Friday, March 22, 2013

တိုက်တွန်းနိုးဆော်ခြင်း

 



Don't Quit!  လက်မလျှော့နဲ
အောင်မြင်သူနဲ့ ရှုံးနိမ့်သူရဲ့ ကွာခြားချက်ကတော့ အစွမ်းအစ (talent) ကွာလို့မဟုတ်ပါဘူး၊ စိတ်ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ရတာပါ။
အာဗြဟံ လင်ကင်း Abraham Lincoln က ပြောဖူးတယ်။ " အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်တယ်။ အဲဒီ အကောင်းဆုံးကို အမြဲ လုပ်တယ်။ " သူ့စကားအတွက် အကောင်းဆုံး လက်တွေ့ ဥပမာကတော့ သူ့အသက်တာပါပဲ။ သူ့ဘဝ၊ သူ့အလုပ်အကြောင်း မှတ်တမ်းတင်ထားတာကို ဆင်ခြင်ကြည့်ပါ။
1831 – စီးပွါးပျက်၊
1832 – ဥပဒေပြုအမတ်နေရာ ဝင်အရွေးခံရာ - ရှုံး။
1833 – စီးပွါးထပ်ပျက်။
1834 – ဥပဒေပြုအမတ်အဖြစ် အရွေးခံရ။
1835 – ချစ်သူ သေဆုံး။
1836 –  စိတ်ဖေါက်ပြန်။
1838 – ပြောရေးဆိုခွင့်ရှိသူ ရာထူးနေရာ ဆုံးရှုံး။
1840 –  မဲပေးခွင့်ရှိသူနေရာ ရှုံးနိမ့်။
1843 –  ကွန်ဂရက်အမတ်နေရာ ရှုံးနိမ့်။
1846ကွန်ဂရက်၌ အရွေးခံရ။
1848ကွန်ဂရက်၌ ရှုံးနိမ့်။
1855 –  ဆီးနိတ်အမတ်အရာ ရှုံးနိမ့်။
1856ဒုသမ္မတ  နေရာ ရှုံးနိမ့်။
1858  –  ဆီးနိတ်အမတ်အရာ ရှုံးနိမ့် ။
1860 - သမ္မတ အဖြစ်  အရွေးခံရ။


မနီလာမှာ ကျင်းပတဲ့ မိုဟာမက် အလီနဲ့ ဂျိုးဖရေဇိယာ လက်ဝှေ့ပွဲဟာ "မနီလာက ကြောက်စရာပွဲကြီး" "the thrilla in Manila" လို့ လူသိများပါတယ်။ အလီ ခက်ခက်ခဲခဲ နိုင်တဲ့ပွဲပါ။ ပွဲအပြီးမှာ အလီက ဂျိုးဖရေဇိယာ ဟာ သူ့ကို ပြင်းပြင်းထန်ထန် ထိုးလွန်းလို့ လုံးလုံး ရှုံးပြီလို့ ခံစားခဲ့ရတယ်။ အားတောင်မရှိတော့ဘူး။
ပွဲရဲ့ အဆုံးပိုင်းမှာ သူ အရှုံးပေးလုနီးပါးဖြစ်နေပြီ။ အချီနဲနဲပဲ ကျန်ချိန်မှာ အလီက "တခါ ရေကုန်နွှဲဦးမှ " လို့ ပြောပါတယ်။ တနည်းပြောရရင် လက်လျှော့ဖို့ ငြင်းဆန်လိုက်တာပါ။ နောက်ဆုံးအချီတွေမှာ သူ အနိုင်ရတယ်။  
Dr. Bob Jones, Sr; ပြောဖူးတာက "လူတယောက်ရဲ့ ကိုယ်ကျင့်တရားကို စစ်တဲ့အရာကတော့ သူကို ရပ်ပစ်စေတဲ့ အရာပါပဲ။ " အားမလျှော့နဲ့။ လက်မလျှော့နဲ့။
တိုက်ခိုက်ရာမှာ ခွေးရဲ့ အရွယ်က အဓိက မကျဘူး။ ခွေးထဲမှာရှိတဲ့ ကိုက်ချင်တဲ့ စိတ်ကသာ အရေးကြီးတာပါ။        
 
 
 

 ရှုံးလို့ စိတ်မပျက်နဲ့


အရှုံးမကြုံပဲ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ နှစ်ခုက တခြားစီလို့ ထင်ရပေမယ့် အကြီးအကျယ် အောင်မြင်သူတွေဟာ အကြီးအကျယ် ရှုံးဖူးသူတွေပါ။ တခါမှ မရှုံးဖူးသူဟာ ဘာတခုမှ မကြိုးစားဖူးတဲ့သူပါ။ ကြိုးစားကြည့်လေလေ အရှုံးတွေ့လေလေပါ။ ရှုံးပါများတော့ ပညာပိုရလာတယ်။ သိတာလေးကို အသုံးချလိုက်တော့ ပိုအောင်မြင်လာတယ်။

Dr. Bob Jones, Sr; က " အရှုံးထဲက ရထားဘီးဆင်၊ အောင်မြင်မှုဆီ ခရီးနှင်။ "တဲ့။  " Make Chariot wheels out of your failure, and ride them to success."

အောင်မြင်မှုတွေထဲက ကျွန်တော် ပညာမရဖူးဘူး။ အရှုံးတွေထဲကပဲ ပညာရနေတာပါ။  အရှုံးဆိုတာ တိုးတက်ဖို့ လမ်းစ အခွင့်အရေးပဲ။ တခုမဖြစ်ရင် တခြားတခုကိုပြောင်းပြီး ကြိုးစားကြည့်။ ဒါလည်း အဆင်မပြေသေးရင် နောက်တခု ကြိုးစားကြည့်။ မကြာခင် အဖြေတွေ့လာမယ်။

Thomas Edison မီးသီးထွင်တုန်းက အကြိမ် ၇၀၀ ကြိုးစားတာတောင် မအောင်မြင်ဘူးတဲ့။ မိတ်ဆွေတယောက်က "Mr. Edison အကြိမ် ၇၀၀ မအောင်မြင်တာတောင် ဘာကြောင့် လက်မလျှော့တာလဲ" လို့ မေးလာတယ်။

"အကြိမ် ၇၀၀ မအောင်မြင်တာမဟုတ်ဘူး။ မီးသီးမဖြစ်နိုင်တဲ့နည်း ၇၀၀ ရှာတွေ့တာပါ။" လို့ Edison က ပြန်ဖြေတယ်။ သူဟာ မီးသီးအပါအဝင် ဒီနေ့ခေတ် ကျွန်တော်တို့ ကောင်းစားဖို့ တီထွင်မှုပေါင်း တထောင့်တရာကျော်ကို လုပ်ဆောင်ခဲ့သူပါ။

စက်ဘီးစီးသင်တာကို မှတ်မိသလား။ အစမှာ ကောင်းကောင်းစီးတတ်သလား။ ဘယ်ရမလဲ။ တခြားသူတွေလိုပဲ လဲကျမှာပေါ့။ ကျွန်တော်လိုသာဆို မသက်သာလှဘူး။ ဒါပေမယ့် စီးတတ်ချင်တာကိုး။ ထပ်ကြိုးစားရတာပေါ့။ ခဏခဏ လဲတယ်။ နောက်ဆုံးမှ ကိုယ်ကိုထိန်းတတ်လာတဲ့အခါ မလဲတော့ပဲ အဝေးကြီးအထိ စီးတတ်သွားပြီ။

နောက်ကျတော့ လက်ကိုင်တောင် မကိုင်ပဲ၊ စီးချင်ရာ စီးနိုင်ပြီ။ အရှုံးတိုင်းဟာ အတွေ့အကြုံတခုကိုသင်ယူရတာပါ။  မရှုံးဖူးရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။

ဒါကြောင့် ရှုံးလို့ စိတ်မပျက်နဲ့။ အရှုံးဆိုတာ အောင်မြင်မှုကို ဖြစ်စေမယ့် အထောက်အကူ instrument တခုပါ။
 

ကျင့်ဆောင် လိုက်လျောက်၇န် - ပညတ်တော်မြတ် ၆၁၃ ပါး

ပညတ်တော်မြတ် ၆၁၃ ပါး


မေးလိုက်လျင် ..ခရစ်ယာန် အများစုဟာ ထာဝရဘုရား၏ အလိုတော်ကို လိုက်နာလိုသုများဖြစ်ကြတယ်။ ဒါပေမဲ့..ထာဝရဘုရား၏ အလိုတော်ဟာဘာလဲ လို့မေးလိုက်ရင်တော့...အဖြေခက်ကြတယ်။ ညီအကို မောင်နှမတို့ ..ထာဝရဘုရား၏ အလိုတော်ဟာ ကျမ်းစာထဲမှာ ကွက်ကွက်ကွင်းကွင်း ဖေါ်ပြထားပြီးသားဖြစ်တယ်။ အဲဒီအလိုတော် တွေကို ဒီကနေ့..ခရစ်ယာန် အများစု..(သိပ်ခါတော်ရကြီးတွေအပါအဝင်)....ဓမဟောင်းထဲက ဟာတွေ တို့နဲ့မဆိုင်တော့ဘူး...ဂျုးကျမ်းတွေဆိုပဲ။ တကယ် ဝမ်းနည်းစရာပါပဲ......


ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်းဟာ...သခင်ယေရှု၏ အသက်သေ၊ ရှင်ပြန်ထမြောက် ခြင်းကို ယုံကြည်ခြင်းအားဖြင့် သာရယူနိုင်တာဖြစ်တယ်။ သို့သော်များလည်း ...ကယ်တင်ခြင်းရပြီးနောက် ထာဝရဘုရား၏ အလိုတော်နှင့်ပြည့်စုံကြွယ်ဝ၊ တိုးတက် တဲ့အသက်တာကိုတော့ ထာဝရဘုရား၏ ပညတ်တို့ကို ကိုယ်ကိုတိုင် လိုက်လျောက်မှသာ ရရှိနိုင်တာဖြစ်တယ်။ 

ညီအကို မောင်နှမတို့ ...အပြစ်ဆိုတာ  ထာဝရဘုရား၏ ပညတ်တို့ကိုချိုးဖောက်ခြင်းဖြစ်တယ် (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၃း၎)။....ယေရှု (Grace) အားဖြင့် သင်သည်အပြစ်သား မဟုတ်တော့ချေ။ သို့သော်များလည်း...ထို Grace အားဖြင့်ပညတ်တို့ကိုဆက်လက် ချိုးဖောက်ခြင်းကို ထာဝရဘုရားမလိုလား။  Grace အားဖြင့် ကျေးဇူးတင်သော နှလုံးသားနှင့် ထာဝရဘုရား၏ ပညတ်တို့ကို လိုက်လျောက်ခြင်းသည် ထာဝရဘုရား၏ အလိုတော်ဖြစ်သည်။ 


တမန်တော်ကြီးပေါလုက ပြောတယ်..."ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော် (Grace) ပွါးများစေခြင်းငှါ အပြစ်တရား (ပညတ်တို့ကိုချိုးဖောက်ခြင်း) ကိုကျင့်၍ နေရမည်လော။ ထိုသို့မနေရ။ အပြစ်တရား တွင်သေပြီးသောသူတို့သည် (born again).. ထို(အပြစ်)တရား၌ အဘယ်သို့ရှင်ရဦး မည်နည်း။ ...." (ရောမသြဝါဒစာ အခန်းကြီး ၆း၁-၂)


ဆင်ခြင်ကြည့်ပါ မိတ်ဆွေ.......
ထာဝရဘုရား၏ အလိုတော်ကို လိုက်နာနိုင်ကြသောသုများဖြစ်ပါစေ လို့ဆုမွန်းကောင်းတောင်းလျက်။

 



ဤပညတ်တော် တို့အားမဖတ်မည် စိတ်နှလုံးထဲတွင် ကိမ်းဝတ်ရန် ကျမ်းချက်များ - 

- လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏။ (ရှင်ယာကုပ်သြဝါဒစာ ၂း၂၄)

- အကြောင်း မူကား၊ တရားနာသောသူသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်မဟုတ်။ တရားကိုကျင့်သောသူသာလျှင် ဖြောင့်မတ်ရာသို့ရောက်လိမ့်မည်။ (ရောမသြဝါဒစာ၂း၁၃)

- ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည်သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏စကားတော်ကို နားထောင်သောသူတို့အား ပေးသနားတော်မူ သော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။ (တမန်တော်ဝတ္ထု  ၅း၃၂)

- ထိုယေရှုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ထိုယေရှုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသာကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။ (ရှင်ယောဟန်သြဝါဒစာပဌမစောင် ၂း၃-၄)

မြေကြီးအရာကို ငါပြော၍ သင်တို့သည်မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ယုံကြလိမ့်မည်နည်း။ (ရှင်ယောဟန်ခရစ်ဝင် ၃း၁၂)

 - အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ဗျာဒိတ်ကျမ်း ၂၂း၁၄)

- ယေရှုက.....ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ (ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄း၁၅)


ပညတ်တော်မြတ် ၆၁၃ ပါး


ဘုရားသခင်နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၁) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားရှိသည်ကိုသိပါ။  (ငါသည် သင့်ကိုကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။  ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀း၂)

(၂)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ အမည်နာမ ကို သီးသန့်ထားပြီး မြင့်တင်ပါ။ (သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရားသန့်ရှင်းတော် မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။ ၀တ်ပြုရာကျမ်း  ၂၂း၃၂)

(၃) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်၏။  (အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ တရားဟောရာကျမ်း ၆း၎)

(၄) ယဟို(ဗ)ဝါးיהוה ထာဝရဘုရားသခင် ကိုချစ်ပါ။ (သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ တရားဟောရာကျမ်း ၆း၅)
 
(၅)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် ကို ဝတ်ပြု၊ ချစ်ကြောက်ရိုသေပါ။ (သင်၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ ... တရားဟောရာကျမ်း ၆း၁၃)

(၆)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တို့ကို လိုက်နာစောင့်ထိမ်းပါ။ (သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရား ၏ပညတ်တော်တို့ကိုစောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရား ကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့သန့်ရှင်းသော အမျိုးအစဉ်အမြဲ ဖြစ်စေတော်မူမည်။ တရားဟောရာကျမ်း ၂၈း၉ )

(၇) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် မှလွဲပြီး ဘယ်ဘုရားဟုဆိုသော အရာကိုမှ မကိုးကွယ်ရ။  (ငါမှတပါးအခြားသောဘုရားကို မကိုးကွယ် နှင့်။ ထွက်မြောက်ရာကျမ်း  ၂၀း၃)

(၈) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် ကိုမကျိန်ဆဲရ။ (ဘုရားသခင်ကို လွန်ကျူး၍မပြောရ။ ...ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၂း၂၈)

