Tuesday, March 19, 2013

အပြစ်တရား

ကောင်းသောပညတ်တရား



ပညတ်တရားသည်မောရှေအားဖြင့် ဤကမ္ဘာလောကသို့ ဝင်ရောက် လာပြီး ထိုပညတ်တရားအားဖြင့် လူတိုင်းမှာ အပြစ်ရှိကြောင်းကိုသိရ ပါသည်။
သမ္မာကျမ်းစာတွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ပညတ်၊ အုပ်ချုပ်စီမံရေး ဆိုင်ရာပညတ်နှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ် ဟူ၍ ဆောင်ရန် ရှောင်ရန်အချက် (၆၁၃) ချက်ရှိပါသည်။ ပညတ်တို့သည်အကုန်အစင်အချိန်တိုင်း ကျင့်ရမည်ဖြစ်ပြီး တစ်ချက်ကျူးလွန် မိပါက အလုံးစုံတို့ကို လွန်ကျူးရာသို့ရောက်ပါသည်။ ဥပမာ၊ စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးထွက်သော်လည်း တစ်ဘာသာကျက စာမေးပွဲကျ ပါသည်။
မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်ဟု ကျမ်းစာက ဆိုထားသကဲ့သို့ အပြစ်သားဖြစ်သော လူသားတိုင်းတို့သည် မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ သွန်သင်မှုအတိုင်း ကောင်းမှုကုသိုလ်နှင့် အကျင့်သီလတို့ကို ကြိုးစားကျင့်ကြံ အားထုတ်ကြပါသော်လည်း စံချိန်မှီအောင် ကျင့်နိုင်သော လူသား တစ်ဦးယောက်မျှ လောကတွင်မပေါ်မရှိသေးပါ။ ထို့ကြောင့် ကောင်းမှုကုသိုလ်နှင့် အကျင့်သီလတို့ကို ကြိုးစားကျင့်ကြံ အားထုတ်သူဖြစ်စေ၊ ကြိုးစား အားထုတ်မှု မရှိသောသူဖြစ်စေ ထိုကောင်းမှုတို့ဖြင့် အပြစ်မှလွတ်နိုင်ခြင်းငှါမတတ်စွမ်းနိုင်ကြပါ။ အပြစ်သားများသာ ဖြစ်ကြပါသည်။ ဥပမာ ကောင်းရာဘုံသို့ ရောက်ရှိဖို့ မိမိကိုယ်ပိုင်အရည်အချင်းတို့ဖြင့် ကြိုးစားအားထုတ်သူသည် သမုဒ္ဒရာ၏တစ်ဖက် ကမ်းသို့ လက်ပြစ်ကူးပြီးသွားဖို့ကြိုးစားသူနှင့် တူပါသည်။ လူအချို့က မီတာတစ်ရာ ကူးနိုင်မည်ဖြစ်ပြီး လူအချို့က မီတာငါးရာထိကူးနိုင်သည့်တိုင် မည်သူတစ်ဦး တစ်ယောက်မျှ တစ်ဖက်ကမ်းသို့ ရောက်နိုင်ကြမည်မဟုတ်ပါ။ ကောင်းမှုကုသိုလ်မလုပ်ရ ဟု မဆိုလိုပါ၊ ထိုအပိုင်းက ‘ဒုတိယပိုင်းဖြစ်ပါသည်။
သမ္မာကျမ်းစာက ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ် ရာသို့မရောက်နိုင်၊ ပြုဘူးသမျှသော ကောင်းမှုကုသိုလ် တို့သည်လည်း ဘုရားရှေ့တွင် ညစ်သောအဝတ်နှင့်သာတူပါ၏ဟု ဆိုထားပါသည်။ ကောင်းမှုကုသိုလ်အကျင့် သီလတို့ဖြင့် ဖြောင့်မတ်ရာသို့ရောက်ဖို့ သန့်ရှင်းသောဘုရားရှေ့တွင် ကြိုးစားအားထုတ် နေသူသည် ဥပမာ- အနူအစိုလက်နှင့်သုပ်သော လ္ဘက်သုပ်နှင့်တူပါသည်။ လ္ဘက်သုပ်မှာ အလွန်ကောင်းပါသော်လည်း သုပ်သောလက်က နူနေခြင်းကြောင့် သန့်ရှင်းခြင်းမရှိပါ။
 

