Saturday, December 18, 2010

Enfant joue du drum.mpeg

Canon in D - Sungha Jung

Thursday, December 9, 2010

happy birthday ချစ်သူ

ဇူလိုင်လရဲ့မိုးရေစက်တို့အောက်မှာ..ချစ်သူ့မွေးနေ့ကိုရောက်ခဲ့ပြန်ပါပြီ
“ပျော်ရွှင်စရာမွေးနေ့မင်္ဂလာဖြစ်ပါစေ”
အနားမှာမရှိတော့တဲ့ချစ်သူအတွက်..ကျွန်မဆုတောင်းပေးမြဲဖြစ်ပါသည်။ ဒီလိုနေ့ရက်မျိုးမှာ..ချစ်သူကိုပျော်ရွှင်နေစေချင်ပါသည်။ထားခဲ့ရက်သူကို..တမ်းတစိတ်ကြောင့် သက်ပြင်းတစ်ခါရှိုက်မိတိုင်း..စူနစ်နာကျင်ရပေမယ့်..
ကျွန်မချစ်သူကိုတော့..အမှန်တကယ်ပျော်ရွှင်နေစေချင်ပါသည်။
ကျွန်မကတော့…
ညှို့မှိုင်းအုံ့ဆိုင်းနေသော..မိုးတိမ်သားများကိုကြည့်ပြီး..လွမ်းသည်…
အညှိုးတကြီးရွာနေသော..မိုးရေစက်များကိုကြည့်ပြီး…လွမ်းသည်…
မိုးရေစက်တို့ခိုတွဲနေသာ…သစ်ရွက်စိမ်းစိုစိုတို့ကိုကြည့်ပြီးတော့လည်း..လွမ်းနေမိပါသည်…
“သူများချစ်သူတွေက..သေးသေးကွေးကွေးလေးဆိုတော့..rain coat
ထဲကောက်ထည့်သွားလို့ရတယ်..ကျွန်တော့ချစ်သူကိုတော့..rain coat
ထဲထည့်သွားဖို့မလွယ်ဘူး. ..ထီးကြီးကြီးတော့ဝယ်ထားမှ“
ဟု ရွှတ်နောက်နောက်ပြောခဲ့ဖူးသော..ချစ်သူသည်..ယခုနှစ်မိုးရာသီတွင်..သူဝယ်ထားသောထီးကြီးကြီးနှင့်… ဘယ်သူ့ကိုများဆောင်းပေးနေမှာပါလိမ့်…
ကျွန်မကတော့..လူတစ်ကိုယ်စာလုံလောက်သောခေါက်ထီးကလေးနှင့်..မိုးရေထဲမှာ..တစ်ယောက်တည်းလမ်းလျှောက်ဆဲဖြစ်ပါသည်။

လေပြင်းတို့သည် ရွာမယောင်ပြသော..မိုးတိမ်သားတို့ကိုလွင့်မျောပျောက်ကွယ်သွားစေနိုင်သော်လည်း.. အတိတ်ကိုတော့မပျောက်ကွယ်စေနိုင်ပါ။

“အိပ်မက်မှမဟုတ်ခဲ့ဘဲကွယ်”

ကျွန်မရဲ့လုပ်ငန်းခွင်ထဲကစိတ်ဖိစီးမှုတွေကို..သူကနှစ်သိမ့်ပေးခဲ့သလို သူရဲ့သင်ခန်းစာတွေနဲ့မွန်းကျပ်မှုတွေကို..ကျွန်မကဖေးမကူညီခဲ့ဖူးသည်။

အိမ်ပြန်ချိန်နောက်ကျတတ်တဲ့.ကျွန်မအတွက်.သူကစိတ်မချတတ်ခဲ့သလို ဆိုင်ကယ်မြန်မြန်မောင်းတတ်တဲ့ သူ့အတွက် ကျွန်မက စိုးရိမ်နေခဲ့ဖူးသည်။

လှပခဲ့သောအတိတ်တွင်..အတူသွားခဲ့သောနေရာများ၊ ပျော်ရွှင်ကြည်နူးခဲ့သောညနေခင်းလေးများ…

“ကံတရားကရက်စက်လွန်းလှတယ်ကွယ်”

ချစ်သူကိုအပြင်မတင်ရက်သောအခါ ကံကြမ္မာ ကိုသာအပြစ်တင်မိပါတော့သည်။

ခွဲခွါခြင်းသည် ကျန်ခဲ့သူကိုရော..ချန်ခဲ့သူကိုပါ..နာကျန်စေနိုင်သည်ဟုဆိုသော်လည်း အခြေအနေမတူသူနှစ်ယောက်အဖို့တော့…ခံစားချက်ခြင်းလည်း..ဘယ်လိုနည်းနဲ့မှမတူညီပါ။

