ်ထားသော ပညတ်တော်များအရ လိုက်နာအသက်ရှင်ရမည်ဖြစ်သည်။ သင်သည် သီးသန့်တဆူတည်းသော ဘုရား၏ ...သီးသန့်ရတနာဖြစ်သည့်အတွက်ကြောင့်...သင့်အားသီးသန့်ဖြစ်စေသော...ဤသီးသန့်ပညတ်တော်မြတ်များတိုဖြင့် အသက်ရှင်ရမည်ဖြစ်သည်။

ဘုရားသခင်၏ ပညတ်များသည် ဣသရေလ အတွက်သတ်သတ်...အခြားသောသူ (gentiles) များအတွက်ဟူ၍သတ်သတ် မရှိ...သုအား ယုံကြည်လက်ခံ သူအားလုံး တစုတဝေးတည်း၊ တသတ်မတ်တည်း ကိုယ်စိတ်နှလုံး အလုံးစုံဖြင့် လိုက်နာရန်ဖြစ်သည်။

တောလည်ရာကျမ်း ၁၅း၁၆
.... သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သော သူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော တပါးတည်းသော ထုံးစံရှိသည်နှင့် ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။  သင်တို့ကိုယ်တိုင်မှစ၍၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားတို့သည် တပါးတည်းသောတရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။

ညီအကိုတို့မောင်နှမတို့ ....ဤအကြောင်းအရာတွေ အားဖြင့်  အံ့သြ သွားသလား။ သင်၏ဣသရေလအသွေး တော်စပ်ခြင်းအားဖြင့်သော်၎င်း..ယုံကြည်ခြင်းအားဖြင့်သော်၎င်း..ယာဟူဗါဝ် ထာဝရဘုရား ..သူ၏စစ်မှန်သော အထုံးအဖွဲ့တော်တို့ ကိုဆက်လက်ဖေါ်ပြရန် ကျတော်ဆုတောင်းလျက်ရှိပါတယ်.........ဤကျမ်းချက် လေးနဲ့ နိဂုန်းခြုတ် ပါရစေ....


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇း၁၃-၁၄
ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်ဆီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊  တွေ့ဝင်သောသူတို့သည် နည်းကြ၏။

(ဆက်လက်လေ့လာရန် - ကျတော်တို့ မြန်မာပြည်သို့ ရောက်ရှိလာခဲ့သော ဟေဗြဲလူမျိုးများ၏ သမိုင်း link)

No comments:

Post a Comment

ငါအချိန်တိုင်းစဉ်စားနေတာ....
မင်းရဲ့အကြောင်းတွေ......
အိပ်မရတဲ့ငါရဲ့အမှောင်ညတွေမှာ
မင်းပုံရိပ်တွေနဲ့ပဲငါအဖေါ်ပြုနေခဲ့တာ...
ခံစားဖို့သက်သက်ကြီးပဲလား...
နင်ပျော်မြူးနေတဲ့အချိန်လေးတွေကိုငါမြင်တိုင်း.....
ငါရင်ထဲမှာအရာရာကိုမေ့ပျောက်သွားတယ်..
နင်စိတ်ညစ်နေတဲ့အခိုက်မှာ
ငါအရာအားလုံးနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားတယ်
ဒါမဖြစ်သင့်ဘူလို့ထင်ပေမဲ့
ငါစိတ်ကမင်းရဲ့ဆီမှာအမြဲရောက်နေခဲ့တာ....
ဘာတတ်နိုင်မလဲ..အရာအားလုံးနဲ့ငါ.......
ဆန့်ကျင့်ပြီးနေနိုင်တယ်......
ဒါပေမဲ့မင်းရဲ့အပြုံးတွေဝေးမှာကိုတော့
ငါအရမ်းကြောက်တယ် ချစ်သူရယ----
အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်
ဆိုပေမဲ့ ငါ့ရင်ထဲမှာ
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ
ချစ်သူရယ်....

မင်းရဲ့ ရယ်မော လှောင်ရီသံတွေ
ကြားမှာ ငါဟာ ကျိန်စာသင့်နေတဲ့
သူတစ်ယောက်လို ဆွံအခဲ့ရတယ်
ချစ်သူ................

တခြားရင်ခွင်မှာ ပျော်နေတဲ့မင်းကို
ငါက မင်းပျော်နေလားလို့
မေးတော့ ဒီလိုပါပဲလို့ မင်းပြောခဲ့တယ်နော်
အခု သစ္စာမရှိတဲ့မင်းကို
စောင့်မျှော်နေတဲ့ငါ့အတွက် ဘယ်သူ့ကို မေးမေး
ငါ့ ကို အရူးလို့ပဲ ပြောကြမှာပါပဲ
ချစ်သူရယ်..........

နောက်ဆုံး ငါ့အပေါ်အနစ်နာခံတဲ့
ချစ်သူတစ်ယောက်ကို ငါရခဲ့ပါတယ်
ငါ့ရဲ့ တန်ပြန်တဲ့ သက်ရောက်မှုကို
ငါ ခံစားရတယ်လို့ပဲ ငါသတ်မှတ်ပါတယ်
ချစ်သူ......

အဲဒီအချိန်မှာပဲ မင်းငါ့ကို
ပြန်ဆက်သွယ်လာတယ်....
ငါမေးခဲ့သလိုပဲ မင်းငါ့ကိုမေးလာတယ်
မင်းပျော်နေလားတဲ့
ငါမင်းကို ပြန်ဖြေခဲ့တယ်
" ဒီလိုပါပဲ" လို့.............................

အရာအားလုံးဟာ တစ်ကယ်ပဲ
ပြီးဆုံးသွားခဲ့ပါပြီ......ချစ်သူရယ်....
မင်းနဲ့ ငါ ဟာ အဝေးဆုံးကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီပဲ ချစ်သူ...............................................