အပြစ်၏အဖိုးအခ

အပြစ်၏အဖိုးအခအား အဘယ်ကဲ့သို့ပေးဆပ်ရမည်နည်း ?
အပြစ်တရား၏ အဖိုးအခမှာ သေခြင်းဖြစ်ပါသည်။ အပြစ်သားဖြစ်သော လူသားတိုင်း တစ်နေ့ ထိုအဖိုးအခကိုပေးဆပ်ရပါလိမ့်မည်။
အာဒံအားဘုရားသခင်က ထိုအပင်၏ အသီးကိုမစားရ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟုဆိုပြီး အဘယ့်ကြောင့် ချက်ခြင်း သေမသွားရပါ သနည်း?
သေခြင်းဆိုသည့် (Death) မှာ (Depart) ဆိုသောစကားမှလာပြီး ထွက်ခွါသွားသည် အဆက်ပြတ်သည်ဟု အဓိပ္ပါယ်ရပါသည်။ သေခြင်း သုံးမျိုးရှိပါသည်။ ဘုရားနှင့်လူ အဆက်ပြတ်ခြင်း၊ ခန္ဓာနှင့်ဝိညာဉ်အဆက်ပြတ်ခြင်း၊ ဘုရားနှင့် ထာဝရအဆက်ပြတ်ခြင်း ဟူ၍လည်း အဓိပ္ပါယ်ရပါသည်။
 

အပြစ်အမျိုးအစား

အပြစ်အမျိုးအစား ဘယ်နှစ်မျိုးရှိပါသနည်း ?
အပြစ်အမျိုးအစား နှစ်မျိုးရှိပါသည်။ မွေးရာပါ ဗီဇအပြစ် (Sin) နှင့် လူတို့လွန်ကျူး သောဒုစရိုက်အပြစ် (Sins) တို့ဖြစ်ပါသည်။ ထိုအပြစ်၏ အရင်းအမြစ်ဖြစ်သော ဗီဇအပြစ်တရား အကြောင်းကို အခြားမည်သည့်ကျမ်းတွင်မှ အလေးပေး ဖေါ်ပြထားခြင်း မရှိပါ။
 

အပြစ်ဟူသည်

ဘာတွေလုပ်မိလျင် အပြစ်ဖြစ်ပါသနည်း ?
မကောင်းတာကိုလုပ်မှ အပြစ်မဟုတ်ပါ။ ကောင်းမှန်းသိပါလျက် နှင့် မလုပ်မိလျှင်လည်းအပြစ်ဖြစ်ပါသည်။ ထို့ထက် သာမက မသိဘဲ လုပ်မိပါကလည်း ရာနှုန်းပြည့်အပြစ်ဖြစ်ပါသည်။ မသိ၍လုပ်မိသည်ကို ဥပဒေက ခွင့်လွှတ်မည်မဟုတ်ဟူ သော လောက ဥပဒေရှိသည့်အတိုင်းပင်ဖြစ်ပါသည်။ မိမိသေပြီးမှ တမလွန်၌ တရားစီရင်မည့်အရှင်ရှေ့သို့ရောက်ပြီး ကျွန်တော်မသိလို့ပါဟု အကြောင်းပြ၍ မရတော့ပါ။ လူသားတိုင်းကို တမလွန်၌ မိမိအား တရားစီရင်မည့် ဘုရားအကြောင်း ကိုသိမြင်နိုင်သော အသိဥာဏ်ပညာနှင့် ယုံလောက်သော သက်သေအများလည်း ဘုရားကလူတို့အား ပေးထားပြီးဖြစ်ပါသည်။ ထိုဘုရားကို သင်မသိပါ ထိုဘုရားကိုသင် မယုံကြည်ပါ၊ ထို့ကြောင့်တမလွန်တွင် စီရင်ခြင်းခံရလိမ့်မည်မဟုတ်ဟု မထင်လိုက် ပါနှင့်။ တရားရုံးတွင် တရားခံက တရားသူကြီးကိုမသိ၍၊ ဥပဒေကိုနားမလည်၍ တရားသူကြီး၏ အပြစ်စီရင်ခြင်းကို လက်မခံနိုင်ပါဟု ချေပပြောဆိုပိုင်ခွင့်မရှိပါ။
 