စိတ်ကူးထဲမှာမှီနွဲ့ခဲ့ဖူးပေမယ့် အပြင်မှာတစ်ခါမှမမှီနွဲ့ခဲ့ဖူးသော.ချစ်သူပခုံးဘေးမှာ.. ကျွန်မမဟုတ်သော အခြားတစ်ယောက်အစားထိုးရောက်ရှိနေနိုင်ပါသည်။

သူ့အခန်းထဲမှာကပ်ထားသည်ဆိုသော ကျွန်မရဲ့ဓါတ်ပုံများနေရာတွင် အခြားတစ်ယောက်၏ ဓါတ်ပုံများနေရာယူထားနိုင်ပါသည်။

ဟက်ဟက်ပက်ရယ်မောတတ်သော မိန်းကလေးတစ်ယောက်အစား သိမ်မွေ့စွာပြုံးရယ်တတ်သူလေး တစ်ယောက် အစားထိုးရောက်ရှိနိုင်ပါသည်။

တစ်ခါတစ်ရံမှာတော့..ချစ်ခဲ့မိပါသည်ဆိုသော မိန်ကလေးတစ်ယာက်ကိုသတိရကောင်း သတိရမိနိုင်ပါသည်။ စလင်းဒီယွန်ရဲ့ To love you more သီချင်းသံကိုကြားမိတဲ့အခါ၊ စတော်ဘယ်ရီဖျော်ရည်သောက်တဲ့အခါ၊ မိုးရေထဲမှာလမ်းလျှောက်ထွက်တဲ့အခါ…

ဘာပဲဖြစ်ဖြစ်နောက်တစ်ယောက်ရဲ့ရင်ခွင်မှာ ချစ်သူပျော်ရွှင်နေစေချင်ပါသည်။

“ကွန်ဂရက်ကျူလေးရှင်း“

တကယ်လို့များ …မိတ်ဆက်ပေးလာခဲ့လျှင် ချစ်သူ့ဘေးနားက မိန်းကလေးကို အကြည်လင်ဆုံးပြုံးပြနှုတ်ဆက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရပါအုံးမည်။အချိန်နဲနဲတော့ရသေးတယ် မဟုတ်လားကွယ်။

ဟိုနေ့က ရန်ကုန်မှာနေတဲ့ မမ၀ါ ဆီကဖုန်းလာတော့ မာကြောင်းသာကြောင်းတွေပြောကြပါတယ်။ ဟိုလူနေကောင်းလား ဘယ်သူဘယ်ဝါနဲ့ရောတွေ့သေးလား အဆင်ပြေလားဘာလားအရေးမပါဘူးဆို