(၉) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင်၏ အမည်နာမ ကိုမဖြက်စီးရ။ (သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရားသန့်ရှင်းတော် မူသည်ဟု ဣသရေလအမျိုးသားတို့သည် ထင်မှတ်ရကြမည်။ ၀တ်ပြုရာကျမ်း  ၂၂း၃၂)

(၁၀) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင် ကို သွေးတိုးမစမ်းရ။ (သင်သည် မဿာအရပ်၌ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။ တရားဟောရာကျမ်း ၆း၁၆)  

(၁၁) ယဟို(ဗ)ဝါး  יהוהထာဝရဘုရားသခင်၏ ပညတ်တရားတိုကို လစ်လူရှု့ နှမ့်ချခြင်း မပြုလုပ်ရ။(ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်လော့၊ ထပ်၍မပိုရ၊ နှုတ်၍မလျော့စေရ။ တရားဟောရာကျမ်း ၁၂း၃၂)

(၁၂) ယဟို(ဗ)ဝါး יהוהထာဝရဘုရားသခင်၏ ပညတ်တရားတိုကို ပြုပြင် ဖြက်ဆီးခြင်း မပြုလုပ်ရ။(ငါမှာထားသမျှတို့ကို ကျင့်အံ့သောငှာစောင့်ရှောက်လော့၊ ထပ်၍မပိုရ၊ နှုတ်၍မလျော့စေရ။ တရားဟောရာကျမ်း ၁၂း၃၂) 

(၁၃) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ အလိုတော်ကိုဝန်ခံကြရမည်။ (သင်၏ဘုရားသည်ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ .. တရားဟောရာကျမ်း အခန်းကြီး ၁၀း၂၀) 

 ပညတ်တရား ကျမ်းစာ နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၁၄) အသက်ကြီးသော လူကြီး ရွယ်အို တို့ကိုရိုသေပါ။ (ဆံပင်ဖြူသော သူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ဘုရားသခင်ကို ကြောင်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၃၂)

(၁၅) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တို့ကို လေ့လာဆည်းပုး ပြီး သား၊ သမီးတို့အား အစဉ်မပြတ် သွန်သင်ရမည်။ (ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ တရားဟောရာကျမ်း ၆း၇ ) 

(၁၆) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်သီချင်းကို ကိုကိုယ်တိုင် ကုးမှတ်ရေးသားပြီး၊ ဆောင်ထားရမည်။ (ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထိုသီချင်းကို  ဣသရေလ အမျိုးတဘက်၌ ငါ့အဘိုးသက်သေဖြစ်စေခြင်းငှါ၊ သူတို့သည် နှုတ်ကျက်ရအောင်သင်စေကြလော့။ တရားဟောရာကျမ်း ၃၁း၁၉ )

အနေအထိုင် ဓလေ့ထုံးစံ နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၁၇) ဖွားမြင်သော သားယောက်ကျားတို့အား အရေ ဖျားလှီးမင်္ဂလာပြုရမည်။ ( အရေ ဖျားလှီးမင်္ဂလာသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာ သက်သေဖြစ်ရလိမ့်မည်။ ကမ္ဘာဦးကျမ်း ၁၇း၁၁)

(၁၈) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်၏ ပညတ်တော်တို့ကို သတိရရန် အဝတ်စွန်းတို့၌ ပြာသောကြိုးနှင့် ချီတွဲပြီး ပန်းပွားတို့ကိုဝတ်ဆင်ပါ။ (သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကိုလုပ်၍၊ ပြာသောကြိုးနှင့် ချီတွဲရကြ မည်။ ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက်မေ့ ၍ ကျင့်ကြမည်အကြောင်း၊ အထက်ကကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဥာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်၊ မမှီဝဲ၊တောလည်ရာကျမ်း ၁၅း၃၈-၃၉ )

(၁၉) တဖီလင် သားရေကြိုးကို နဖုးပေါ်တွင် ဝတ်ဆင်ပါ။ (ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။ တရားဟောရာကျမ်း  ၆း၈)

(၂၀) တဖီလင် သားရေကြိုးကို လက်တွင်ကြစ်ပြီး ဝတ်ဆင်ပါ။ (ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့င်း ချည်ထားရမည်။ တရားဟောရာကျမ်း  ၆း၈)

(၂၁) မဇူဇာ ကျမ်းစာလိပ် ကိုအိမ်တံခါးတွင် ချိတ်ထားပါ။(အိမ်တံခါး၊မြို့တံခါးတို့၌လည်း ရေးထားရမည်။တရားဟောရာကျမ်း  ၆း၉ )

(၂၂) ယောက်ကျားတို့ သည် မိန်းမများအတွက် ပြုလုပ်ထားသော အဝတ်အစားကို မဝတ်ဆင်ရ။ (မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။ တရားဟောရာကျမ်း  ၂၂း၅)

(၂၃)  မိန်းမတို့ သည် ယောက်ကျားများအတွက် ပြုလုပ်ထားသော အဝတ်အစားကို မဝတ်ဆင်ရ။ (မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။ တရားဟောရာကျမ်း  ၂၂း၅)

(၂၄) ဝါနှင့်သိုးမွေးကိုရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ (ဝါနှင့်သိုးမွေးကိုရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။ တရားဟောရာကျမ်း  ၂၂း၁၁)

အစားအသောက် နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၂၅)  ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော (ခွါတိတိမကွဲပြား၍ စားမြုံ့မပြန်သောသားများ) ဝက်၊ မြင်း၊ ကလအုပ် စသည်ဖြင့် သားကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၆) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော ငါးခူ၊ ငါးရှင့်၊ ဂဏန်း၊ ပုဇွန် (အယပ်နှင့် အကြေးမရှိ) စသည်ဖြင့် ရေသတဝါများအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၇) ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင် တားမြစ်ထားသော သိန်းငှက်၊ လင်းတ၊ လင်းဆွဲ၊ ဇီးကွက် စသည်ဖြင့် ကျေးငှက်များ အား မစားရ။ (ငုံး၊ ဘဲကင် စားလို့ရတယ်) (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၈) ချ၊ တီကောင်၊ ပိုးမွား စသည်ဖြင့် အကောင်ဘလောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၂၉ ) မြေတွင်တွားသော ကင်းမီးကောင်၊ ကင်းခြေများ စသည်ဖြင့် ပိုးကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၀) ကြွက်၊ ပုး၊ ယုံ၊ ခွေး စသည်ဖြင့်တို့ကို မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၁) ရေတွင်တွားသော ပိုးကောင်များအား မစားရ။ (၀တ်ပြုရာကျမ်း အခန်းကြီး ၁၁)

(၃၂) အတောင်ရှိသော တွားသွား ပိုးကောင်များအား မစားရ။ (ခြင်၊ ယင် စသည်ဖြင့်) (အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန်ရှိသမျှ တို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသားကိုမစားရ။ တရားဟောရာကျမ်း ၁၄း၁၉ )

(၃၃) သားရဲကိုက်ထားသော အသားတို့အား မစားရ။ (သင်တို့သည် ငါ့ထံ၌ သန့်ရှင်းသောသူဖြစ်ရကြမည်။ တော၌ သားရဲကိုက်သော အမဲသားကိုမစားရ။ ခွေးတို့အားပစ်ပေးရမည်။ ထွက်မြောက်ရာကျမ်း  ၂၂း၃၁)

(၃၄) အလိုလိုသေသောအကောင်တို့ကို မစားရ။ (အလိုလိုသေသောအကောင်ကို မစားရ။တရားဟောရာကျမ်း ၁၄း၂၁)

(၃၅) သားရဲ အား ဖဲ့ပြီးအရှင်လတ်လတ် မစားရ။ (အသားနှင့်တကွ အသက်ကိုမစားရ။တရားဟောရာကျမ်း အခန်းကြီး ၁၂း၂၃)

(၃၆) သားကောင်အမေ နှင့်သားအမိ ကိုတရက်အတွင်းတွင်မသတ်စားရ။( နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ။ ၀တ်ပြုရာကျမ်း အခန်းကြီး ၂၂း၂၈)

(၃၇) ငှက်မိခင် နှင့် သုမ၏ သား၊ သမီး တို့အား အတူတူမဖမ်းစီးရ။ (သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကိုတွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကို မယူရ။တရားဟောရာကျမ်း ၂၂း၆)

(၃၈) ကျောက်ခဲနှင့် ပစ်၍သတ်ရမည့် ကျွဲ၊ နွား တို့၏အသားကိုမစားရ။ ( နွားသည် လူယောက်ျားမိန်းမကို ခွေ့၍ လူသေလျှင်၊ စင်စစ် ထိုနွားကိုကျောက်ခဲနှင့် ပစ်၍သတ်ရမည်။ အသားကိုလည်းမစားရ။ နွားရှင်ကိုကား၊ ပြစ်လွှတ်ရမည်။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၁း၂၈)

(၃၉) ဆိတ်သငယ် အား သုူ၏အမိ နို့ရည် တွင်မပြုတ်စားရ။ (ဆိတ်သငယ်ကို အမိနို့ရည်မပြုတ်မချက်ရ။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၁၉ )

(၄၀) မိခင် နှင့် သားသငယ် ကိုစားရန်ဖြစ်သော်လဲ လေးလေးစားစား ပြုဆောင်တတ်ပါ။ (ဆိတ်သငယ်ကို အမိနို့ရည်မပြုတ်မချက်ရ။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၁၉ )

(၄၁)  ပေါင်ချန်၌ရှိသော အကြောကြီးကိုမစားသင့်။ (ထိုသို့ ယာကုပ်၏ပေါင်ချန်အကြောကြီးကို ထိုးတော် မူသောကြောင့် ဣသရေလအမျိုးသားတို့သည် ပေါင်ချန်၌ရှိသော အကြောကြီးကို ယနေ့တိုင်အောင် မစားရှောင် လေ့ရှိကြ၏။ ကမ္ဘာဦးကျမ်း ၃၂း၃၂)

(၄၂) အဆီ အအိမ့် တိုကိုရှောင်ကျင်ပါ။ (သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်းမစားရ။ဝတ်ပြုရာကျမ်း အခန်းကြီး ၇း၂၃)

(၄၃) သားကောင်တို့၏ အသွေးကို မသောက် မစားရ။ (သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကိုမစားရ။ဝတ်ပြုရာကျမ်း အခန်းကြီး ၇း၂၆)

(၄၄) အစား အသောက် ကို လွန်ကျုးခြင်း မပြုရ။ ( မကောင်းသော အတတ်ကို မပြုစုရ။ ....။ဝတ်ပြုရာကျမ်း ၁၉း၂၆)

(၄၅) အစားတလုပ် မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (ခွါကွဲပြား၍ စားမြုံ့ပြန်သောသားများကို သင်တို့သည် စားရသောအခွင့်ရှိ၏။ ၀တ်ပြုရာကျမ်း ၁၁း၃)

(၄၆) ဘာရေစာမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌နေသောတိရစ္ဆာန် တကာတို့တွင်၊ အယပ်နှင့် အကြေးရှိသော တိရစ္ဆာန် ကိုသာစားရမည်။  ၀တ်ပြုရာကျမ်း ၁၁း၉)

(၄၇)  ဘာငုက်ကိုမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။ (စင်ကြယ်သောငှက် အမျိုးမျိုးကိုစားရ သောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၁၄း၁၁)

(၄၈) ဘာပိုးကောင်ကိုမှ မစားခင် ယဟို(ဗ)ဝါး יהוה ထာဝရဘုရားသခင်ပညတ်တို့ကို သတိရလျက် ဆင်ခြင်ပါ။  (အာရာဘ ကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကိုစားရမည်။ ၀တ်ပြုရာကျမ်း ၁၁း၂၂)

(၄၉) စားသုံးရန် တိရစ္ဆာန်တို့ ကို  ယဟို(ဗ)ဝါး יהוהထာဝရဘုရားသခင် ညွန်ထားသည့်အတိုင်း အသွေးကိုသွန်၍သတ်ပါ။ (သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသော သိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာ အရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ တရားဟောရာကျမ်း ၁၂း၂၁)

(၅၀) ငှက်သိုက် ကိုယူလျင် မိခင်ငှက်ကို အသက်ချမ်းသာရာပေးပါ။ (သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကိုတွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကို မယူရ။
သင်သည်ကောင်းစား၍ အသက်တာရှည်မည်အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ် ရမည်။ တရားဟောရာကျမ်း ၂၂း၆-၇)
(၅၁) သားလိုက်၍ ရသော တိရစ္ဆာန်တို့ ၏အသွးကို မြေတွင်သွန်၍ ဖုံးအုပ်ပါ။ (ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။ ၀တ်ပြုရာကျမ်း အခန်းကြီး ၁၇း၁၃)



လိင်အင်္ဂါ နှ့င်ပတ်သက်သောညွန်ကြားချက်များ -

(၅၂) သင်၏ဆွေမျိုးတို့ နှင့်မတရားသော မေထုံမပြုရ။ (သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍သံဝါသမပြုရ။ ငါသည်ထာဝရ ဘုရား ဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၆)

(၅၃) သင်၏ မိခင်နှင့် မေထုံမပြုရ။ (သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကိုမချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသ မပြုရ။ ၀တ်ပြုရာကျမ်း ၁၈းရ)

(၅၄)  သင်၏ ဖခင်အရှက်ကိုဖော်၍  မေထုံမပြုရ။ (သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကိုမချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသ မပြုရ။ ၀တ်ပြုရာကျမ်း ၁၈းရ)

(၅၅) သင့်အဖ ၏ မယားနှင့် မေထုံမပြုရ။ (ကိုယ်အဘ၏ မယားမည်သည်ကိုမချဉ်းရ။ အဘနှင့်သာဆိုင်၏။ဝတ်ပြုရာကျမ်း ၁၈း၈)

(၅၆) သင့်၏ အမ၊ နှမ အားမေထုံမပြုရ။ (တအိမ်တည်း၌မွေးဘွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။ဝတ်ပြုရာကျမ်း ၁၈း၉)  

(၅၇) သင့်၏ အဖေတူ အမေကွဲ အမ၊ နှမ အားမေထုံမပြုရ။ (အမိခြားသော်လည်း တဘတည်းဖြစ်သောနှမကို မချဉ်းရ။ ၀တ်ပြုရာကျမ်း ၁၈း၁၁)

(၅၈) သင်၏ ချွေးမ နှင့်မေထုံမပြုရ။ (သား၏မယားတည်း ဟူသော ချွေးမကို၎င်း ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၅၉) သင်၏ သားမှပေါက်ပွားသော မြေးနှင့် မေထုံမပြုရ။ (ကိုယ်မယား၏ ပေါက်ဘော် ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကိုမချဉ်းရ။ မတရားသောအမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၆၀) သင်၏ သမီးနှင့်မေထုံ မပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၆၁) သင့်အဖေ၏ ညီမ သို့မဟုတ် အမဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၂)  သင့်အမေ၏ ညီမ သို့မဟုတ် အမဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၃) သင့်ဦးလေး ၏ မယားဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၄) သင့်၏ဦးလေး နဲ့လည်း မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၅)  သင်၏ သမီးမှပေါက်ပွားသော မြေးနှင့် မေထုံမပြုရ။ (ကိုယ်မယား၏ ပေါက်ဘော် ရင်းဖြစ်သော မယား၏သမီး၊ မယား၏မြေးကိုမချဉ်းရ။ မတရားသောအမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၁၀)