လူသားအတိုင်းအပြစ်သားလား?

လူသားတိုင်းဟာအပြစ်သားတွေချည်းဖြစ်ပါသလား ?
လူသားတိုင်းသည် ဘုရားရှေ့တွင်အပြစ်နည်းသည်နှင့် များသည်သာ ကွာခြားပြီးအပြစ်သားများသာ ဖြစ်ကြပါသည်။ ဥပမာ သရက်ပင်နှစ်ပင်တွင် တစ်ပင်က အသီးပေါင်းမြောက်များစွာသီးပြီး ကျန်တစ်ပင်က ငါးလုံးသာသီးပါသည်။ သို့သော် သရက်သီးငါးလုံးသာသီးသည့်အတွက် ထိုအပင်ကို သရက်ပင်မဟုတ်ဟု ပြောလို့ မရပါ။ ကာယကံနှင့်မှမဟုတ်ပါဘဲ ဝစီကံ၊ မနောကံတို့ နှင့် ပြစ်မှားမိပါကလည်း အပြစ်ဖြစ်ပါသည်။
 

အပြစ်ပြု၍အပြစ်သားလား?

လူသည်အပြစ်လုပ်ခြင်းကြောင့် အပြစ်သားဖြစ်ရသည်မဟုတ်ပါလား?
မဟုတ်ပါ။ လူသည်အပြစ်သားဖြစ်၍ အပြစ်ကိုသင်ပေး စရာမလိုဘဲ လုပ်တတ် ခြင်းဖြစ်ပါသည်။ အပြစ်သား ဖြစ် ခြင်းကပထမ အပြစ် လုပ် ခြင်းက ဒုတိယဖြစ်ပါသည်။ ဥပမာ ရေကူးတတ်၍ ဘဲဖြစ် ခြင်းမဟုတ်ပါ။ ဘဲဖြစ်၍ ရေကူး တတ်ခြင်းဖြစ်ပါသည်။ ကလေးများအား အဘယ်ကဲ့သို့လိမ်ရမည်ဆိုသည်ကို မည်သူမျှသင်ပေးစရာမလိုပါဘဲ လိမ်တတ်ကြပါသည်။ ငယ်သောအရွယ်မှစ၍ မိဘ ဆရာသမား တို့ကို ကိုယ်စိတ်နှလုံးသုံးပါးတို့ဖြင့် ပြစ်မှားတတ်ကြပါသည်။ နောက်ဆုံး လူသည် မွေးကတည်းက ဘာမျှမလုပ်ပါဘဲနှင့် ငုတ်တုပ်ထိုင်နေပါကလည်း အပြစ်သား သာလျှင်ဖြစ်ပါသည်။
 