ဟိုနေ့က ရန်ကုန်မှာနေတဲ့ မမ၀ါ ဆီကဖုန်းလာတော့ မာကြောင်းသာကြောင်းတွေပြောကြပါတယ်။
ဟိုလူနေကောင်းလား ဘယ်သူဘယ်ဝါနဲ့ရောတွေ့သေးလား အဆင်ပြေလားဘာလားအရေးမပါဘူးဆိုပေမယ့် ဝေးနေသူတွေအကြောင်းလှမ်းမေးပါတယ်။
ဒါနဲ့ အမကမွေးထားတဲ့ တူ တစ်ယောက်နဲ့ တူမနှစ်ယောက် ခုဘာလုပ်နေလဲ ကျောင်းပြီးပြီလား ဘာလားနဲ့မေးလဲမေးလိုက်ရော အမတော်ရဲ့ညည်းချင်းရှည်ကြီးကို နားဆင်ရပါတော့တယ်။
” ငပေါက်ရေ မင်းတူ တူမတွေအကြောင်းတော့ မမေးနဲ့တော့ အခုသူတို့ညီမနှစ်ယောက်က မငယ် သမီးနှစ်ယောက်နဲ့ပေါင်းပြီး ရှိသမျှသင်တန်းလိုက်တက်နေကြတယ် ဟိုကောင်မောင်တိုးကတော့ သီချင်းအဆိုသင်တန်းတက်လိုက် အကသင်တန်းတက်လိုက် သင်္ဘောသားသင်တန်းတက်လိုက် ဟော်တယ်သင်တန်းတက်လိုက် နဲ့ကျောင်းပြီးတာတောင် သင်တန်းတွေက တက်လို့မပြီးသေးဘူး။
ဟိုညီအမ နှစ်စုံတွဲကလဲ ကျောင်းပြီးတာနဲ့ခြေငြိမ်ပြီမှတ်တယ် တက်လိုက်ရတဲ့စကားပြောနည်းသင်တန်း အင်္ဂလိပ် တရုတ် ဂျပန် ကိုရီးယား ရှိသမျှဘာသာစကား ကုန်ပြီထင်တာဘဲ။ ဒါနဲ့ပြီးမလားမှတ်တယ်ကွန်ပြူတာတဲ့ ပြီးပြန်တော့ အင်တာနက်တဲ့ ဟော သင်တန်းတစ်ခုတက်လို့ မပြီးသေးဘူး နောက်တစ်ခု ခြေလှမ်း လှမ်းနေပြန်ရော တစ်ခါတစ်လေများ မနက်သင်တန်းတစ်ခု ညနေသင်တန်းတစ်ခု ဟုတ်နေတာဘဲ။ တစ်ခါတော့ ကြီးမေ က ညည်းတို့လင်ယူနည်းသင်တန်းရော မတက်ဘူးလားမေးတော့ အကြီးမကတော့ စူပုတ်နေပြီး ဘာမှပြန်မပြောဘူး အငယ်မ က တက်စရာမလိုဘူး တဲ့ အလိုလိုတတ်တာလို့ ပြန်ပြောတော့ မြေးအဖွား တွေ စကားနပန်းချ ကြပြန်ရော။
ငါတော့ သူတို့ကို ကြည့်ရတာနဲ့တင်မောလွန်းလို့ လုပ်ချင်တာလုပ် ပြဿနာမရှုပ်ရင်ပြီးရောဆို ကြည့်နေလိုက်တော့တယ်”
လို့ အရှည်ကြီးပြောပါတော့တယ်။
“မမ၀ါ “ရယ် “မမငယ်”ရယ်က ကျနော့်အမ၀မ်းကွဲတွေပါ။
သူတို့နှစ်ယောက်ကလဲ အရွယ်မကွာတဲ့ ညီအမ၀မ်းကွဲတွေဖြစ်နေတော့ သားသမီးတွေကလဲ ရွယ်တူတွေဖြစ်နေပါတယ်။
ကျနော်တို့ ရဲ့အဒေါ်တော်တဲ့ အပျိုကြီး ကြီးမေကတော့ မမ၀ါ တို့နဲ့လိုက်နေပါတယ်။
ကြီးမေနဲ့ မမ၀ါသားသမီးတွေက ခေတ်ချင်းကလဲကွာတော့ အတွေးကလဲကွာဆိုတော့ တကျက်ကျက်ပါဘဲ။
သူတို့မြေးအဖွားတွေကြည့်ရတာ စိတ်ကြည်နေတဲ့အခါတော့ ရီစရာ စိတ်မကြည်တဲ့အခါများဆိုရင်တော့ စိတ်ညစ်စရာပါဘဲ။
မမ၀ါ ကသူကလေးတွေ ဘွဲ့ရတဲ့အရွယ်တောင် အလုပ်မလုပ်သေးဘဲ သင်တန်းတွေလှည့်တက်နေတာမြင်တော့
ကျနော် နဲ့ ဆုံခဲ့ဘူးတဲ့ “ကိုဘီစိုး”လို့ ခေါ်တဲ့ အကိုကြီးတစ်ယောက်ကို သွားသတိရမိပါတယ်။
ဒီနာမယ်က သူ့နာမယ်အရင်းတော့ မဟုတ်ပါဘူး။
သင်တန်းတက်ဘို့ဖောင်တွေဖြည့်တုန်းက သူ့အဖေနာမယ် ကို” ဦးဘိုးစီ” ဆိုတာကိုသိတဲ့လူကနောက်ပြီး ခပ်တည်တည်နဲ့ “ကိုဘီစိုး”လို့ခေါ်ရင်းတွင်သွားတဲ့နာမယ်လေးပါ။
ကျနော်နဲ့သူတွေ့တဲ့အချိန်မှာ ကျနော်က လုပ်ငန်းခွင်ထဲကိုရောက်နေပါပြီ။
လုပ်ငန်းကနေ မဖြစ်မနေတက်ရမယ်ဆိုလို့ “စီမံခန့်ခွဲမူ့သင်တန်း”တစ်ခုကို သွားတက်တုန်းကဖြစ်ပါတယ်။