(၆၆ ) သင့် အကိုသော်၎င်း၊ ညီသော်၎င်း ၏ မယားနှင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၇) သင့် မယား၏ သမီးများဖြင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၆၈) သင့်မယား ၏ သားမှပေါက်ပွား သော သမီးများဖြင့် မေထုံမပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၆၉) သင့်မယား ၏ သမီးမှပေါက်ပွား သော သမီးများဖြင့် မေထုံမပြုရ။ (၀တ်ပြုရာကျမ်း ၁၈)

(၇၀) သင်၏ ယောင်းမ နှင့် မေထုံမပြုရ။  (၀တ်ပြုရာကျမ်း ၁၈)

(၇၁)  ရာသီ လာနေသော အမျိုးသမီး နှင့် လိင်မဆက်ဆံရ။ (ဥတုရောက်၍မစင်ကြယ်သော မိန်းမကိုလည်းမချဉ်းရ။ ၀တ်ပြုရာကျမ်း ၁၈း၁၉ )

(၇၂) သူတပါး၏ မယားဖြင့် လိင်မဆက်ဆံရ။ (ကိုယ်ကိုညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ ၀တ်ပြုရာကျမ်း ၁၈း၂၀ )

(၇၃) ယောက်ကျားအချင်းချင်း  မေထုံမပြုရ။ (မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ယောက်ျားချင်း မပေါင်း ဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၂ )

(၇၄) ယောက်ကျားတို့ တိရစ္ဆာန် သတဝါ တို့နှင့်  လိင်မဆက်ဆံရ။ (ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့် မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သောရောနှောခြင်းဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၃ )

(၇၅)  မိန်းမတို့လည်း တိရစ္ဆာန် သတဝါ တို့နှင့်  လိင်မဆက်ဆံရ။ (ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့် မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သောရောနှောခြင်းဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၈း၂၃ )

(၇၆ )  လူသော်၎င်း၊ တိရစ္ဆာန်သော်၎င်း ဂွေးသင်းခြင်း မပြုရ။ (ကိတ်နယ်စုတ်ပြတ်ရာအနာရှိသော အထီး ကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။ ၀တ်ပြုရာကျမ်း အခန်းကြီး ၂၂း၂၄)

အခြင်းခြင်း တဦးနှင့်တဦး ဆက်ဆံရေး နှင့်ပတ်သက်သောညွန်ကြားချက်များ - 


 (၇၇) ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ (ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၇၈) နှိမ့်ချခြင်း၊ စိတ်နှလုံး အမှန်အကန် ဖြင့် အပြစ်ရှိသောသူကိုဆုံးမ သွန်သင်ပါ။ (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၇၉) သင်ကိုချစ်သောသူဖြစ်ဖြစ်၊ မုန်းသောသူဖြစ်ဖြစ် ကိုကူညီနိုင်သော သူတိုင်းကိုကူညီမစရမည်။ (သင့်ကိုမုန်းသောသူ၏ မြည်းသည်၊ မိမိဆောင်ရွက်သောဝန် အောက်မှာ လဲနေသည်ကိုတွေ့မြင်လျှင်၊ မမစဘဲနေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစရမည်။ ထွက်မြောက်ရာကျမ်း ၂၃း၅)

(၈၀) သင်၏လမ်းတွင် မတော်တယော် ဒုတ်ခရောက်နေသော သူတွေ့လျင် မစကူညီပါ။ (ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍ မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက်မစရမည်။ တရားဟောရာကျမ်း ၂၂း၎)

(၈၁) သုတပါးအား မကောင်းကြံစည် ခြင်းမပြုရ။ (ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ၀တ်ပြုရာကျမ်း ၁၉း၁၆)

(၈၂) သင်တို့သည် အချင်းချင်း မညှဉ်းဆဲရ။ (သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၂၅း၁၇)

(၈၃)  အတင်းမပြောရ။ သုတပါး၏ မကောင်းသိတင်း ကိုမဖြန့်ဝေရ။  (သူ့အသရေပျက်သောသိတင်းကို ကြားပြောခြင်းငှါ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၆)

(၈၄) အချင်းချင်း အညိုးမထားရ။  (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၇)

(၈၅) အချင်းချင်း အရှက်မခွဲရ။ ဂရုနာ ဖြင့်သာ အသိပေး ဆုံးနရမည်။ (သင်၏ညီအစ် ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့်စပ်ဆိုင်သောသူ၌ ရှိသောအပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကိုအမှန်ဆုံးမရမည်။ ၀တ်ပြုရာကျမ်း ၁၉း၁၇)

(၈၆) အချင်းချင်း ဂလဲ့စား မချေရ။(သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ မငြိုးမထားရ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၈၇)  အချင်းချင်း တယောက်နှင့်တယောက် ကိုယ်နှင့်အမျှချစ်ရမည်။(သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ မငြိုးမထားရ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၈)

(၈၈) မသိနားမလည်သောသုကို မကျိန်ဆဲရ။ (နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာ ကိုမထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁၄)

(၈၉)  မသိနားမလည်သောသုကို ထိမိ၍လဲစရာ အပြစ်လုပ်စေခြင်း မပြုရ။ (နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူရှေ့မှာ ထိမိ၍လဲစရာ ကိုမထားရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၁)

(၉၀)  သင်၏လမ်းတွင် မတော်တယော် ဒုတ်ခရောက်နေသော ညီအကို (သို့) ကျွဲ၊ နွားကို တွေ့လျင် မကူညီပဲမနေပါနှင့်။ (ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍ မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက်မစရမည်။ တရားဟောရာကျမ်း ၂၂း၎

ဝတ်ပြုခြင်း၊ ဂုဏ်ဆော်ချီးမွမ်းခြင်း နှင့်ပတ်သက်သောညွန်ကြားချက်များ -

(၉၁) ထိုဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်ရမည်။ (သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုရမည်။ သင်၏မုန့်ကို၎င်း၊ ရေကို၎င်း၊ ကောင်းကြီးပေးတော်မူမည်။ အနာရောဂါကိုလည်း သင်၏အထဲက နှုတ်ယူပယ်ရှားတော်မူမည်။ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၃း၂၅၊  သင်၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကို ပြုရမည်။ တရားဟောရာကျမ်း အခန်းကြီး ၆း၁၃)

(၉၂) ရှီမား ကို နေ့စဉ် ရွတ်ဆိုရမည်။ (ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်၊ တရားဟောရာကျမ်း ၆း၇)

(၉၃) အစား စားရတိုင်း ယဟို(ဗ)ဝါး יהוה ထာဝရဘုရား အား ကျေးဇုးတော် ချီးမွမ်းရမည်။ (ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီမွမ်းရမည်။တရားဟောရာကျမ်း ၈း၁၀)

အိမ်ထောင်မိသားစု နှင့်ပတ်သက်သောညွန်ကြားချက်များ - 


(၉၄)  သင်၏ မိဘများအား ရိုသေစွာပြုစုရမည်။ (သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း၊ သင်၏မိဘကိုရိုသေစွာ ပြုလော့။ထွက်မြောက်ရာကျမ်း ၂၀း၁၂)

(၉၅) သင်၏ မိဘများအား လေးစား ရမည်။ (လူတိုင်းကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ ကိုလည်းစောင့်ရမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ၀တ်ပြုရာကျမ်း ၁၉း၃)

(၉၆) သင်၏ အမျိုးများပြားရန် ကလေးများမွေးရမည်။ (အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရ စ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။ကမ္ဘာဦးကျမ်း ၁း၂၈)

(၉၇) အပြစ်(ဘုရားသခင်၏ ပညတ်တို့ကိုချိုးဖောက်) သိ၇က်နှင့် လုပ်သော မယားအား ဖြတ်စာဖြင့်ကွဲလွတ်ရမည်။ (တစုံတယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့်လွှတ်လိုက်ရမည်။တရားဟောရာကျမ်း  ၂၄း၁)

(၉၈) လောလောလတ်လတ် အိမ်ထောင်ပြု ပြီးသောအမျိုးသားသည် တနှစ်တာ မျှ စစ်တိုက် မထွက်ရ။ သူ၏မယားကိုသာ လျှင်ပြုစုပြိုးထောင်ပေးရမည်။ (အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက်မသွားရ။ မင်းအမှုကို မဆောင်ရ။ တနှစ်ပတ်လုံး ကိုယ့်အိမ်၌ အလွတ်နေ၍ မယားကိုကျွေးမွေးပြုစုရမည်။ တရားဟောရာကျမ်း ၂၄း၅)

(၉၉) သင်၏ အမျိုးသမီးအား အခြားယောက်ကျားဖြင့် ဖောက်ပြန်သည် ဟုသံသရ ရှိခဲ့လျင်  ယဇ်ပုရောဟိတ် ထံသို့ခေါ်ပြီး ပညတ်အတိုင်းေ၇ခါးကိုသောက်ခိုင်းကာ သုအပြစ်ရှိ မရှိ ရှာဖွေ သက်သေပြုပါ။ ( ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသောတရားပေတည်း။ ယောက်ျားသည် မယားကိုမယုံ၊ ထာဝရဘုရား ရှေ့တော်၌ ထားသောအခါ၊ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်းစီရင်သဖြင့်၊...တောလည်ရာကျမ်း  ၅း၃၀)

(၁၀၀) ယောက်ကျားသည် သူ၏မယားအား အပျိုစဉ် မစစ်ဟု မမှန် မကန် စွတ်စွဲပြီးမှားခဲ့လျင် ထိုမိန်းမအား တသက်ကွာမရဘဲပေါင်းရမည်။ ( ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏အသရေကိုထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံးထိုမိန်းမနှင့်မကွာရ။ တရားဟောရာကျမ်း အခန်းကြီး ၂၂း၁၉ )

(၁၀၁)  ဖောက်ပြန်သော လင်ယောင်ကျား (သို့) မယားအား ဆက်လက်မပေါင်းသင့်။ (တစုံတယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်း ရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့်လွှတ်လိုက်ရမည်။တရားဟောရာကျမ်း  ၂၄း၁)

(၁၀၂) သားသမီး မရှိ၊ သေဆုံးသွားသည့် သင့် ညီအကို၏ မယားအား မျိုးမပျတ်ရန် သင်ဆက်လက်ထိမ်းများ လက်ထပ်ယူရမည်။ (အတူနေသော ညီအစ်ကိုတို့တွင်၊ တစုံတယောက်သောသူသည်သားမရှိဘဲသေလျှင်၊ သေသောသူ ၏မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်းကိုမပြုရ။ သူ၏လင်ညီသည် သူ့ကိုသိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သော ဝတ်ကိုပြုရမည်။ တရားဟောရာကျမ်း ၂၅း၅)

(၁၀၃) သင်သည် သေဆုံးသွားသော သင့်ညီအကို၏မယားအား မယူလိုလျင် ထုံးလမ်းအဆင်အရာ အလိုက် ကင်းရှင်းကြောင်းအရှက် သက်သေပြုရမည်။ (ညီသည် အစ်ကိုမယားကိုမယူလိုလျှင်၊ မိန်းမသည် အသက်ကြီးသူတို့ ရှိရာမြို့တံခါးဝသို့သွား၍၊ ကျွန်မ၏လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ၊ သူပြုအပ်သော ဝတ်ကိုမပြုလိုပါဟုလျှောက်လျှင်။ မြို့၌အသက်ကြီးသူတို့ သည်ထိုသူကို ခေါ်၍မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွုန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်။သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာသူ့အပါးသို့ချဉ်း၍ သူ၏ခြေနင်းကိုချွတ်လျက်၊ သူ၏မျက်နှာ၌ တံတွေးထွေးလျက်၊ မိမိအစ်ကိုအိမ်ကို မဆောက်လိုသောသူ၌ ဤသို့ပြုသင့်သည်ဟု သူ့အားပြန်ပြောရမည်။ တရားဟောရာကျမ်း ၂၅း၅)

(၁၀၄) သင်၏မိဘကို မရိုက်နက်၊ မသတ်ရ။ (မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ထွက်မြောက်ရာကျမ်း ၂၁း၁၅)

(၁၀၅) သင်၏မိဘ ကိုမကျိန်ဆဲရ။ (မိဘကိုကျိန်ဆဲသောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ထွက်မြောက်ရာကျမ်း ၂၁း၁ရ)

(၁၀၆) လင်ငယ်ထား ပြီးရသောသားသည် ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ ( မျောက်မထား၍ရသောသားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ဆယ်ဆက်မြောက်အောင်မဝင်ရ။ တရားဟောရာကျမ်း ၂၃း၂)


(၁၀၇) ယောက်ကျား လိင်အင်္ဂါ မစုံလျင်၊ ချို့တဲ့နေသာ သူသည် ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ ( ယောက်ျား၏ အင်္ဂါလက္ခဏာမစုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ တရားဟောရာကျမ်း ၂၃း၁)

(၁၀၈) အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း ထားဝရဘုရား၏အစုအဝေး တွင်မပါဝင်ရ။ (အမ္မုန်အမျိုးသား၊ မောဘအမျိုးသားသည်လည်း၊ ထာဝရဘုရား၏ ပရိသတ်တော် ၌ အပါအဝင်မဖြစ်ရ၊ ကာလအစဉ်မကုန်၊ ဆယ်ဆက်မြောက်အောင်မဝင်ရ။ တရားဟောရာကျမ်း ၂၃း၃)

(၁၀၉) ဧဒုံအမျိုးသားကိုမူကား မျိုးနှစ်ဆက်လွန်ပြီးလျင် ထားဝရဘုရား၏အစုအဝေး တွင်ပါဝင်နိုင်သည်။ (ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည်သင်၏ ညီအစ်ကိုဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံ ခဲ့ဘူးပြီ။သူတို့အမျိုးအနွယ်သည် သုံးဆယ်မြောက်မှာထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၂၃း၇)

(၁၁၀)  အဲဂုတ္တု အမျိုးသားကိုလည်း မျိုးနှစ်ဆက်လွန်ပြီးလျင် ထားဝရဘုရား၏အစုအဝေး တွင်ပါဝင်နိုင်သည်။ (ဧဒုံအမျိုးသားကိုမူကား၊ မမုန်းရ။ သူသည်သင်၏ ညီအစ်ကိုဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံ ခဲ့ဘူးပြီ။သူတို့အမျိုးအနွယ်သည် သုံးဆယ်မြောက်မှာထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။ တရားဟောရာကျမ်း အခန်းကြီး ၂၃း၇)
 