ကောင်းမကောင်းသိကြွမ်းရာအသီး

ဘုရားကမေတ္တာရှင်ဖြစ်၍ လူသားတို့အားသူ၏ မေတ္တာကိုပြရန် ဖန်ဆင်း သည်ဟုဆိုလျင် ဧဒင်ဥယျာဉ်အလယ်မှ ကောင်းမကောင်း သိကျွမ်းရာအပင် ကို အဘယ့်ကြောင့်ဖန်ဆင်းထားရသနည်း၊ ထိုအပင်၏ အသီးကြောင့်လူသား များ‘ဒုက္ခရောက်ရသည် မဟုတ်ပါလား?
ဘုရားသည်လူကို အခြားသတ္တဝါများနှင့် မတူဘဲ သူ့၏သဏ္ဍာန်တော်နှင့် အညီဖန်ဆင်းထားပါသည်။ ထို့ကြောင့်ဘုရားမှာ တရားရှိသလို လူမှာလည်း တရားရှိဖို့လိုအပ်ပါသည်။ ထိုအတွက်ကြောင့် မစားရ စားလျှင်ဧကန်အမှန်သေရမည် ဟူသောတရားတစ်ခုကို စောင့်ထိန်းရန် လူသားတို့ အား ပေးထားခြင်းဖြစ်ပါသည်။ ထိုတရားမရှိပါဘဲ လူတို့ကို နေချင်သလိုနေခွင့် ပေးထားပါက တရားမဲ့သော တိရစ္ဆာန်များနှင့် အတူတူပင် ဖြစ်သွားပါလိမ့်မည်။ သေရမည်ဟူသောစကားနှင့် သေခြင်းတရားသည် ဘုရား၏ စကားတော်ဖြစ်ပြီး လူတို့အပြစ်ကျူးလွန်ချိန်မှစ လောကသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါသည်။
ဘုရားဖန်ဆင်းထားသောအရာတို့တွင် နေ၊ လ၊ ကြယ် အစရှိသည် တို့လည်းပါဝင်ပြီး ထိုအရာများ၌ လွတ်လပ်စွာရွေးချယ်ခွင့် မရှိပါ။ ဘုရားထားသည့် အတိုင်း နေရပြီး ဘုရားသားဖြစ်လာခွင့်လည်း မရှိပါ။ သို့သော်ဘုရားက လူတို့ကို ဖန်ဆင်းရာပါ မဟာအခွင့် အရေးတစ်ခု ပေးထားပါသည်။ ထိုအရာမှာလွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ဖြစ်ပါသည်။ သင်၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ကျော်လွန်ပြီး သင်၏ဆန္ဒမပါရှိဘဲ ဘုရားက အတင်းအကြပ် ဘာတစ်ခုမျှမလုပ်ပါ။ သင်၏ဘုရားပေးထားသောအသိဥာဏ်၊ ခံစားတတ်သောနှလုံးသား၊ နှိမ့်ချတတ်သော စိတ်တို့ဖြင့် မိမိ၏အရှင်သခင်အစစ်အမှန်ကို သိရှိလက်ခံ ယုံကြည်ကိုးကွယ်လာခြင်းကို ဘုရားကလိုလားပါသည်။ ထိုကဲ့သို့သောသူကို ဘုရားသခင်သည် ကျေနပ်ဝမ်းမြောက် ပီတိဖြစ်နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သူ၏ သားစစ် သမီးစစ်တို့ကိုရရှိလို၍ ဘုရားကစွန့်စားရခြင်းဟုလည်းဆိုနိုင်ပါသည်။

အာဒံလုပ်သောအပြစ်အတွက်ကြောင့် လူသားအားလုံး အပြစ်သားဖြစ်ရခြင်း သည် သဘာဝမကျပါ။
ငါးစာကိုသာမက်ပြီး ချိတ်ကိုမမြင်သော မိခင်ငါးမကြီးကြောင့် အထဲရှိငါးဥပေါင်းများစွာ အသက်ဆုံးရှုံးရပါသည်။ ထိုအရာသည် အမှန်တရားတစ်ရပ် ဖြစ်ပါသည်။
(၁ ကော ၁၅း၂၂)

လူသည်မွေးကတည်းက အပြစ်သားဖြစ်လာရခြင်းဆိုသည်မှာ အဓိပ္ပါယ် မရှိပါ။
ကလေးတိုင်း မွေးလာသောအခါ လောဘ၊ဒေါသ၊ မောဟ များ ပါမလာသောကလေး လောကတွင်ရှိပါသလား။ လူသည် အမိဝမ်းတွင်းမှပင် အပြစ်စွဲလျက်ရှိပါ၏ဟု ကျမ်းစာကဆိုပါသည်။ (ဆာလံ ၅၁း၅)

 

လူတိုင်းအပြစ်သားလား?