ကျနော်တို့လို လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ အတွက် သီးသန့်ဖွင့်တဲ့ ညနေခင်းသင်တန်းလေးမှာတွေ့ခဲ့တာပါ။
သင်တန်းမစသေးတဲ့အချိန်လေးတွေ သင်တန်းပြီးတဲ့အခါ မပြန်ချင်သေးလို့ အညည်းပြေ လက်ဖက်ရည်ဆိုင် စုထိုင်မိကြတဲ့အခါ သူ့အကြောင်း ကိုယ့်အကြောင်းရောက်တတ်ရာရာ ပြောဖြစ်ကြပါတယ်။
ကျနော်တို့ သင်တန်းလာတက်ကြတဲ့သူတွေထဲမှာ အားလုံးလောက်နီးပါးက လုပ်ငန်းခွင်ထဲကနေလာတက်ကြတာပါ။
ကိုဘီစိုး က သင်တန်းမှာ အသက်အကြီးဆုံးဆိုရင်လဲမမှားပါဘူး။
စကားပြောကြရင် ဘယ်အကြောင်းမဆို သူက ဦးဆောင်လို့ ပြောနိုင်ပါတယ်။
သူသိတဲ့ အကြောင်းအရာကလဲ အတော်လေးကိုများသလို တက်ဘူးသင်ဘူးတဲ့ ပညာရပ်တွေကလဲ မနည်းပါဘူး။
ဖြစ်ချင်တော့ “ကိုဘီစိုး” နဲ့ အိမ်နီးနားချင်း လဲဖြစ်သူငယ်ချင်းလဲ ဖြစ်တဲ့ “ကိုဝေ ” ကကျနော်နဲ့ တရုံးထဲလုပ်တဲ့လူဖြစ်နေပါတယ်။
ကိုဝေ ပြောပြတာတော့ “ကိုဘီစိုး” သင်္ချာနဲ့ကျောင်းပြီးတဲ့အချိန်မှာ မန်းလေးမှာ ကွန်ပြူတာသင်တန်းတွေစ ခေတ်စားလာပါသတဲ့။
အဲဒါနဲ့ကွန်ပြူတာသင်တန်း အခြေခံကို တက်ဖြစ်ပါသတဲ့။ နောက် ဆက်ပြီး ကွန်ပြူတာ “ပရိုဂရမ်”သင်တန်းကိုဆက်တက်ပါသတဲ့။
ဒါပေမယ့်လဲ ဒီအလုပ်က အညောင်းထိုင်ရတဲ့အလုပ်ဆိုပြီး ဆက်မလုပ်ဖြစ်ပါဘူးတဲ့။
ဒါတောင် ဖိုတိုရှော့ လို ဓါတ်ပုံပညာ ဒီဇိုင်းဆွဲရတဲ့ ကိုရယ်ဒြော လို ဆော့ ဖ်ဝဲတွေ ပေါ်လာတော့လဲ ခေတ်မှီအောင်သွားတက်လိုက်ပါသေးတယ်။
အတတ်ပညာဆိုတာရတုန်းလေးသင်ထားသင့်တယ် ဆိုပြီးတော့ပေါ့။
နောက်အဲဒီသင်တန်းပြီးတော့ မန်းလေး မှာ အသစ်ဖွင့်မယ့် ဟိုတယ်ကြီးတစ်ခုကနေ ၀န်ထမ်းတွေခေါ်ပြီး ဟိုတယ်လုပ်ငန်းတွေသင်ပေးမယ်ဆိုလို့
အလုပ်ဝင်လျှောက်တာ သူဥပဓိရုပ်နဲ့ ပြောပုံဆိုပုံကိုကြည့်ပြီး သူ့ကိုရွေးလိုက်ပါသတဲ့။
သင်တန်း နှစ်လလဲ တက်ပြီးလို့ တကယ်လုပ်ငန်းခွင်ထဲဝင်ရမယ့် အချိန်လဲရောက်ရော “ကိုဘီစိုး”ကအလုပ်ကထွက်လိုက်ပါသတဲ့။
အကြောင်းပြချက်ကတော့ အဲဒီအလုပ်က ပညာသိပ်မပါဘူး။
သူများကိုဘဲဝန်ဆောင်ပေးနေရမှာ ကိုယ့်ဖန်တီးမူ့ မပါဘူး ကိုယ်တိုင်ဖန်တီးတဲ့အလုပ်မှ ကောင်းတာဆိုပြီး မုန့်လုပ်နည်းသင်တန်းကို ထပ်တက်ပါတယ်။
မုန့်လုပ်နည်းသင်တန်းလဲပြီးရော အစက မုန့်ဖိုဘဲထောင်မှာလိုလို သူများ မုန့်ဖိုမှာဘဲ မုန့်ဆရာလုပ်မှာလိုလိုနဲ့ မလုပ်ဖြစ်ပါဘူးတဲ့။
အကြောင်းပြချက်ကတော့ တရုပ်ကလာတဲ့ မုန့်တွေက မုန့်ကလဲကောင်း ပက်ကင်ကလဲလှ မြန်မာပြည်မှာက မုန့်လုပ်တဲ့ ထဲမှာပါတဲ့ ပစ္စည်းက ဟိုဟာမရှိဒီဟာမရှိနဲ့ဆိုတော့
မုန့်ကောင်းကောင်းလုပ်ဘို့ အဆင်မပြေဘူးဆိုတဲ့ အကြောင်းပြချက်ပါဘဲတဲ့။
အဲဒီအချိန်မှာ တိုင်းရင်းဆေးပညာသင်တန်းက လုပ်ငန်းရှင်တွေရယ် စိတ်ဝင်စားသူတွေကို သင်တန်းဖွင့်တော့ “ကိုဘီစိုး” ကသင်တန်းတက်ပါသတဲ့။
တိုင်းရင်းဆေးပညာ ဆိုတာ မတိမ်ကောအောင်လက်ဆင့်ကမ်းပေးနေတာကို ယူသင့် သူများအသက်ကို ကယ်တယ်ဆိုတာ မွန်မြတ်တဲ့အလုပ် သင်သင့်တယ်ဆိုပြီး သင်တန်းတက်ပါသတဲ့။