ခရစ်တော်၌လူသစ်ဖြစ်ခြင်း၏အခွင့်အရေး

ဓိကကျမ်းပိုဒ်-
               လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာ တို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ၂ကော၅း၁၇

အထောက်အကူပြုကျမ်းပိုဒ်များ.......
     -ငါသည်တံခါးဝဖြစ်၏။ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက်ထွက်ဝင်၍ကျက်စားရာကို တွေ့ရ လိမ်မည်။
    - သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည်          အသက်လွတ်ရုံမျှ မက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။
                    ယော ၁၀း၉-၁၀
    - ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ 
                     ယော ၁း၁၂
     - သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကိုအစိုးရသော မင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏ အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။
                     ယော ၂း၁-၃
      - ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈာယ် ဆရာကို သင်တို့နှင့် အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။
     - ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော် သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။
                   ယော ၁၄း၁၆-၁၇
      - ဘုရားသခင်ကိုင်း၊ ငါတို့သခင်ယေရှုကိုင်း၊ သိသောဥာဏ်အားဖြင့်၊ ကျေးဇူး တော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌များ ပြားပါစေသော။
      - ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကိုသိသောဥာဏ်အားဖြင့်၊ ငါ့တို့ အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင်စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုး တော် သည် ပေးသနားတော်မူပြီ။
                          ၂ ပေ ၁း၂-၎
     - ၀ိညာဉ်ပကတိ၏အကျိုးမူကား၊ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊
ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
    - နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သော အကျင့် ကိုအဘယ်တရားမျှ မမြစ်တား။ ဂလာ ၅း၂၂-၂၃

             ပြောင်းလဲတယ်လို့ပြောလို့ ကမ္ဘာမှာပြောင်းလဲလာတဲ့သတ္တ၀ါတွေကိုခဏကြည့်ဆင်ခြင်ရအောင်
ဥပမာ...... ခြင် ၊ လိပ်ပြာ ၊ ဖား စသည်ဖြင့်ပေါ့ အများကြီးရှိကြပါတယ်။ သူတို့တွေဟာ ပြောင်းလဲသွားမှ စွမ်း
တွေပိုရှိလာ ကြတယ်။ ပြောင်းလဲသွားပြီးရင်လည်း အရင်ဘ၀လိုမနေတော့ဘူး အရင်ဘ၀လိုမပြောတော့ဘူး
အရင်ဘ၀လိုမမြင်တော့ဘူး။
             အဓိကကျမ်းပိုဒ်မှာဖတ်ခဲ့ပြီးတဲ့အတိုင်း လူမည်သည်ကား(မည်သူ့ကိုမဆိုပြောနေခြင်းဖြစ်သည်) ခရစ်တော်(သခင်ယေရှု)၌ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏ လို့ဖေါ်ပြထားပါတယ်။ ဘာကြောင့်လူဟာ
အသစ်ဖြစ်ဖို့လိုတာလည်းဆိုတော့ လူတွေရဲ့အဘ (ဘုရားသခင်ပထမဦးဆုံးဖန်ဆင်းသောလူသား) အာဒံ ရဲ့
DNA လို့ခေါ်တဲ့စွမ်းအားတွေရှိနေကြလို့ပဲ။ အဲဒီစွမ်းအားကြောင့်ဘာတွေဖြစ်လာလည်း   ဆိုတော့.....အရာ
အားလုံးကိုပိုင်ဆိုင်တဲ့ ထာဝရ အရှင်ဘုရားသခင်ကိုတော်လှန်ပုန်ကန်တဲ့ ဇာတိပကတိ အကျင့်တွေမွေးက
တည်းကပါလာလို့ ဘယ်သူ့ဆီကမှမသင်ရဘဲနဲ့ ဒုစရိုက်အကျင့်တွေကျူးလွန်၍ ဟောင်းနွမ်းစုပ်ပြတ်ပြီး တဲ့
ဘ၀မှာ မျှော်လင့်ချက်ကင်းမဲ့(ပင်ပန်း)စွာအသက်ရှင်နေရတယ်။ သန့်ရှင်းဖြောင့်မတ်စုံလင်တဲ့ ထာဝရဘုရား
နဲ့အဆက်အသွယ်ပြတ်သွားတဲ့အတွက် ညိမ်သက်ခြင်းမရှိကြဘူး။ ဥပမာပေးရမယ်ဆိုရင် မီးချောင်းဟာလျှပ် စစ်နဲ့အဆက်အသွယ်ဖြတ်လိုက်တဲ့အခါမှာ အလင်းမလင်းနိုင်သလိုဘဲ.... လူသားတွေလဲ ဒီလိုဖြစ်နေကြ တယ်။ ဒီဘ၀မှာ ဘာ့ကြောင့်လူလာဖြစ်ရတာလည်းဆိုတားမသိ။ ငါဟာဘယ်သူလည်းဆိုတာလည်းမသိ။ 
လူဘ၀သက်တမ်းကုန်လို့ တမလွန်မှာလည်းဘယ်သွားလို့ဘယ်လာရမှန်းမသိ... လောကရဲ့တရားတွေက
တော့ ကောင်းတာလုပ်ရင်းကောင်းတာရောက်မယ်လို့ ကောင်းတာလေးတွေသွန်သင်ထားပါတယ် ဒါပေမယ့်
ကောင်းတာလုပ်မယ်လို့ ကြိုးစားလိုက်တိုင်း မကောင်းတာတွေဘဲလုပ်ဖြစ်၊ သူများတွေရှေ့မှာတော့ မနည်း
ထိန်းပြီးကောင်းအောင်နေပေမယ့် ကိုယ့်ကိုကိုယ်အသိဆုံး၊ ကုသိုလ်တွေလုပ်ပြီးမကောင်းတာတွေဖုံးဖို့လုပ်
ပြန်သော်လည်း... နှိမ်ချတဲ့စိတ်မရှိ၊ ဖြူစင်တဲ့စိတ်မရှိတဲ့အတွက် မြန်မာစာဆို ရှိတဲ့အတိုင်း "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" "မဟုတ်ပါဘူး ငရဲတစ်ပိဿာ မဟုတ်တော့ဘူး ငရဲတစ်လှည်း" ဒါကြောင့် တမန်တော်ရှင်
ပေါလုက ဒီအသေကောင်ဘ၀ကနေ ဘယ်သူကယ်လွတ်မလဲလို့ ညည်းတွားပြီးအဆုံး... ရောမသြ၀ါဒစာ ၇း၂၄-၂၅ မှာ...ဒီအသေကောင်ဘ၀ကနေ သခင်ယေရှုခရစ်အားဖြင့်ဘယ်သူကယ်လွတ်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကြီးမာလှပေ၏....လို့ဖေါ်ပြထားတယ်။ လောကမှာအသက်ရှင်တာ သုံးမျိုးရှိပါ
တယ်.. ပထမ အပင်တွေဖြစ်ပါတယ်။ အပင်တွေဟာ ရုပ်နဲ့အသက်ရှင်ပါတယ်။ အပင်တွေကိုချက်စားပြီး 
သက်သက်လွတ်လို့ပြောတာမှားပါတယ်။ ဒုတိယ ကတော့  တိရိစ္ဆာန်တွေ သူတို့က စိတ်၊ ခန္ဒာနဲ့အသက်ရှင်
ပါတယ်။ သူတိုကစိတ်နဲ့တိုင်ပင်ပြီးအလုပ်လုပ်ကြတယ်။ စိတ်ကခိုင်းတဲ့အတိုင်းသွားတယ်၊ လာတယ်၊ အိပ်တယ်၊မေထုန်ပြုကြတယ်.. ဒါကတိရိစ္ဆာန် ပါ။ တတိယကလူ... လူက ခန္ဒာ၊စိတ်၊၀ိညာဉ် အသက်ရှင်တယ်လူမှာထူးခြားတာက၀ိညာဉ်ရှိတယ်။ ဒါကြောင့်တမလွန်အတွက်ရှာဖွေကြတယ်။ လူအထဲက
ဝိညာဉ်ကို ကမ္ဘာဦးကျမ်း ၂း၇ ဘုရားသခင်က သူအထဲကဇီဝအသက်ကို လူ၏နှာခေါင်းထဲကိုမှုတ်သွင်းထား
တယ်လို့ ဖေါ်ပြထားတယ်။ ဒါကြောင့်လူဟာဝိညာဉ်သဘောနဲ့အသက်ရှင်ဖို့ ဘုရာသခင်က ၀ိညာဉ်ကို
မှုတ်ထည့် ပေးထားတယ်။ ၀ိညာဉ်သဘောတွေကတော့..... -"၀ိညာဉ် ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
- နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သော အကျင့် ကိုအဘယ်တရားမျှမမြစ်တား။
ဂလာတိ ၅း၂၂-၂၃" မှာဖေါ်ပြထာတယ်။ တချိုတွေက ဒီအတိုင်အသက်ရှင်ဖို့ မဖြစ်နိုင်ကြောင်းညည်းတွားကြ
တယ်။ မိတ်ဆွေဟောင်းတဲ့အသက်တာနဲ့တော့မရတာသေချာတယ်။သို့သော်လည်းလူသစ်ဘ၀နဲ့ တော့အ
သက်ရှင်လျှောက်လှမ်နိုင်တယ်။ ယော၁၀း၉ မှာသခင်ယေရှုက ငါသည်တခါးဝဖြစ်တယ်လို့ ဖေါ်ပြထားတယ်
သခင်ယေရှုကို ယုံကြည်ကိုးစားသောသူသည် ချက်ခြင်းဘုရားသခင်ရှေ့မှာသန့်ရှင်းဖြောင့်မတ်သောသူဖြစ်
သွားပြီး သခင်ခရစ်တော်ကိုသေခြင်းကနေ ထမြောက်စေတဲ့တန်ခိုးတော်က ထိုသူအထဲမှာကျိန်းဝပ်ပြီး ပြုပြင်
တယ်။ ဂလာတိ ၂း၂၀ ခရစ်တော်ကိုယုံကြည်သောသူသည်ကိုယ်တိုင်မရှင်တော့ဘူး သခင်ခရစ်တော်က သူ့အထဲမှာရှင်တယ်...။ ထိုကြောင့်ထိုသူဟာ လောကမှာနေပေမယ့်ဘုရားသားအဖြစ်နဲ့အသက်ရှင်လျှောက်
လှမ်းလာတယ်..ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်က ထိုသူကိုပြုပြင်သွားတယ်...ထိုလူမျိုးကို ဘုရား
သခင်က သူမှုတ်သွင်းထားတဲ့ ၀ိညာဉ်မှာစကားပြောတယ် ၀ိညာဉ်က စိတ်ကိုညွန်ကြားတယ်...စိတ်ကနာ ခံပြီး...ကိုယ်ခန္ဒ္ဒာကိုညွန်ကြားတယ်။ ထိုလူတစ်ယောက်ရဲ့အသက်တာမှာ ၀ိညာဉ်ပကတိအကျင့်တွေဟာ ကြိုးစားပြီးကျင့်နေတာ မဟုတ်ဘဲ အလိုလိုနေရင်း သူ့အသက်တာမှာ တွေနေရတယ်။ ၀ိညာဉ်အသီးတွေသီး
လာတယ်..။ ဘာကြောင့်လည်းဆိုတော့ သခင်ယေရှုဟာ သေသွားတဲ့ဘုရားမဟုတ်ဘူးအသက်ရှင်တဲ့ ဘုရား
ဘုရားဖြစ်တယ်... မြေကြီးကဖြစ်တဲ့ဘုရားမဟုတ်ဘူး ကောင်းကင်ကနေ ဘုရားဇာတိကို စွန့်ပြီး လူသားအား
လုံးကိုချစ်လွန်းလို့ အပြစ်ကြွေးတွေ ဆပ်ပေးဖို့ရန် လူ့ဇာတိလာရောက်ခံယူတာဖြစ်တယ်။ သူပြောတယ် ပြော
တဲ့အတိုင်း အသေခံပြီး သုံးရက်မြောက်တဲ့နေ့မှာ သေခြင်းကိုအောင်ပြီး အသက်ပြန်ရှင်တဲ့ဘုရားဖြစ်ပါတယ်။
ဘုရားမှန်ရင် မသေရဘူး သေခြင်းကိုအောင်ရမယ်....။ ဒါကြောင့် သခင်ခရစ်တော်ကိုယုံကြည်ပါက လူ
ဟောင်းဘ၀ကနေ လူသစ်ကိုပိုင်ဆိုင်ရတယ် ကောင်းကင်နိုင်ငံသားဖြစ်ရတယ်။ လူသားတွေရှာဖွေနေတဲ့
ငြိမ်သက်ခြင်းကိုခံစားရတယ်။ ယ္ခုဘ၀နောင်ဘ၀အတွက် ပူပန်စရာမလိုဘဲ စိတ်ချမှုကိုလည်းရရှိပိုင်ဆိုင်ရပါ
တယ်။ မြန်မာစကားပုံရှိပါတယ်...."သိသူဖေါ်စား မသိသူကျော်သွား" ဘုရားသခင်ကသခင်ယေရှုခရစ်တော်
အားဖြင့် ပြင်ဆင်ပေးသောထာဝရအသက်သည် အခမဲ့ဖြစ်ပါသည်။ မိတ်ဆွေရယူပိုင်ဆိုင်နိုင်ရန်ဘုရားကပေး
နေပါသည်။ ထိုကြောင့် မေတ္တာဖြင့်ဝေငှလိုက်ပါသည်။

ခရစ်ယာန်တိုင်း သိရှိရန်လိုအပ်တဲ့ သမိုင်းကြောင်


ဣသရေလပြည်ကြီး (12 Tribes) သည် ရှောလမုန်မင်း ကြီးအပြီး ၂ ခြမ်းကွဲကွာခဲ့သည်။ တောင်အပိုင်း ယုဒ (2 Tribes) အဖြစ်၊ နှင့် မြောက်ပိုင်း ဣသရေ /Ephraim (10 Tribes) အဖြစ် .ဟူ၍.တယောက် တလမ်း ကိုယ်စီ ခွဲခွါခဲ့ကြသည်။ ကွဲကွာသွားသော ၂ ပိုင်းစလုံး..ထာဝရဘုရားသခင်၏ စကားတော် (Torah) ကို နားမထောင်သောကြောင့် တိုင်းတပါးနိုင်ငံတို့၏ တိုက်ခိုက်မူ့ဖြင့် ...722BC တွင် ဣသရေ အပိုင်းပြက်စီးပြိုကွဲခဲ့သည်။ ထိုနည်း၎င်း...586BC တွင် ယုဒ အပိုင်းလဲပြက်စီးပြိုကွဲခဲ့သည်။ အနှစ် ၇၀ အကြာ ...ယုဒပြည်သည် ကျန်ရစ်လွတ်မြောက်လာသောသူ အချို့ဖြင့့် ပြန်လည်တည်ထောင်နိုင်ခဲ့သော်လည်း နောက်ထတ် အနှစ် ၅၀၀ ကျော်အကြာတွင် ပြန်လည်ပျက်စီးပြိုကွဲခဲ့သည်။

အနှစ် ၂၀၀၀ ခန့်အကြာ၊ ၁၉၄၈ ခုနှစ်တွင် တဖန် ..ထိုယုဒပြည် (2 Tribes) မှ ကျန်ရစ်သောသူ အချို့ဖြင့်  ယကနေ့ ကျတော်တို့ တွေ့မြင်ရသော ဣသရေနိုင်ငံ (The Jews = Judah Tribe) ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ သို့သော်များလည်း...722BC တွင်ပျောက်ဆုံးသွားသော မြောက်ပိုင်း ဣသရေ/Ephraim (10 Tribes) ဒီကနေ့ ဒီအချိန်..အထိ အစအန ရှာလို့မရတော့ခြေ။...သူတို့ဘယ်တွေရောက်သွားကြသလဲ????