လူသားတိုင်းသည် ဘုရားရှေ့တွင်အပြစ်နည်းသည်နှင့် များသည်သာ ကွာခြားပြီးအပြစ်သားများသာ ဖြစ်ကြပါသည်။ ဥပမာ သရက်ပင်နှစ်ပင်တွင် တစ်ပင်က အသီးပေါင်းမြောက်များစွာသီးပြီး ကျန်တစ်ပင်က ငါးလုံးသာသီးပါသည်။ သို့သော် သရက်သီးငါးလုံးသာသီးသည့်အတွက် ထိုအပင်ကို သရက်ပင်မဟုတ်ဟု ပြောလို့ မရပါ။ ကာယကံနှင့်မှမဟုတ်ပါဘဲ ဝစီကံ၊ မနောကံတို့ နှင့် ပြစ်မှားမိပါကလည်း အပြစ်ဖြစ်ပါသည်။
 

အပြစ်တရား

တရားသုံးပါး(ရော ၅း၁၂-၁၅)
၁. အပြစ်တရား
အပြစ်တရားသည်ဤလောကသို့ ကမ္ဘာဦးလူသား နှင့် လူသားအားလုံး၏ ဖခင်ဖြစ်သော အာဒံ၏ဘုရားစကား နားမထောင် ခြင်းကြောင့် ဝင်ရောက် လာပြီး အာဒံပြုမိသောအပြစ်ကြောင့် သန့်ရှင်းသောဘုရားနှင့် အဆက်ပြတ် ကာ အာဒံမှဆင်းသက် လာသော လူသားတိုင်းလည်း သန့်ရှင်းသောဘုရား နှင့် အဆက်ပြတ်ခဲ့ရပါသည်။
အပြစ်ဆိုသည်မှာ ပစ်မှတ်လွဲချော်ခြင်း၊ဘုရားသခင်၏ သတ်မှတ်စံနှုန်းကို လိုက်၍မမှီခြင်းနှင့် ဘုရားစကားကိုနားမထောင်ခြင်း တို့ကို အပြစ်ဟုခေါ်ပါသည်။  အာဒံသည်ဘုရားသခင်က မစားရဟု တားမြစ်ထားသော ဧဒင်ဥယျာဉ်အလယ်ရှိအသီးကို ယူ၍စားခြင်း ကြောင့် ဘုရားသားမှ အပြစ်သားဖြစ်သွားရခြင်းဖြစ်ပါသည်။ အပြစ်ကြောင့် သန့်ရှင်းသောဘုရားနှင့် အဆက်ပြတ်ခဲ့ရပြီး အာဒံမှ ဆင်းသက်လာသော လူသားတိုင်း လည်းဘုရားနှင့် အဆက်ပြတ်ခဲ့ရပါသည်။
မည်သည့်ဘာသာတရားမျှ လောကကြီးတွင်မရှိမှီ အပြစ်တရားနှင့် သေခြင်း တရားက လောကကြီးတွင် အရင်ရှိနှင့်ပြီဖြစ်ပါသည်။ ဘာသာတရားအားလုံး၏ အရင်း အမြစ်ဖြစ်သော ထိုအပြစ်တရားအကြောင်းကို မသိမရှိ ပါဘဲ အပြစ်မှလွတ်ရာလမ်းမှန်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ မြင်တွေ့နိုင်သည်ဟု ဆိုပါကလည်း မှန်ကန်မှုမရှိသော စိတ်အထင်သာလျှင်ဖြစ်လျက် လည်သွားသောတရားဖြစ်ပေလိမ့်မည်။