သင်တန်းတက်နေတုန်းကတော့ ပြောတာပေါ့ သင်တန်းဆင်းအောင်လက်မှတ်ရရင် မြန်မာဆေးတစ်မျိုးမျိုးလောက်ကို သေချာထုတ်ပြီးရောင်း ပေါက်သွားလို့ကတော့ ထောပြီပေါ့။
တိုင်းရင်းဆေးသင်တန်းလဲပြီးရော ဒီသင်တန်းက သင်တာတွေက ကောင်းတော့ ကောင်းပါတယ်။
ဒါပေမယ့် အရင်းအနှီးမရှိတဲ့လူအဘို့ မြန်မာဆေးအသစ်ထုတ်လုပ် ဘို့ဆိုတာက ခက်တယ် အရင်းအနှီးနည်းနည်းလေးနဲ့မဖြစ်ဘူး လုပ်လဲ အလကားဘဲ ဆိုပြီး အသံတွေထွက်လာပါသတဲ့။
အဲဒီအချိန်မှာ အသက်ကလဲ 30ကျော်နေပါပြီ။
အိမ်ထောင်မရှိလူပျိုကြီး အပူအပင်မရှိနေထိုင်နိုင်တဲ့လူဖြစ်ပေမယ့် အရမ်းချမ်းသာတဲ့ အသိုင်းအ၀ိုင်းကတော့ မဟုတ်ပါဘူးတဲ့။
ဒါပေမယ့်လဲ သူကတော့ အေးဆေးပါဘဲ။
နောက်ထပ်တစ်မျိုးစိတ်ဝင်စားပြန်တာကတော့ ကျောက်မျက်ရတနာ သင်တန်းကိုပါ။
ဒီသင်တန်းတက်စကတော့ ကျောက်မျက် ရတနာဆိုတာ ကြည့်တတ်တယ်ဆိုရင် အရင်းအနှီးမလိုဘူး။
တတ်သွားရင် ပညာရှင်အဆင့်ရောက်ရင် သူများလာပြပေးတာကို ဈေးဖြတ်ပေးနေတာနဲ့တင်အိုးမကွအိမ်မကွာလုပ်လို့ရပြီဆို ပြီး ကျောက်နောက်လိုက်ပြန်ပါသတဲ့။
သင်တန်းပြီးတော့ ကျောက်ဝိုင်းတွေဘာတွေကို ဟန်ကျ ပန်ကျ လိုက်လိုက်ပါသေးသတဲ့။
နောက်တစ်လလောက်နေတော့ ကျောက်ဝိုင်းဆင်းတာမတွေလို့ မေးတော့ အလကားအလုပ် ဟိုနားစုစု ဒီနားစုစုနဲ့ အလုပ်ကသာ ပညာပါတာ လုပ်နေတဲ့ သူတွေကြည့်လိုက်ရင် လပ်ယားလပ်ယား နဲ့ အားနေတာ ဒီအလုပ်မျိုးမလုပ်ချင်ဘူး တည်တည်ငြိမ်ငြိမ်နဲ့အလုပ်ကို ဘဲလုပ်ချင်တယ်ဆိုဖြစ်လာတဲ့အချိန်မှာ သူကလည်း ကျနော်တက်နေတဲ့ သင်တန်းကိုလာတက်တော့ ကျနော်တို့ နဲ့လာဆုံတာပါ။
ဒီလိုနဲ့သင်တန်းတွေပြီးတဲ့အခါ ကိုယ်အလုပ်နဲ့ကိုယ်ဆိုတော့ ကိုဘီစိုနဲ့ မတွေ့ဖြစ်ပါဘူး။
ဒါပေမယ် ကိုဝေ ဆီက ကြားနေရတာကတော့ အခုထိ ဘာအလုပ်မှ မလုပ်သေးပါဘူးတဲ့။
ကျနော်တို့နဲ့သင်တန်းပြီးစမှာ နာမယ်ကြီး ကုမ္ပဏီတစ်ခုကို အလုပ်ဝင်လျှောက်ပါသတဲ့။
သူ့ပညာအရည်အချင်းအောင်လက်မှတ် ထုံးစံအတိုင်းဥပဓိရုပ်ရယ်ကို ကြည့်ပြီးတော့ အလုပ်ခန့်လိုက်ပါသတဲ့။
အလုပ်လုပ်ပြီး အစမ်းခန့် ကာလလဲပြီးရော ပိုင်ရှင်ဘက်က သူ့ကိုသဘောကျပေမယ့် သူကဆက်မလုပ်ပါဘူးတဲ့။
သူများဝန်ထမ်းလုပ်ရတာ ကိုယ့်ဦးနှောက်ကို ဖောက်ရောင်းနေတယ်လို့ခံစားရပါသတဲ့။
သူများအလုပ်အကြွေးတော့ မလုပ်ချင်ဘူး ကိုယ်ပိုင်လုပ်ငန်းဘဲလုပ်မယ် ဒါပေမယ့်ကိုယ်ပိုင်လုပ်ငန်းဆိုတာ ခုခေတ်ကြီးက
အရင်းအနှီးပြည့်စုံရုံနဲ့မရဘူးနည်းပညာခေတ်ဖြစ်နေပြီ ။
နိုင်ငံတကာကို ယှဉ်နိုင်ဘို့ နည်းပညာတွေ သင်ကြားဘို့ အတွေးအခေါ်တွေသင်ကြားဘို့ လိုသေးတယ်လို့ ဆိုလာပြန်ပါသတဲ့။
သူအဖေအမေတွေကလဲ ” ငါ့သားရယ် အဖေတို့ အမေတို့လဲ အသက်ကြီးပါပြီ အိမ်ကထောင်ထားတဲ့ ရွှေဆိုင်းအလုပ်ကို ဦးစီးပါတော့ “
ဆိုလဲမရဘူး။
မိဘအရိပ်ကို ခိုပြီး အချောင်မလိုက်ချင်ဘူး ကိုယ်ခြေထောက်ပေါ်ဘဲကိုယ်ရပ်ချင်တယ် ဒီလိုရပ်တည်နိုင်ဘို့ ဆိုတာ ကိုယ်ဝမ်းစာ အတတ်ပညာပြည့်မှဆိုပြီးငြင်းပြန်ပါတယ်။
ကိုဘီစိုး အကြောင်းကိုပြန်တွေးမိ တော့ ကြားဘူးတဲ့ ပုံပြင်လေးကို ပြန်ပြီး သတိရ လို့လာပါတယ်။