အဖြေ များစွာသောကျမ်းချက်ထဲက ဒီတခုမှာတွေ့နိုင်ပါတယ် - ဟောရှေအနာဂတ္တိကျမ်း ၉း၁၇
"ငါ့ဘုရားသခင်၏ စကားတော်ကို နားမထောင်သောကြောင့် စွန့်ပစ်တော်မူ၍၊ သူတို့သည် တပါးအမျိုးသားတို့တွင် အရပ်ရပ်သို့လှည့်လည်ရကြသည်။"

သူတို့တကမ္ဘာလုံးသို့ကွဲပြားခဲ့ကြတယ်။ .....မြန်မာပြည်သို့ အပါအဝင်ပေါ့....
ကို့၏အမြစ် ဘိုးဘေးတို့ ကိုမမှတ်မိ မသိတော့ဘဲ ..ရောက်လေယာအရပ်မှာ ဘဝမေ့ ဇတ်မြုတ်ခဲ့ကြတယ်။

သင်ဟာ ပျောက်ဆုံးသွားတဲ့ ဣသရေ အမျိုးများ ဖြစ်ကောင်းဖြစ်နေမလား။
နောက်ဆုံးသောကာလတွင်...ဒီအကြောင်းနဲ့ပတ်သက်လို့....ကျမ်းစာက ဘာတွေဟောထားသလဲ။

ယေဇကျေလအနဂတ္တိကျမ်း ၃၇း၂၁
"အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊  ဣသရေ လအမျိုးသားတို့ရောက်သော တပါးအမျိုး သားတို့နေရအရပ်ရပ်တို့မှ သူတို့ကို ငါခေါ်ခဲ့၍၊ စုဝေးစေပြီးလျှင် သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။"

ဟေဗြဲသြဝါဒစာ ၈း၉-၁၀
"...... ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။......ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်။"

ဣသရေလအမျိုးသား နှင့် ယုဒအမျိုးသားတို့ ပြန်လည်ပူးပေါင်းစေခြင်း သည် ဘုရားသခင်၏ အကြံအစီ တော်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုအား အဓိက စေလွတ်ခြင်းသည် ဤအကြောင်းအရာ အတွက်ဖြစ်သည်။




သခင်ယေရှု၏စကား....

ရှင်မဿဲခရစ်ဝင် ၁၅း၂၄
ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင်ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ်ဟုမိန့်တော်မူ၏။ 

ဘုရားသခင်၊ ၁၉၄၈ ခုနှစ်တွင်ထူးချားစွာ ယုဒ ကိုပြန်လည်တည်ထောင်ပြီ....ထိုနည်း၎င်း...အခုလက်ရှိ သူ ဣသရေ အပိုင်းကိုလည်း ပြန်လည်တည်ထောင်နေပြီ....ဒါဝိတ်မင်း လက်ထက်က လို တစုတည်းသော ဣသရေလနိုင်ငံတော်ကြီး  ပြန်လည်တည်ထောင်ရေး သည် ဘုရားသခင်၏ ဟောပြောချက်..အလိုတော်ဖြစ်သည်။

ဘုရားသခင်သည် ဣသရေလအမျိုး မှတပါး ဘယ်လူမျိုးကိုမှ သူ၏ရတနာ အဖြစ်မရွေးချယ်ပေ။ ထို့ကြောင့် သင်သည်  ဣသရေလဟေဗြဲ အမျိုးမဟုတ်လျင် ...သင့်ဠ် ဘုရားသခင်၏ ကတိ ဘာမှမရှိ။...သင်သည် ကို့ဟာကို...Gentile လို့သာယူဆလျင် သင်နှင့် ခရစ်တော် (မေရှိယ) ၊ ဣသရေလဟေဗြဲ တို့၏ကတိ နှင့်ဘာမှမသက်ဆိုင်။ 

သို့တွင်မက....ဘုရားသခင်၏ မြို့သစ်တွင်..Gentile ခရစ်ယာန် ဝင်ပေါက်ဟူ၍ မတွေ့...ဣသရေလအမျိုးများ၏ ဝင်ပေါက်များသာတွေ့သည် (လေ့လာရန်...ဗျာဒိတ်ကျမ်း ၂၁း၁၂-၁၃)။

ဆာလံကျမ်း  ၁၄၇း ၁၉-၂၀
နှုတ်ကပတ်အမိန့်ကတိတော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို  သူတို့မသိရကြ၊၊

ထို့ကြောင့် ရှင်ပေါလုက  ဣသရေလဟေဗြဲ အမျိုးအဖြစ်ခံယူရန် အခြားတိုင်းရင်းသားတို့ကို တိုက်တွန်း နိုးဆော်ခဲ့သည်....

ဧဖက်သြဝါဒစာ ၂း၁၂-၁၃
ထိုအခါ သင်တို့သည် မေရှိယ ကိုမသိ၊ ဣသရေလအပေါင်း အသင်း၌ မဝင်၊ ဂတိတော်ပါသော ပဋိညာဉ်တရားတို့နှင့်မဆိုင်၊ မြော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့နေကြ သည်ကိုင်း၊ အောက်မေ့ကြလော့။
သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း၊ ယခုမှာ မေရှိယ၌ ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။

ဒါဖြင့်..ဘယ်လို ဣသရေလလူမျိုး အဖြစ်ခံယူရမှာလဲ?

ညီအကိုမောင်နှမတို့....သင်သည် ဣသရေလလူမျိုးတို့၏ဘုရင် ယေရှု မေရှိယ အား သင်၏တပါးတည်းသော ကယ်တင်ရှင် အဖြစ် လက်ခံယုံကြည်လျင် သင်သည်  ဣသရေလ လူမျိုး အဖြစ်ခံယူခြင်းဖြစ်သည် (ဂလာတိသြဝါဒစာ ၃း၇)။ သို့သော်လည်း ပေါ့ပြက်ပြက်..စိတ်နှလုံးမပါဘဲ..နူတ်ဖြင့်သာယုံ၍မရ။ .ဣသရေလလူမျိုးအဖြစ်ခံယူ ပြီးသောသူတိုင်း သည် ..ဘုရားသခင်ချမတ်ထားသော ပညတ်တော်များအရ လိုက်နာအသက်ရှင်ရမည်ဖြစ်သည်။ သင်သည် သီးသန့်တဆူတည်းသော ဘုရား၏ ...သီးသန့်ရတနာဖြစ်သည့်အတွက်ကြောင့်...သင့်အားသီးသန့်ဖြစ်စေသော...ဤသီးသန့်ပညတ်တော်မြတ်များတိုဖြင့် အသက်ရှင်ရမည်ဖြစ်သည်။

ဘုရားသခင်၏ ပညတ်များသည် ဣသရေလ အတွက်သတ်သတ်...အခြားသောသူ (gentiles) များအတွက်ဟူ၍သတ်သတ် မရှိ...သုအား ယုံကြည်လက်ခံ သူအားလုံး တစုတဝေးတည်း၊ တသတ်မတ်တည်း ကိုယ်စိတ်နှလုံး အလုံးစုံဖြင့် လိုက်နာရန်ဖြစ်သည်။

တောလည်ရာကျမ်း ၁၅း၁၆
.... သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သော သူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော တပါးတည်းသော ထုံးစံရှိသည်နှင့် ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။  သင်တို့ကိုယ်တိုင်မှစ၍၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားတို့သည် တပါးတည်းသောတရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။

ညီအကိုတို့မောင်နှမတို့ ....ဤအကြောင်းအရာတွေ အားဖြင့်  အံ့သြ သွားသလား။ သင်၏ဣသရေလအသွေး တော်စပ်ခြင်းအားဖြင့်သော်၎င်း..ယုံကြည်ခြင်းအားဖြင့်သော်၎င်း..ယာဟူဗါဝ် ထာဝရဘုရား ..သူ၏စစ်မှန်သော အထုံးအဖွဲ့တော်တို့ ကိုဆက်လက်ဖေါ်ပြရန် ကျတော်ဆုတောင်းလျက်ရှိပါတယ်.........ဤကျမ်းချက် လေးနဲ့ နိဂုန်းခြုတ် ပါရစေ....


ရှင်မဿဲခရစ်ဝင် အခန်းကြီး ၇း၁၃-၁၄
ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်ဆီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊  တွေ့ဝင်သောသူတို့သည် နည်းကြ၏။

(ဆက်လက်လေ့လာရန် - ကျတော်တို့ မြန်မာပြည်သို့ ရောက်ရှိလာခဲ့သော ဟေဗြဲလူမျိုးများ၏ သမိုင်း link)

Tuesday, March 19, 2013

နှုတ်ကပါတ်တော်

မောရှေမှတ်တမ်း


မောရှေသည် သူမဖွားမြင်မှီ နှစ်ပေါင်းများစွာကဖြစ်ပျက်ခဲ့သည် အကြောင်း အရာများတို့ကို အဘယ်ကဲ့သို့ သိပြီး မှတ်တမ်း တင်နိုင် ခဲ့သနည်း ?
ဗျာဒိတ်ကျမ်းကို တမန်တော်ရှင်ယောဟန်က ရေးသားခဲ့ပါသည်။ ကောင်းကင် တမန်က ဖေါ်ပြပေးလို့ ကြားမြင်သမျှကို ရေးသားနိုင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အေဒီ ၉၀ ခန့်မှ နောင်နှစ်ပေါင်း သုံးထောင်အတွင်း ကမ္ဘာပေါ်တွင်ဖြစ်ပျက် လာမည့် အကြောင်းအရာများတို့ကို ကြိုတင်ပရောဖက်ပြုရေးသားနိုင်သကဲ့ ထိုပရောဖက် ပြုချက်များအတိုင်းလည်း ပြည့်စုံလာလျက်ရှိနေပါသည်။
ထိုကဲ့သို့ပင် ဖန်ဆင်းခြင်းမှစလို့ မရေတွက်နိုင်သည့် လွန်ခဲ့သော နှစ်ပေါင်း များစွာက ဖြစ်ပျက်ခဲ့သော အကြောင်းအရာ များတို့ကို နှစ်အပိုင်းအခြားအလိုက် မောရှေရေးသားနိုင်ခြင်းမှာ ထာဝရဘုရားကိုယ်တော်တိုင်က မောရှေအားဖေါ်ပြပေး၍သာ ရေးသားနိုင်ခြင်း ဖြစ်ကြောင်းဆိုနိုင်ပါသည်။ ထိုအချိန်အခါတွင် မောရှေနှင့် ထာဝရဘုရားသည် အကြိမ်ကြိမ် စကားပြောခဲ့ကြောင်းလည်း သမ္မာကျမ်းစာတော်မြတ် တွင်တွေ့ရပါသည်။

သမ္မာတရားကို အဘယ်ကဲ့သို့ရှာဖွေတွေ့ရှိနိုင်ပါမည်နည်း ?


၁) လူသားတိုင်းတို့သည် မိမိ၏ကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ ဆိုဆုံးမမှုစံအတိုင်း ကြိုးစားကျင့်ကြံ အားထုတ် ကြည့်ပါက သမ္မာတရားကို မြင်တွေ့ရပါလိမ့်မည်။ ထိုကဲ့သို့ အမှန်တကယ် လက်တွေ့ကျင့်ကြံ အားထုတ်ကြည့်မှ သာလျှင် မရနိုင်မှန်းကိုသပြီး သမ္မာတရားကိုမြင်ဖို့ လမ်းစကို ရပါလိမ့်မည်။ လူတိုင်းက အမှုမဲ့ အမှတ်မဲ့ မိမိကိုးကွယ် ယုံကြည်ရာ ဘာသာတရားကို အထိမခံကြသော်လည်း အမှန်တကယ် ကျင့်ကြံ အားထုတ် မိကြ သူများကတော့ အလွန်နည်းပါးလွန်းလှ ပါသည်။ ထို့ထက် မိမိကိုးကွယ်ရာ ဘာသာ၏ အယူဝါဒနှင့် တရားဓမ္မများကိုပင် အကုန်အစဉ်မသိပါ။ ထိုကဲ့သို့သော လက်တွေ့ မရှိသည့်သူအား သမ္မာတရား အကြောင်းကို ပြောပြပါက လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။  ကောင်းတာလုပ်ရင် ကောင်းရာသို့ ရောက်မှာပေါ့ဟုသာ ဆိုပေလိမ့်မည်။ ထိုထက် ပိုဆိုးသည်က ငါ့ဘာသာ ငါ့သာသနာကလွဲရင် ကျန်တာလက်မခံဘူးဟုဆိုပြီး မိမိအသိကို ပိတ်ထားသူ၊ စိတ်မဝင်စားအလေးမထားသူဆိုလျှင် အဘယ်ကဲ့သို့ သမ္မာတရားအား သိရှိနိုင်ပါ မည်နည်း။