No comments:

Post a Comment

ငါအချိန်တိုင်းစဉ်စားနေတာ....
မင်းရဲ့အကြောင်းတွေ......
အိပ်မရတဲ့ငါရဲ့အမှောင်ညတွေမှာ
မင်းပုံရိပ်တွေနဲ့ပဲငါအဖေါ်ပြုနေခဲ့တာ...
ခံစားဖို့သက်သက်ကြီးပဲလား...
နင်ပျော်မြူးနေတဲ့အချိန်လေးတွေကိုငါမြင်တိုင်း.....
ငါရင်ထဲမှာအရာရာကိုမေ့ပျောက်သွားတယ်..
နင်စိတ်ညစ်နေတဲ့အခိုက်မှာ
ငါအရာအားလုံးနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားတယ်
ဒါမဖြစ်သင့်ဘူလို့ထင်ပေမဲ့
ငါစိတ်ကမင်းရဲ့ဆီမှာအမြဲရောက်နေခဲ့တာ....
ဘာတတ်နိုင်မလဲ..အရာအားလုံးနဲ့ငါ.......
ဆန့်ကျင့်ပြီးနေနိုင်တယ်......
ဒါပေမဲ့မင်းရဲ့အပြုံးတွေဝေးမှာကိုတော့
ငါအရမ်းကြောက်တယ် ချစ်သူရယ----
အရာအားလုံးဟာ ပြီးဆုံးခဲ့တယ်
ဆိုပေမဲ့ ငါ့ရင်ထဲမှာ
အရာအားလုံးဟာ မနေ့တစ်နေ့ကလိုပါပဲ
ချစ်သူရယ်....

မင်းရဲ့ ရယ်မော လှောင်ရီသံတွေ
ကြားမှာ ငါဟာ ကျိန်စာသင့်နေတဲ့
သူတစ်ယောက်လို ဆွံအခဲ့ရတယ်
ချစ်သူ................

တခြားရင်ခွင်မှာ ပျော်နေတဲ့မင်းကို
ငါက မင်းပျော်နေလားလို့
မေးတော့ ဒီလိုပါပဲလို့ မင်းပြောခဲ့တယ်နော်
အခု သစ္စာမရှိတဲ့မင်းကို
စောင့်မျှော်နေတဲ့ငါ့အတွက် ဘယ်သူ့ကို မေးမေး
ငါ့ ကို အရူးလို့ပဲ ပြောကြမှာပါပဲ
ချစ်သူရယ်..........

နောက်ဆုံး ငါ့အပေါ်အနစ်နာခံတဲ့
ချစ်သူတစ်ယောက်ကို ငါရခဲ့ပါတယ်
ငါ့ရဲ့ တန်ပြန်တဲ့ သက်ရောက်မှုကို
ငါ ခံစားရတယ်လို့ပဲ ငါသတ်မှတ်ပါတယ်
ချစ်သူ......

အဲဒီအချိန်မှာပဲ မင်းငါ့ကို
ပြန်ဆက်သွယ်လာတယ်....
ငါမေးခဲ့သလိုပဲ မင်းငါ့ကိုမေးလာတယ်
မင်းပျော်နေလားတဲ့
ငါမင်းကို ပြန်ဖြေခဲ့တယ်
" ဒီလိုပါပဲ" လို့.............................

အရာအားလုံးဟာ တစ်ကယ်ပဲ
ပြီးဆုံးသွားခဲ့ပါပြီ......ချစ်သူရယ်....
မင်းနဲ့ ငါ ဟာ အဝေးဆုံးကို
ရောက်မှန်းမသိ ရောက်ခဲ့ရပြီပဲ ချစ်သူ...............................................