တစ်ခါက လူငယ် ကုန်သည်တစ်ယောက်က ဈေးရောင်းရာမှာ ဈေးတက်နေပြီဆိုလဲမရောင်းသေးဘူး။
ထပ်တက်နိုင်သေးတယ်ပေါ့။
တစ်ခါဈေးကျပြန်တော့လဲမရောင်းပြန်ဘူး။
ပြန်တက်တဲ့အခါမှ ရောင်းမယ်ပေါ့။
အဲတော့ဘေးနားက ဆိုင်က အဖိုးကြီးက “မောင်ရင် တက်လဲမရောင်း ကျလဲမရောင်းနဲ့ မင်းပစ္စည်းတွေ ဘယ်အချိန်ကျမှထုတ်ရောင်းမှာလဲ”
လို့ အမြင်ကတ်ကတ်နဲ့မေးပါသတဲ့။

လောကကြီးမှာ အတတ်ပညာရှာတယ်ဆိုတာ ကောင်းမွန်မှန်ကန်တဲ့အလုပ်ဖြစ်ပါတယ်။
ဒါပေမယ့်လဲ ကိုဘီစိုးလို သင်တော့လဲ သင်ပါတယ် ဒါပေမယ့် အသုံးမချ ။
အတတ်ပညာတစ်ခုကို အဆုံးထိရောက်အောင်မသင် အခြေခံလောက်နဲ့ပဲ ပြီးသွားပြန်တော့ သိဘူးတယ် ဆိုတာနဲ့ဘဲရပ်သွားပြန်ပါတယ်။
အတတ်ပညာတစ်ခုကို အခြေခံလောက်ဘဲသင်နေမယ် ဒီထက်ပိုတိုးအောင် အဆင်မြင့်လာအောင်မလုပ်ဘူးဆိုလဲ သင်အလကားပါဘဲ။
ဒါမှမဟုတ်သင်တော့လဲသင်တယ် အသုံးမချဘူး အသုံးဝင်အောင် မလုပ် ဘူး ဒီသင်ထားတဲ့ အတတ်ပညာနဲ့ လုပ်ကိုင်မစားဘူးဆိုလဲ သင်အလကားပါဘဲ။
ဒါတွေတွေးမိတော့ မိုးမိုး ရဲ့ သီချင်းလေး တစ်ပိုင်းတစ်စကို နားထဲကြားလာပါတယ်။

“အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ “တဲ့။
ကဲ ကျနော်တို့ ပါတ်ဝန်းကျင်မှာ ပညာတွေသာ တစ်ခုပြီးတစ်ခုဆက်တက် တစ်ခုပြီးတစ်ခုဆက်သင်နေပြီးလက်တွေ့ချပြီးအလုပ်မလုပ်တဲ့ကလေးတွေလူလတ်ပိုင်းတွေ လူမကြီးတကြီးတွေ ကိုဘီစိုးလို လူတွေ ဘယ်လောက်များ များနေပြီလဲလို့ တွက်ကြည့် ဘို့တော့လိုပြီထင်ပါတယ်။
ရှိနေခဲ့ရင်လဲ မေးလိုက်ချင်ပါတယ် ။
” ဟိုနေ့က ရန်ကုန်မှာနေတဲ့ မမ၀ါ ဆီကဖုန်းလာတော့ မာကြောင်းသာကြောင်းတွေပြောကြပါတယ်။

” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”
” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”
” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”
” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”……………………………
ကိုပေါက်လက်ဆောင်, အတွေးပါးပါးလေး

ကိုပေါက်လက်ဆောင်, အတွေးပါးပါးလေး

Friend

there is the only thing for me to get joy whenever i imagine is about my friends.all i have attachment is concerned with friends.loving friends is much more than loving family.spending my time with my friends is much more than everything since i know who i am.they sacrifice much things for me.it deserves to do anything for them even my life.as long as i am alive ,i have to fulfill their wishes as far as i can.i have idea to fulfill their hope as one wants to be a vocalist,one wants to be an author.i trust them that they are qualify enough to get goals,although the problem is that they never step one even they have dream.at least they’d better step one ,i suppose.i believe that they will be successful exactly.one day i m gonna force them to do,i swear.coz friend is the only one who give you strength totally however you have many companion.tears drop as i miss friends and think about them but i never cry,coz i know that is whether far or near we are in love.in the other hand,we are close in our mind.they may see my thoughts and so do I.it seems we are twin.ah so much for now.have a great day. this essay is special for my friends who are away from here where i am.

Our Love

I blush of your well forged smile

Veins and nerves go lose of your thought

I love the way you touch me,

Always sending chills down my spine.

God is so fair towards our love

Creating a special world for you and me

Our love is of great importance

It important like a bullet in a Somali `s gun

I dream of feeling your lips lock on my lips

I believe the locking is an inward foundation created

A foundation of love, care and smooth life

I know now why Shakespeare could not compare his love to a summer’s life

Love, love ,love love is all I can sing

Love our love.

ရည်းစားစာ

ကျွန်တော် ဒီစာလေးရေးတာက ကျွန်တော့်ချစ်သူအတွက်ပါ။
ကျွန်တော့်ရဲ့ ချစ်သူက ကျွန်တော့်ကို ခဏခဏမေးတယ် တကယ်ချစ်တာမှ ဟုတ်ရဲ့လား?
ချစ်လား ချစ်လား ဆိုပြီး ကျွန်တော့်ကို တနေ့မှာ အခါ ၂၀ထက် မနည်းမေးတယ် ခင်ဗျ။

ကျွန်တော်က ချစ်ပါတယ် ပြောတော့လည်း ကျွန်တော်ပြောတဲ့ စကားတွေ မယုံဘူးတဲ့ ခင်ဗျ။
ကဗျာတွေ စာတွေ ရေးတတ်တဲ့သူဆိုတော့ လျှာရိုးမရှိတိုင်း လျှောက်ပြောနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့တဲ့။
ကဲ. . ခု ကျွန်တော့် စာဖတ်သူ သူငယ်ချင်းတွေကို သက်သေထားပြီး ရည်းစားစာလေးတစ်ပုဒ်လောက် ရေးမယ်နော်။
နားနဲ့မနာ မျက်စိနဲ့ နာကြပါ။