၂) လက်တွေ့ ကြိုးစားကျင့်ကြံအားထုတ်သူသည်သာ ဘာသာတရားအားဖြင့် ကောင်းရာဘုံသို့ မရောက်နိုင်မှန်းကိုသိပြီး သမ္မာတရားကို  ရှာလာပါလိမ့်မည်။ သမ္မာတရားက သူ့ကိုပုန်းနေမည် မဟုတ်ပါ။ လူသားတိုင်း ကိုးကွယ်လိုစိတ် တော့ရှိကြပြီး မိရိုးဖလာအရနှင့် မိမိနှင့် နီးစပ်ရာ ဘာသာတရားကိုသာ ကိုးကွယ်တတ်ကြ ပါသည်။ မိဘက သားသမီးရှေ့ရေးအတွက် အကောင်းဆုံး စီမံပေးသည့်လမ်းကို လက်မခံ ငြင်းဆန်တတ်သော်လည်း မိဘ၏ ကိုးကွယ်ရာကိုတော့ လက်ခံသင့် လက်မခံ သင့်လုံဝ မစဉ်းစားသည့်အပြင် ဘာသာတရား အပေါ်လည်း ဝတ်ကျေတန်းကျေသာ ကိုးကွယ်ဆည်းကပ်ကြသူများက ပိုများပါသည်။ လူတို့သည် ပစ္စည်းတစ်ခုကို ဝယ်ယူရာတွင် အတုနှင့်အစစ်ကို သေခြာစွာ ခွဲခြားလေ့လာပြီး၊ အာမခံချက်ရှိသော ပစ္စည်းမျိုးကိုမှသာ ရွေးချယ် ဝယ်ယူတတ်ပေမည့် မိမိကို ထာဝရငရဲနှင့် ကောင်းရာဘုံသို့ ပို့ပေးနိုင်သည့် ကိုးကွယ်ရာအရှင် ကိုတော့ ထိုကဲ့သို့ ဆန်းစစ်ရွေးချယ်ဖို့ရန် သတိမဲ့တတ်ကြပါသည်။ မာရ်နတ်က လူတိုင်း၏ အသိနှင့်သတိကို ပိတ်ထားခြင်း ကြောင့်လည်းဖြစ်ပါသည်။ မိမိကိုးကွယ်ရာ အရှင်သည် တမလွန်အတွက် အဘယ်မျှ လောက်စိတ်ချရသော အာမခံချက်ကို ပေးနိုင်ပါသနည်း။


သမ္မာတရား ဆိုသည်မှာ အဘယ်နည်း။


       Tags:

လူရယ်လို့ဖြစ်လာလျှင် သိအပ်သောအကြောင်းအရာများစွာရှိသည့်အနက် မသိမဖြစ်သောအကြောင်းအရာကား အဘယ်အရာနည်း?
အမှန်တရားဆိုသည့် အကြောင်းအရာများထက် တစ်ခုတည်းသာရှိသည့် သမ္မာတရား (မှန်သောဘုရား) ကိုသိဖို့ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမှန်တရားဟုဆိုသော အကြောင်း အရာအချို့တို့သည် လူသားတိုင်း နေရာတိုင်း အချိန်တိုင်းအတွက် မမှန်ကန်ပါ။ သမ္မာတရားဆိုသည်မှာ လူသားတိုင်း နေရာတိုင်း အချိန်တိုင်းအတွက် အမှန်တရား ဖြစ်ပါသည်။ ထို့ထက် သမ္မာတရားသည် ထာဝရ ကာလအတွက်လည်း မှန်ကန်သော အကြောင်းတရား ဖြစ်ပါသည်။ ထိုတရားကိုသိပါမှ လောကတွင် လူဖြစ်ရခြင်း၏ အဓိပ္ပါယ်ကို အပြည့်အဝ ခံစားရရှိနိုင်မည် ဖြစ်ပါသည်။
 

သိပ္ပံနှင့် ကျမ်းစာမြတ်

ရှေးခောတ်အချိန်အခါကရေးသားထားသောသမ္မာကျမ်းပါဖေါ်ပြချက်တို့သည် ယနေ့သိပ္ပံနည်းကျအယူအဆနှင့်ကိုက်ညီပါ သလား?
ကိုက်ညီမှုရှိပါသည်။ အချက်သုံးချက်နှင့်ဖေါ်ပြရပါက လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ ခန့်တွင်ကမ္ဘာကြီးက ပြားသည်ဟု လူများ ယူဆနေချိန်၌ ပရောဖက်ဟေရှာယက အမှန်စင်စစ်ကမ္ဘာကြီးသည်လုံးဝိုင်းကြောင်း ကြေငြာခဲ့ လေသည်။ (ဟေရှာ ၄၀း၂၂)
ဘီစီ ၁၅၀ဝခန့်က ရှေးအကျဆုံးကျမ်းဖြစ်သော ယောဘဝတ္ထုတွင် ကမ္ဘာကြီး သည် မည်သည့်အရာကိုမှမှီ၍ ချိတ်ဆွဲထားခြင်း မရှိကြောင်း ဖေါ်ပြထားပါသည်။ (ယောဘ ၂၆း၇) ထိုသို့ ကမ္ဘာကြီးသည် အမှီအတွယ်ကင်းမဲ့စွာ တည်နေကြောင်းကို သိပ္ပံပညာရှင်များက လွန်ခဲ့သောနှစ်ပေါင်း ၁၆၅၀ ခန့်ကမှ ရှာဖွေတွေ့ရှိခဲ့ကြပါသည်။
တတိယအချက်အနေဖြင့် ဒါဝိတ်မင်းကြီးက နေမင်းသည် မိုးကောင်းကင် တဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ တိုင်အောင် မိမိလမ်းကြောင်းပေါ်၌ ရွေ့လျား နေကြောင်းမြွက်ဆိုခဲ့ပါသည်။ (ဆာ ၁၉း၆) ထိုအချိန်အခါ လေယဉ်ပျံနှင့် ဂြိုလ်တုများမရှိပါဘဲလျက် ထိုအကြောင်းအရာတို့ကို သူတို့အဘယ်ကဲ့သို့ သိကြ သနည်းဟုဆိုလျှင် ဖန်ဆင်းရှင် ထာဝရဘုရား ကိုယ်တော်တိုင်က သူတို့ကို ဖေါ်ပြပေးလို့ သာ သိကြရခြင်းဖြစ်ပါသည်။ အခြားသောဘာသာတို့၏ ကျမ်းတို့တွင် အချို့သော စကြာဝဌာဆိုင်ရာ အချက်များတို့ကို ဖေါ်ပြထားသော်လည်း  လွဲမှားနေသည်ကိုတွေ့ရ ပါသည်။
သမ္မာကျမ်းစာဟူသည်
ကျမ်းစာတွင် မည်သည့်စာအုပ်ကမှ မဖေါ်ပြသော အကြောင်းအရာတို့ကို တွေ့ရပါလိမ့်မည်။ သမ္မာကျမ်းစာကို ရေးသား သူသည် သမိုင်း၏ အရှင်သခင်နှင့် အလုံးစုံကို သိမြင်တော်မူသော ဘုရားသခင်ဖြစ်ပါသည်။ ကျမ်းစာကို ဘုရား၏ ရှုဒေါင့်မှရေး၍ သမိုင်းကို လူက မြင်တွေ့သည့်အတိုင်း မှတ်တမ်းတင်ထားခြင်းသာ ဖြစ်ပါသည်။ ကျမ်းစာ၏ ပရောဖက်ပြုချက်များ ပြည့်စုံလာကြောင်းကို သမိုင်းမှတ်တမ်း က အတည်ပြုပေးပါသည်။ လူတို့သည် ရှေ့အနာဂတ်အတွက် စိုးရိမ်ပြီး ဗေဒင်လက္ခဏာကို ယုံကြည်၍ မေးမြန်းတတ်ကြပါသည်။ ထို ဗေဒင်ဆရာများကိုယ်တိုင် မိမိ၏ နေ့ရက်ကို မသိနိုင်ပါ။ အချိန်ကာလကို လူတို့သည် သိရသောအခွင့်မရှိဟု ယေရှုဆိုခဲ့ပါသည်။ (တး၁း၇) အားလုံးကိုကြိုတင်သိက တွေးခေါ်ကြံဆ ကြိုးစား အားထုတ်မှု မပြုဘဲ ထိုင်စောင့်ရန်သာ ရှိပါတော့သည်။ ထို့ကြောင့် အနာဂတ်ကို ဘုရားကသိခွင့်မပေးဘဲ သိထိုက်သည်များကိုတော့ သိခွင့်ပေးထား ပါသည်။ ယနေ့ အသက်ရှင်နေကြသူများသည် ကမ္ဘာ့ဇာတ်သိမ်းပိုင်းတွင် အသက်ရှင် နေရသူများဟု သတိရစေလိုပါသည်။ အကြောင်းမှာ ယနေ့ ဖြစ်ပျက်နေသော အကြောင်းအရာများအရ ယေရှုဘုရားဒုတိယအကြိမ်ကြွဆင်း လာချိန်နီးပြီဖြစ်ကြောင်းနှင့် ယခင်ကမကြားဘူး နောင်လည်း မဖြစ်နိုင်မည့် ကြောက်မက်ဖွယ်ရာ ဘေးဒဏ်ကြီး ကာလသည် နီးကပ်နေပြီ ဖြစ်ပါသည်။  သတိပေးခြင်းကို ပျက်ရယ် ပြုလျက် သတိမဲ့ကြသော နောဧလက်ထက်က လူများကဲ့သို့ မဖြစ်သင့်ပါ။ လောကီရေးရာနှင့် အပျော်အပါးတို့မှ ရုန်းမထွက်နိုင်သူများ သောဒုံဂေါမောရကို သတိရဖို့ လိုပါသည်။ ကြီးပွါးချမ်းသာ တရားကိုသာ လူတို့ နှစ်သက်ကြပေမည့် ဆူနာမီနှင့် နာဂစ်တို့ထက် အဆပေါင်းများစွာ ဆိုးရွားသည့် ကပ်ဆိုးကြီး နီးကပ်လာပြီဖြစ်ကြောင်းကိုတော့ အလေးမထားကြပါ။ ဗေဒင်လက္ခဏာထက် သမ္မာကျမ်းပါ ပရောဖက်ပြုချက်များကို ယုံကြည်ပြီး သမ္မာသတိနှင့် အသက်ရှင်ကြဖို့ရန် အချိန်ရောက်ပြီဖြစ်ကြောင်း သမ္မာကျမ်းစာတော်မြတ်မှ သတိပေးနေပါသည်။
 

ရက်စက်သော ဘုရားမဟုတ်ပါ


ကျမ်းဟောင်းတွင် ဘုရားက ရက်စက်ကြမ်းကြုတ်ပြီး ကျမ်းသစ်တွင် ဘုရား ကနူးညံ့ကာ အသွင်မတူတာ ဘာ့ကြောင့်ပါလဲ?
ဘုရားသည် လူကို မျက်နှာမလိုက်ဘဲ အပြစ်ရှိသည်အလျှောက်စီရင်တတ် သလို ကောင်းမြတ်သူကိုလည်း ဆုပေးတတ်ကာ နောင်တရသူကိုလည်း ခွင့်လွှတ်တော် မူတတ်သည့် မေတ္တာရှင်လည်းဖြစ်ပါသည်။ ကျမ်းဟောင်းသည် လူကိုစဖန်ဆင်းချိန်မှ နှစ်ပေါင်းလေးထောင်ခန့်၏ မှတ်တမ်းများကိုဖေါ်ပြပြီး ကျမ်းသစ်မှာ ယေရှု လူ့ဇာတိခံယူချိန်မှစလို့ သူ၏တမန်တော်များအကြောင်း နှစ်ပေါင်းတစ်ရာအတွင်း ပြုခဲ့သောအမှုများကိုသာ မှတ်တမ်းတင် ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ နှစ်တစ်ရာအတွင်း နှင့် နှစ်လေးထောင်ခန့်အတွင်း ဖေါ်ပြမှတ်တမ်းခြင်း မတူညီသော်လည်း ဘုရား၏ သဘောတော်ကတော့ အတူတူပဲဖြစ်ပါသည်။
 

ဘာသာပြန်မူကွဲ


သမ္မာကျမ်းစာတော်မြတ်ကို ရာစုနှစ်များတလျှောက် အကြိမ်ပေါင်းများစွာ ဘာသာပြန်တည်းဖြတ်မှုများ ပြုခဲ့ခြင်းကြောင့် မူရင်းနှင့် အဓိပ္ပါယ်ကွဲလွဲ မှုများ မရှိနိုင်ဘူးလား ? မရှိပါ။ ပထမအချက်အနေဖြင့် သမ္မာကျမ်းတွင် ရှေးဟောင်းမူလလက်ရေးမူ များဖြင့် ဘီစီသုံးရာစုထက်စော၍ လိပ်မူ ထားသော ကျမ်းစာလိပ်များအနက် အားလုံးနီးပါးခန့်ကို ယနေ့တိုင် ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ ထိုရှေးဟောင်းကျမ်းစာ လိပ်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ချက်အရ ယနေ့ကျွန်ုပ်တို့အသုံးပြုနေသော သမ္မာကျမ်းသည် ကနဦး အသင်းတော်များ အသုံးပြုသော သမ္မာကျမ်းစာနှင့် ထပ်တူ ထပ်မျှဖြစ်ကြောင်း ကျမ်းဂန်ပညာရှင်တို့က ဝေဖန်စိစစ် သက်သေပြနိုင်ခဲ့ကြ ပေသည်။ ဒုတိယအချက်အနေဖြင့် ကနဦးအသင်းတော်ကို ဦးဆောင်သူများသည် တစ်ဦးမှ တစ်ဦးထံသို့ ရေးသောစာများနှင့် အသင်းတော် တစ်ပါးမှ တစ်ပါးသို့ ရေးသောစာများ ယနေ့တိုင်ရှိနေပါသည်။ သူတို့ ရေးသားထားသော စာများတွင် သမ္မာကျမ်းစာ တော်မြတ်ကို ကိုးကားထည့်သွင်း ရေးသားထားသော ကျမ်းပိုဒ်များတို့ကို ပြန်လည်စုစည်းကြည့်ရာ အခန်းငယ်ဆယ်ခန်းသာ ကျန်ရှိနေပြီး ၉၉.၈၆% ကို ပြန်လည်စီစစ် ပြုစုနိုင်ခဲ့ပါသည်။ ထို့ကြောင့် မူရင်းကျမ်း စာလိပ်များနှင့် ကနဦးအသင်းတော် ဖခင်ကြီးများတို့၏ စာမူတည်းဟူသော အထောက်အထား နှစ်ရပ်အရ သမ္မာကျမ်းစာသည် နဂိုမူရင်းကျမ်းစာလိပ်များမှ အလွန်စေ့စပ် သေချာစွာ စီမံပြုစုထားကြောင်း အခိုင်အမာ သက်သေပြနိုင်ပါသည်။
 