ဖြူ
မင်း ကိုယ့်အပေါ်မှာ သိပ်ချစ်တာကိုလည်း ကို သိပါတယ်။ အဲဒီ့အတွက်လည်း ကို မင်းကို သိပ်ကျေးဇူးတင်ပါတယ်။ မင်းရဲ့ နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးအတွက် ကိုယ်ကလည်း မင်းကို ပြန်ပြီးလက်ဆောင်တစ်ခုပေးပါ့မယ် အဲဒါကတော့ သစ္စာပါ မင်းအပေါ်မှာ ကိုယ်အမြဲတမ်း သစ္စာရှိပါ့မယ်၊ မင်းကို ကို သိပ်ချစ်ပါတယ်။ မင်းက ကိုယ့်ရဲ့ အချစ်ဦးမဟုတ်ရင်တောင်မှ တစ်သက်စာအချစ်ပါဘဲ။ ကိုယ့်လို လိုအပ်ချက်တွေ များလွန်းတဲ့သူအတွက် နားအလည်ဆုံးနဲ့ လက်ခံနိုင်ဆုံးသူဟာ မင်းတစ်ယောက်တည်းပဲ ရှိမှာပါ။ ကို လိုအပ်နေတဲ့ အချိန်တွေမှာ မင်းက အားဖြည့်ပေးနေသလို မင်းလိုအပ်နေတဲ့ အချိန်တွေမှာလည်း မင်းရဲ့ နားမှာ အမြဲတမ်းရှိနေမှာပါ။ အရမ်းချစ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကြည့်ပြီး ချစ်ခြင်းရဲ့ အနက်အရှိုင်းကို တိုင်းတာလို့မရပါဘူး။ အချစ်နဲ့ အချိန်က တစ်သားတည်း ကျနေတဲ့အတွက် မင်း ကိုယ့်ရဲ့ နှလုံးသား အမှန်ကို တစ်ချိန်ချိန်မှာ မြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ တကယ့်အစစ်အမှန်ကို ရှာတွေ့ပြီးတဲ့ လူတစ်ယောက်အတွက် အတုအယောင်တွေနဲ့ ဘာလို့ ရောနှောနေတော့မှာလဲ၊ ကို့မှာ မင်းနဲ့အတူ လုပ်ဆောင်ရမယ့် ကိစ္စတွေ တော်တော်များများ ရှိသေးတယ်။ အာရုံ သိပ်များနေတဲ့ လူအတွက် တစ်ခါတစ်လေမှာ လစ်ဟင်းမှုလေးတွေ တော်တော်များများ ရှိခဲ့မယ်ဆိုရင်လည်း ဖြူ့ကို ကို တောင်းပန်ပါတယ်။ အေးဆေးလွန်းတာ မချစ်လို့ မဟုတ်ပါဘူး။ မင်း ရွေးချယ်ခွင့်ရအောင် လမ်းဖွင့်ပေးထားတာပါ။ ခပ်မာမာပြောတာလဲ မချစ်လို့ မဟုတ်ပါဘူး မင်း စဉ်းစားချင့်ချိန်နိုင်အောင်လို့ပါ။ ကို ၀န်ခံပါတယ် ကိုယ်က လျှို့ဝှက်သူတစ်ယောက် တချို့ကိစ္စတွေကို ဖွင့်ချမပြတတ်တဲ့သူတစ်ယောက်ဆိုတာကို။ ကိုက ကိုယ့်ကိုယ်ကိုယ် အမြဲ သတိနဲ့ ထိန်းချုပ်နေတတ်တဲ့ လူတစ်ယောက်ဖြစ်လို့ အတ္တကြီးတယ် ထင်ရင်လည်း မမှားပါဘူး။ ကိုယ် မင်းကို အရမ်းချစ်သွားမှာ ကြောက်တယ်။ ခံစားရမှာကိုလည်း ကြောက်တယ်။ ဒါကြောင့် အမြဲ ထိန်းချုပ်နေတာပါ။ သတိရတဲ့ စိတ်လေးဝင်လာတာနဲ့ နှိမ်နှင်းလိုက်တာက များခဲ့တယ်။ ခုတော့ ကိုယ် မထိန်းချုပ်တော့တာ ကြာပါပြီ။ မင်းကို သိပ်ချစ်ပါတယ်ဆိုတာကိုတော့ ယုံပေးပါ။ ကိုယ့်ရဲ့ နောက်ဆုံး အချိန်အထိ ကို မင်းနားမှာပဲ နေတော့မယ်။ တို့နှစ်ယောက် လက်တွဲပြီး လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ့်ဘေးနားမှာ အမြဲတမ်း နားလည်ပေးနိုင်မယ့် မင်းမရှိတော့ရင် ကိုယ်တစ်ယောက်တည်း ဆက်လျှောက်ဖို့ အင်အားမရှိတော့ပါဘူး။ မင်းကို ကို လိုအပ်တယ်။ တစ်သက်စာပေါ့။