သုံးပါးတစ်ဆူဘုရားအကြောင်း

သုံးပါးတစ်ဆူဘုရားအကြောင်း

လောကမှာအဖေက သားထက်ကြီးမြတ်သကဲ့သို့ ခမည်းတော်ဘုရားက သားတော်ယေရှုထက်ကြီးမြတ်သည် မဟုတ်ပါလား ?
သုံးပါးတစ်ဆူဘုရားအကြောင်းကို ထပ်မံရှင်းပြလိုပါသည်။ လူ့အမြင် ဖြင့်ကြည့်လျှင် ပုဂ္ဂိုလ်တစ်ဦးတည်းက သုံးယောက် ထင်ရှားသည်ဆိုသည်မှာ နားမလည် နိုင်ပါ။ အခြားဘာသာများတို့တွင်လည်း ဤကဲ့သို့သွန်သင်မှုမျိုး မရှိပါ။ သုံးပါးတစ်ဆူ လုံးသည် တန်ခိုးတူ၊ အဆင့်အတန်းတူ၊ အခွင့်အာဏာတူကြသော်လည်း လုပ်ဆောင် သည့်တာဝန်များကတော့ ကွဲပြားကြပါသည်။
ခမည်းတော်ဘုရားသည် ကြံစည်သောသူဖြစ်ပါသည်၊ သားတော်ဘုရားသည် လက်တွေ့လုပ်ဆောင်သူနှင့် သရုပ်ဆောင်သူ ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသည် တန်ခိုးအစွမ်းကိုပေးသောသူ ဖြစ်ပါသည်။ ဖန်ဆင်းခြင်း၊ လူတို့ကို ကယ်တင်ခြင်းမှ စ၍ အရာအားလုံးတို့ကို ပုဂ္ဂိုလ်သုံးပါးလုံး တိုင်ပင်ဆွေးနွေးကာ အတူတကွဆုံးဖြတ်ချက်ချပြီးမှ အတူတကွ လုပ်ဆောင်လေ့ ရှိပါသည်။ အပြန်အလှန် လေးစားမှုလည်းရှိပါသည်။
သားတော်ယေရှုဘုရားက စီမံကိန်းအားလုံးကို လက်တွေ့လုပ်ဆောင်သူ ဖြစ်သော်လည်း ယေရှု၏သက်တော်စဉ် ကိုလေ့လာကြည့်ပါက မည်သည့်အမှုကိုမဆို ခမည်းတော်ဘုရား၏ ခွင့်ပြုချက်မရဘဲ မလုပ်ဆောင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံမှ တန်ခိုးကို မခံရမခြင်းလည်း မည်သည့်အမှုကိုမျှမပြုပါ။ သက်တော်သုံးဆယ်ခန့်တွင် အမှုတော်ကို စတင်ထမ်းဆောင်ရန် ခမည်းတော်ဘုရား ထံတွင် အခွင့်တောင်းခံခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ တန်ခိုးကိုခံယူပြီးမှ အမှုတော်ကို စတင်ထမ်းဆောင်ခဲ့ပါသည်။
ဘုရားသခင်က ငါတို့နှင့် တညီတသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့ဟု သုံးပါးတစ်ဆူဘုရားက ဆိုခဲ့သော်လည်း အမှန်တကယ်လက်တွေ့ ကွင်းဆင်း လုပ်ဆောင်သူမှာ ယေရှုဖြစ်ပါသည်။ (က ၁း၂၆) ထို့ကြောင့် ကျမ်းစာက ယေရှုသည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏၊ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ ဟု (ယော ၁း၃) ဆိုခဲ့ပြီး ယေရှုဘုရားသည် လူ့ဇာတိကို ခံယူခဲ့ကြောင်း (ယော ၁း ၁၄) ဖေါ်ပြထားပါသည်။ ခမည်းတော်သည် ဖန်ဆင်းတော် မူ၏ဟူ၍၄င်း သန့်ရှင်းသောဝိညာဉ်တော်သည် ဖန်ဆင်းတော်မူ၏ ဟူ၍၄င်း သီးသန့် အမည်နာမဖြင့် ဖေါ်ပြထားခြင်းမရှိပါ။
ဆက်လက်ပြီး ကျမ်းစာက ထိုသားတော်သည် ကောင်းကင်ပေါ်မြေကြီးပေါ်မှာ ရှိသမျှသောရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင် အားဖြင့်၎င်း၊ ထိုသခင်အဘို့အလို့ငှါ၎င်း၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ (ကော ၁း၁၆) ဆိုထားပါသည်။ အစိုးရခြင်းတန်ခိုး၊ အထွဋ်အမြတ်၊ အာဏာစက်တို့ဆိုသည်မှာ ကောင်းကင်တမန်များကို ဆိုခြင်းဖြစ်၍ ကောင်းကင်တမန်များကို လည်း ယေရှုကပဲဖန်ဆင်းထားပါသည်။
အထက်ပါကျမ်းပိုဒ်အရ ယေရှုအဘို့အလို့ငှါသာ ဖန်ဆင်းထားခြင်းဖြစ်လို့ ဖန်ဆင်းခံအရာအားလုံးကလည်း ယေရှုကိုပဲ မြင်ခွင့် ရရှိကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ခမည်းတော်ဘုရားကို အဘယ်သူမျှ မမြင်စဘူး ဟု (ယော ၁း၁၈) ဆိုထားပါသည်။ ခမည်းတော်ကို မြင်တွေ့ခွင့်တောင်းသော ဖိလိပ္ပုအားယေရှုက ပြန်ပြောပုံမှာ ငါ့ကိုမြင်လျှင် ခမည်းတော်ကိုမြင်တာနဲ့အတူတူပဲ၊ ဖန်ဆင်း ခံသတ္တဝါ အားလုံးက ဘုရားနှင့်ပတ်သက်လို့ အမြင့်ဆုံးမြင်နိုင်တာငါပဲ၊ ‘ဒါကြောင့် ခမည်းတော်ကို မြင်ဖို့ငါ့ကို အဘယ့်ကြောင့် အခွင့်တောင်းရတာလဲဟု ယေရှုပြန်ပြောခဲ့ပါသည်။
(ယော ၁၄း၉-၁၀) (၁ တိ ၆း၁၆)
ယေရှုက ငါသည် ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်တော်မူ၏ ဟု မိန့်တော်မူ၏။ (ယော ၁၀း၃၀) ထိုတလုံးတဝတည်း ဆိုသည့် စကားသည် မူရင်းကျမ်းစကားအရ အရည်အချင်းတူ၊ အခွင့်တန်ခိုးတူ၊ အဆင့်အတန်း တူခြင်းကို ဖေါ်ပြခြင်းဖြစ်ပါသည်။ လောကတွင် အဖေကသားထက် ကြီးမြတ်သည်မှန်သော်လည်း သုံးပါးတစ်ဆူ ဘုရားတွင် ထိုသို့အဓိပ္ပါယ် မရှိပါ။ သမ္မာကျမ်းစာ တော်မြတ်တွင် ခမည်းတော်ဘုရား၏ အမည်နာမကို အက္ခရာစာလုံး အကြီးနှင့်သုံးသကဲ့သို့ သားတော် ယေရှုဘုရားကိုလည်း အဆင့်အတန်းတူညီမှုအနေဖြင့် အက္ခရာစာလုံးအကြီးဖြင့်သာ သုံးထားပါသည်။ လောကနှင့် မတူညီသောသဘောကို လူတို့သိရှိရန်အတွက် ကျမ်းစာတော်မြတ်တွင် ယေရှုကို မိမိ၌ တစ်ပါးတည်းသောသားတော် ဟု သုံးထားခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ယေရှုနှင့်တူသော သားတော်ဆိုသည့် အမည်နာမ စကြာဝဌာကြီးတွင် လုံးဝမရှိဟု ဆိုခြင်းဖြစ်ပါသည်။ လူသားဂုဏ်နှင့် မစပ်ဆိုင်ပါ။ ထိုကြောင့် ယေရှုက ငါသည် ခမည်းတော်နှင့် တစ်လုံးတဝတည်းဟု ဆိုခြင်းဖြစ်ပြီး ခမည်းတော်ထက် အနည်းငယ်နိမ့်သော ဘုရားငယ်လည်း မဟုတ်ပါ။
အရာအားလုံးကို ယေရှုဖန်ဆင်းသကဲ့သို့ အရာအားလုံးကိုလည်း ယေရှု ထိန်းချုပ်ထားကာ အရားအားလုံးတို့သည်လည်း ယေရှု၏ စီရင်ခြင်းလက်အောက် တွင်သာ ရှိကြပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာတော်မြတ်ထဲတွင်  သခင်ဟူသော အမည်နာမသည် ယေရှုဘုရားကိုသာ အဓိကရည်ညွှန်းထားခြင်း ဖြစ်ပါသည်။ ယေရှုသည် သခင်ဖြစ်က ကျွန်ုပ်တို့အားလုံးတို့သည် အသက်ရှင်ခြင်းနှင့် သေခြင်းကို အစိုးရသည့် သခင်ယေရှု၏ လက်တော်အောက်မှ ကျွန်များဖြစ်ကြပါသည်။ ထို့ကြောင့် သခင်ယေရှု၏ အမိန့်တော်ကို အကြွင်းမဲ့ နာခံလျက်၊ နေ့စဉ်အသက်ရှင်ခွင့်ရခြင်း အတွက် ကျေးဇူးတော်ချီးမွမ်းရပေမည်။         ငါသည် ခမည်းတော်ကိုတောင်း၍ သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား သင်တို့နှင့် အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်ဟု ယေရှုက ဆိုခဲ့ပါသည်။ (ယော ၁၄း၁၆) ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားအား ခမည်းတော်ထံမှ အကျွန်ုပ်တို့အပေါ်သို့ တိုက်ရိုက်စေလွှတ်မည်ဟု သိရှိရပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် သမ္မာတရားကို သွန်သင် ပြသဖို့နှင့် ယေရှုဘုရား၏ ဘုန်းတော်ကိုထင်ရှားစေဖို့ရန် ကြွဆင်းလာခြင်းဖြစ်ပါသည်။ (ယော ၁၆း၁၃-၁၄) သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် သုံးပါးတစ်ဆူဘုရားတွင် တတိယ မြောက်ပုဂ္ဂိုလ်ဖြစ်ပါသည်။
ယေရှုဘုရားက ငါသည် လောကသိြုွ့ကဆင်းလာရခြင်းသည် ငါ့ခမည်းတော် ၏ အလိုကို ပြည့်စုံစေဖို့ဟု နှိမ့်ချစွာ ဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့အားလုံးတို့သည်လည်း မိမိဘုန်းအသရေအတွက်ထက် ဘုရား၏ ဘုန်းထင်ရှားဖို့ရန်အတွက်သာ အသက်ရှင်ကြ ရပေမည်။ ထိုသို့ ဘုရားသခင်၏ ဘုန်းထင်ရှားနိုင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနှင့် ပူးပေါင်း၍ ယေရှုဘုရား၏ သက်သေခံကောင်းများ အဖြစ် လောကကြီးတွင် အသက်ရှင်ကြရမည် ဖြစ်ပေသည်။ (တ ၁း၅၊ ၈)


ချို့တဲ့မှုများ

 
မွေးရာပါ ကိုယ်အင်္ဂါစုံလင်စွာမပါသည့်ကလေးငယ်များနှင့် မသန်စွမ်းသူ များကို ဘုရားက အဘယ့်ကြောင့် ဖန်ဆင်းသနည်း?
ဘုရားရှင်သည် ပြည့်စုံသော ဘ၀ဖြင့် ဖန်ဆင်းခဲ့သော်လည်း ဘုရားကို ပုန်ကန်သော အကျိုးတရားမှ တရားစာရေ၊ ဘုရားစာရေ ဆိုသော ကျိန်ခြင်းမှ အို၊ နာ၊ သေခြင်း တို့ဖြစ်ပေါ်ခဲ့ပါသည် ထို့ကြောင့် ယနေ့မြင်တွေ့နေရသော အရာတို့သည် အကျိုးဆက်ပင်ဖြစ်သောကြောင့် အကြောင်းတရား မနာခံခြင်းကို ဦးစာအောက်မေ့ကာ နောင်တရကျပါစို့…
ဘုရားသည် အရာအားလုံးကို အကောင်းဆုံးနှင့် အကောင်းအတွက်သာ ဘုရား၏ဘုန်းတော်ထင်ရှားရန် ဖန်ဆင်းထားခြင်း ဖြစ်ပါသည်။ ငှက်များက ပျံသန်းတေးသီခြင်းဖြင့်၎င်း၊ ငါးများက ကူးခတ် ဆော့ကစားခြင်းဖြင့်၎င်း၊ ဘုရားဖန်ဆင်း သောလက်ရာ တို့ကို တာဝန်ကျေပွန်စွာ အလှဆင်နေကြပါသည်။ သို့သော် ဘုရားဖန်ဆင်းတော်မူသမျှကို ဖျက်စီးသောသူနှစ်ဦး ရှိပါသည်။ ထိုသူတို့မှာ စာတန်နှင့် လူသားများတို့ ဖြစ်ကြပါသည်။ စာတန်နှင့် လူတို့ပြုခဲ့သော ဆိုးကျိုးများ၏ အပြစ်အကျိုးဆက်များကြောင့် ထိုသို့ဖြစ်ရခြင်း ဖြစ်ပါသည်။ သို့သော် ကိုယ်လက် အင်္ဂါစုံလင်စွာရှိသော လူကောင်းများထက် အစွမ်းများစွာထက်သော၊ စိတ်ချမ်းသာသော၊ ကြွယ်ဝ ချမ်းသာသော၊ မသန်စွမ်းသူများ လောကတွင် များစွာရှိနေပါသည်။ ဘုရားသည် တရားပါသည်။


ဒါဝင်သီအိုရီ

ဖန်ဆင်းခြင်းကို လက်မခံသောဒါဝင်၏ ဆင့်ကဲပြောင်းလဲခြင်းသီအိုရီကို သင်ဘယ်လိုမြင်ပါသလဲ?
မင်းသမီးလေးကို ကယ်တင်ခဲ့သောမျောက်ကလေးအား နတ်သမီးက ရွှေမင်းသားလေးအဖြစ် ပြောင်းလဲ ပေးလိုက်ပြီး မင်းသမီးနှင့် ညားသွားလေသတည်း ဆိုသည့်အကြောင်းကို ငယ်စဉ်က ပုံပြင်အနေဖြင့်ကြားသိခဲ့ရပေမည့် ယနေ့ လူများတို့နှင့် ဆွေးနွေးသောအခါ ထိုမျောက်လေးသည်အမှန်တကယ် မင်းသားလေး ဖြစ်သွားကြောင်း သက်သေပြလျက်လက်ခံ ယုံကြည်ပါမှ သူတို့က လူရာသွင်းသတည်း။ ထို့ကြောင့် ကျွန်တော်သည် သူတို့နှင့် ဆွေးနွေးရာတွင် သဟဇာတမဖြစ်နိုင်ရခြင်းဖြစ်ပါသည်။
ကျွန်တော်ငယ်စဉ်က အတန်းထဲတွင် သူငယ်ချင်းနှင့် အငြင်းပွါးမှုတစ်ခု ဖြစ်ခဲ့ပါသည်။ ကျွန်တော်က လူသည် ဘုရားထံက ဆင်းသက်လာသော ဘုရားမျိုးဖြစ်သည်ဟုဆိုပြီး သူငယ်ချင်းက လူသည်မျောက်က ဆင်းသက်လာသည့် မျောက်မျိုး ဖြစ်သည်ဟု ဆိုပါသည်။ ကျွန်တော်ကသူ့ကို လူသည် ဘုရားမျိုး ဖြစ်ကြောင်းရှင်းပြ၍ မရသည့်အဆုံး သူ့ကို ကျွန်တော်က ]လူဟာမျောက်က ဆင်းသက် လာတယ်ဆိုတာကို မင်းကယုံလို့ အခုမင်းက မျောက်ရုပ်ပေါက်နေပြီး တိရိစ္ဆာန်စိတ်ပါ ဝင်နေတာ} ဟုလည်းဆိုရော သူကမခံဘူး ကျွန်တော့ကိုပြန် ရန်တွေ့ပါသည်။ သူကအဲဒီလိုယုံကြည်လို့ အဲဒီလိုလိုက်ပြော ပြန်တော့လည်း စိတ်ဆိုးပြန်ဆိုတော့ ကြောင်းကျိုးမညီတဲ့ ယုံကြည်မှုလေးဖြစ်ကြောင်းကို ပြောပြရခြင်းပါ။ မျောက်ကမျောက်၊ လူကလူသာဖြစ်ပြီး မျောက်မှလူဖြစ်ရိုးမှန်က တိရိစ္ဆာန်ရုံမှမျောက်များ လှောင်အိမ်တွင်း ကြာရှည်စွာနေထိုင်ကာ သေသာသေသွားကြသည်၊ လူအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသောသမိုင်း လုံးဝမရှိပါ။
 

ဖန်ဆင်းရှင်ကိုသိနိုင်သည်


ဖန်ဆင်းရှင်ဘုရား ရှိကြောင်းကို သင်မည်ကဲ့သို့သက်သေပြမည်နည်း? ဤစကြာဝဠာကြီးသည်ပင် ဖန်ဆင်းရှင်ဘုရားရှိကြောင်း သက်သေဖြစ် ပါသည်။ ပန်ချီကားတစ်ချပ်ကိုကြည့်ပြီး ရေးဆွဲသူ ကိုမြင်မှယုံမည်ဆိုခြင်းထက် ထိုပန်းချီကားသည်ပင် ရေးဆွဲသူရှိကြောင်း ထို့ထက်ခိုင်လုံသော သက်သေမရှိပါ။ စကြာဝဠာတည်ရှိ နေရခြင်း၏အကြောင်းနှင့်ပတ်သက်၍ လူတို့ကြားတွင် ဆိုကြသော အချက်သုံးချက်ရှိပါသည်။ ပထမအချက် ဤစကြာဝဠာကြီးသည် ကာလအစဉ်အဆက် တည်ရှိနေသော အရာဟူသောအဆိုကို သိပ္ပံပညာရှင်များ လုံဝ လက်မခံပါ။ ကြယ်စဉ်စုဂလက်စီများ ရွေ့လျားမှု၊ ရောင်ပြန်လှိုင်းထုတ်လွှင့်မှုနှင့် အခြားသက်သေ အထောက်အထားများအရ ဖြစ်တည်ခဲ့သောအချိန်တစ်ချိန်ရှိခဲ့ကြောင်းကို သိပ္ပံပညာရှင်များအားလုံးက ဖေါ်ပြထားပြီး ဖြစ်ပါသည်။ ကမ္ဘာကြီးသည် သိပ္ပံနည်းကျ ရှင်းပြလို့ရတဲ့အခြေအနေထက် သာလွန် ခက်ခဲနက်နဲကြောင်း သိပ္ပံပညာက နောက်ဆုံး အဖြေထုတ်ပေးခဲ့ပါသည်။ စကြာဝဠာကြီး သည် သဘာဝလွန် ဖြစ်ရပ်များအားဖြင့်သာလျှင် အလွန်အံ့ဩ ဖွယ်ရာ ကောင်းသည့် ဖြစ်တည်နေမှုဟု ဆိုခဲ့ပါသည်။ ဒုတိယအချက်အနေဖြင့် ဤစကြာဝဠာကြီးသည် မိမိဘာသာ အလိုအလျှောက် ဖြစ်တည်လာသည် ဟူသောအဆိုကို ဒဿနိကဗေဒ ရှုထောင့်အရ လက်ခံနိုင်ဖွယ်ရာ မရှိပါ။ ဗလာနတ္တိသည် ဗလာနတ္တိသာလျှင်ဖြစ်ပြီး မည်သည့်အရာကို ဖြစ်ပေါ်စေမည် မဟုတ်ပါ။ ၄င်းတွင် မြင်နိုင်ခြင်း၊ အနံ့ခံနိုင်ခြင်း၊ လှုပ်ရှားနိုင်ခြင်း၊ တွေးခေါ်နိုင်ခြင်းလည်း မရှိလို့ ၄င်းတွင် ဖန်တီးနိုင်ခြင်းလည်း မရှိပါ။ တတိယအချက်အနေဖြင့် စကြာဝဠာကြီး၏ အပြင်ဖက်မှ တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ဦးက ဖန်ဆင်းထားပါသည် ဟူသောအဆိုတို့ဖြစ်ပါသည်။ ဤစနစ်တကျလည်ပတ်နေသော စကြာဝဠာကြီး၏ အပြင်ဖက်တွင် စကြာဝဠာ ထက်ကြီးမြတ်သော မဟာ တန်းခိုးကြီးပုဂ္ဂိုလ်တစ်ပါးက အရာအားလုံးကို ထိန်းချုပ်ထား ပါသည်။ ဖန်ဆင်းခြင်းလက်ရာတော်တွေကို တွေ့မြင်နေရပြီး ဖန်ဆင်းရှင်ဘုရားသခင်ကို မယုံကြည်နိုင်ဘူးဆိုတာကတော့ ကျွန်တော့အတွက်ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဟု နက္ခတ္တပညာရှင်ဲသ့ညွူနညည ၁၉၂၁ က ဆိုခဲ့ပါသည်။ ဖန်ဆင်းရှင်ဘုရားသခင်ကို လူတို့တွေ့ရှိဖို့ ဘုရားက အဘယ်ကဲ့သို့ ပြုပေး ခဲ့ပါသနည်း ? ဘုရားက သူ့ကိုလူတို့တွေ့ရှိရန် သူကိုယ်တိုင်ပဲ လုပ်ဆောင်ပါသည်။ ဥပမာ ယေရှုဆိုသည့် လူ့ခန္ဓာကိုယ် ဖြင့် လောကသို့ ကြွဆင်းလာခြင်းဖြင့်၎င်း၊ သူပြုခဲ့သောအမှု နှင့် အသက်တာအားဖြင့်၎င်း၊ ပြခဲ့ပါသည်။ သူ့ကို လိုအပ်သူတိုင်းအတွက် အမြဲ အဆင်သင့် ရှိနေပါသည်။ ငါ့ကိုရှာလျှင်အတွေ့ခံမည်ဟုလည်း ကတိပေးထားပါသည်။ (ယေရမိ ၂၉း၁၃) သို့သော် သင်၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ကျော်လွန်ပြီး သူ့ကိုလက်ခံဖို့ အတင်းအကြပ် လုပ်လိမ့်မည် မဟုတ်ပါ။ သင်ကိုယ်တိုင်က ဘုရားကိုမရှာဘဲ မိမိကိုယ်တိုင်ကပင် ဘုရားဖြစ်လိုသည်ဆိုလျှင်တော့ ဘုရားကို သင်တွေ့ခွင့်ရလိမ့်မည်မဟုတ်ဘဲ သင့်ကိုယ်သင်သာ တွေ့ရပါလိမ့်မည်။
 

ကာဣန မိန်းမက ဘယ်ကလည်း?။

ဘုရားက လူဘယ်နှစ်ဦး ဖန်ဆင်းခဲ့ပါသလဲ၊ ကာဣိနက ဘယ်နေရာမှ ဘယ်လို မိန်းမရသွားတာပါလဲ?
လူနှစ်ဦးတည်းသာ ဖန်ဆင်းခဲ့ပါသည်။ ယေရှုကိုယ်တိုင်ကလည်း အစအဦး၌ လူနှစ်ဦးတည်းသာ ဖန်ဆင်းခဲ့ကြောင်း ဆိုခဲ့ပါသည်။ (မ ၁၉း၎) ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီးတစ်ကို ဖတ်ကြည့်လျှင် အာဗြဟံမှ ဆင်းသက်လာသော ယေရှု၏ ဆွေတော်စဉ် မျိုးတော်ဆက် စာရင်းဟူမူကား၊ အာဗြဟံသားဣဇက် ၊ ဣဇက်သား ယာကုပ် ဟုအစပြုထားပါသည်။ အမှန်မှာ ဓမ္မဟောင်းကျမ်းကို ပြန်လေ့လာကြည့်ပါက အာဗြဟံသား ဣဇက် တစ်ဦးတည်းမဟုတ်ပါ၊ ဣဇက်သားလည်း ယာကုပ်တစ်ဦးတည်း မဟုတ်ပါ။ (ရှင်ယောဟန်ခရစ်ဝင် ၂၁း၂၅) တွင် ထိုအမှုအရာ ရှိသမျှတို့ကို အသီးအခြားရေးထားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာ များပြားလိမ့်မည် ဟုထင်မှတ်ခြင်းရှိ၏ဟု ဓမ္မသစ်ကျမ်းတွင်ဆိုထားပါသည်။
ထို့နည်း၎င်း အာဒံ၏ သားသုံးဦးသာရှိသည်ဟု ထင်ရသော်လည်း (ကမ္ဘာဦးကျမ်း ၅း၎) တွင် အာဒံသည် အနှစ်ရှစ်ရာ အသက်ရှင်၍ သားသမီးများ ကိုမြင်လေ၏ဟု ဖေါ်ပြထားပါသည်။ ထို့ကြောင့်သားသုံးဦးတည်းမဟုတ်ပါ။ ဘီစီ ၁၅၀ဝ ရောက်သောအခါမှ မောရှေအားဖြင့် ဘုရားက မောင်နှမချင်းမယူဖို့ ပညတ်ခဲ့ပါသည်။ မယူရဟု ပညတ်ခြင်းသည် ယူကြခြင်းကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကာဣိနသည် ၄င်း၏ ညီမတော်သူနှင့် ယူခဲ့ပါသည်။ အချင်းတို့များပြားစွာ မွေးကြလော့ဟု ဘုရားအမိန့်တော်ရှိ သည့်အတွက် လူဦးရေတိုးပွါးဖို့ စုံဖက်ကြခြင်းသာ လျှင်ဖြစ်ပါသည်။
အာဒံနှင့် ဧဝအပြင် အခြားလူများကိုလည်း ဘုရားကဖန်ဆင်းထားသည်ဟု ယူဆပါက အာဒံလုပ်သော အပြစ်ကြောင့် ဘုရား နှင့်အဆက်ပြတ်ခဲ့ပြီး အာဒံမှ ဆင်းသက်လာသောလူသားတိုင်း ဘုရားနှင့်အဆက်ပြတ်ခဲ့ရသည်ကို အဆက်ရဖို့ ယေရှုပြုပေးခဲ့သော ကယ်တင်ခြင်းအမှုသည် ဆက်စပ်မှုမရှိတော့ပါ။ သမ္မာတရားနှင့် လည်း ကိုက်ညီမှု မရှိတော့ပါ။ ထို့ကြောင့် အာဒံနှင့် ဧဝနှစ်ဦးတည်းမှ လူများဆင်း၍ သက်လာခြင်းသာလျှင် ဖြစ်ပါသည်။ (ရော ၅း၁၉)
 

ဖန်ဆင်းရှင်ရှိတော်မူသည်


ဖန်ဆင်းရှင်ဘုရား ဆိုင်ရာမေးခွန်းများ

အရာခပ်သိမ်းသည် ဖန်ဆင်းပြုလုပ်သူ လိုအပ်သည်ဟု ခရစ်ယာန်များ၏ အဆိုအရ ဘုရားကိုမည်သူဖန်ဆင်းပါသနည်း?
လောကကြီးတွင် အဖြူနှင့်အမည်း၊ အကောင်းနှင့်အဆိုး၊ အတုနှင့် အစစ် အစရှိသည့် ဆန့်ကျင်ဖက်တရားများ နှင့် ဖြစ်တည်နေပါသည်။ ထိုတရားသဘောအရ မတည်မြဲသည့် သင်္ခါရဆိုသည့်တရားရှိသလို ထာဝရတည်မြဲသည့် အစဉ်ထာဝရဆိုသည့် တရားကလည်း ရှိရမည်ဖြစ်ပေသည်။ သို့သော် လူအချို့က မတည်မြဲသောတရား၏ ဆန့်ကျင်ဖက်တရားသဘောအရ ထာဝရ တည်မြဲခြင်းဆိုသည့် တရားလာရမည့်အစား ချုပ်ငြိမ်းသွားခြင်းဆိုသည့် ကြောင်းကျိုးမညီသော တရားသဘောအယူရှိကြသည့် အတွက်ကြောင့် ဖန်ဆင်းရှင်နှင့် ထာဝရဘုရားအကြောင်းကို လက်မခံနိုင်ခြင်းနှင့် ဤမေးခွန်းကြီး ထွက်ပေါ်လာရခြင်းအကြောင်း ဖြစ်ပါသည်။
ယနေ့မျက်မြင်ရသောအရာမှန်သမျှသည် သင်္ခါရတရားများ ဖြစ်ပြီး တစ်နေ့ ကွယ်ပျောက် သွားရမည် ဖြစ်သော်လည်း မျက်မြင်မရသော သန့်ရှင်းသည့် ဘုရားသခင်သည် ထာဝရတည်သော နာမ်ဝိညာဉ် (ယော ၄း၂၄) ဖြစ်ပါသည်။ လူအစစ် အမှန်အမှန်မှာလည်း လူ့အတွင်းရှိ ထာဝရအသက်ရှင်နိုင်သော နာမ်ဝိညာဉ်ဖြစ်ပါသည်။ မျက်မြင်ရသော ဖြစ်တည်နေသည့် အရာအားလုံးတို့သည်  ဖြစ်ခဲ့သောအချိန် တစ်ချိန် ရှိခဲ့ကြောင်းနှင့် မျက်မြင်မရသော ထာဝရဘုရားက အရာခပ်သိမ်းတို့ကို ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။
ထာဝရဘုရားသည် အနန္တ အဆုံးအစမရှိသော ကမ္ဘာအဆက်ဆက်၏ ဘုရားဖြစ်သည်ဟု (ဆာ ၉၀း၂) တွင်ကျမ်းစာကဖေါ်ပြ ထားပါသည်။ ထိုဘုရားကို မည်သူမျှ မဖန်ဆင်းပါ။ ဖန်ဆင်းပေးမည့်သူလည်း မလိုအပ်ပါ။ ထိုအရှင်ကသာလျှင် အရာအားလုံးကို ဖန်ဆင်းခဲ့ခြင်းသာလျှင်ဖြစ်ပါသည်။ ထိုကဲ့သို့သောအရှင်ကို ဘုရားအပေါင်း၏ သခင် ဘုရားသခင်ဟုလည်းခေါ်ပါသည်။ (ဟေရှာ ၄၄း၂၄၊ ယော ၁း၃) ။ ထိုကြောင့်ထိုအရှင်က ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပါသည်။ (ရော ၁၁း၃၃-၃၆)